Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မီးရှို့ခံရသည့် တောင်မြို့ရွာကို မီးငြှိမ်းသတ်ပေးပြီးနောက် ဒေသခံများကို အားပေးခဲ့ဟု ZEROပြောက်ကျားတပ်ဖွဲ့ အသိပေး

စစ်ကောင်စီတပ်က တောင်မြို့ကျေးရွာသို့ ဝင်ရောက်စီးနင်းရာတွင် အချိန်မီရှောင်တိမ်းနိုင်ခြင်းမပြုနိုင်ခဲ့သော အသက် (၁၇)နှစ်ခန့်ရှိသည့် ရွာသားတစ်ဦး ပစ်သတ်ခံရကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဓာတ်ပုံ - Zero ပြောက်ကျားတပ်မဟာတပ်ရင်း တပ်ရင်း - ၇ - မြင်းခြံခရိုင်
ဓာတ်ပုံ - Zero ပြောက်ကျားတပ်မဟာတပ်ရင်း တပ်ရင်း - ၇ - မြင်းခြံခရိုင်

စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့် စစ်ကိုင်းမြို့နယ်၊ တောင်မြို့ကျေးရွာကို မီးငြှိမ်းသတ်ပြီး ဒေသခံများကို အားပေးခဲ့ကြောင်း ZEROပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ထုတ်ပြန်သည်။

ယနေ့(ဩဂုတ် ၂၉ ရက်) နံနက် ၆နာရီခန့်က ကြွယ်ပုံကျေးရွာ၌ အခြေစိုက်ထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ တောင်မြို့ကျေးရွာကို လက်နက်ကြီး​​ဖြင့်ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နောက်မီးရှို့ခဲ့ခြင်းဟု ဆိုသည်။

ဓာတ်ပုံ - Zero ပြောက်ကျားတပ်မဟာတပ်ရင်း တပ်ရင်း - ၇ - မြင်းခြံခရိုင်
ဓာတ်ပုံ – Zero ပြောက်ကျားတပ်မဟာတပ်ရင်း တပ်ရင်း – ၇ – မြင်းခြံခရိုင်

“စခ နဲ့ ပျူ​စောထီး ၄၀ ကျော်လောက်ပါတယ်။ ကျွန်တော်တို့ သတင်းကြားလို့သွားထောက်တဲ့အချိန်မှာ နေအိမ် ၅၀ လောက်ပါသွားတယ်။နောက်ပြီး စခ တပ်စစ်ကြောင်းက ဆုတ်သွား တယ်။ အဲဒါနဲ့ မီးငြိမ်းရင်းနဲ့ ဒေသခံတွေ အားတင်းထားဖို့၊စည်းလုံးဖို့နဲ့ အချင်းချင်းဝိုင်းဝန်း ကူညီဖို့ တိုက်တွန်းခဲ့တယ်”ဟု ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ ပြန်ကြားရေးတာဝန်ရှိ သူက ရှင်းပြသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တောင်မြို့ကျေးရွာကိုအကြောင်းမဲ့ မီးရှို့ခဲ့ခြင်းဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က တောင်မြို့ကျေးရွာသို့ ဝင်ရောက်စီးနင်းရာတွင် အချိန်မီရှောင်တိမ်းနိုင်ခြင်းမပြုနိုင်ခဲ့သော အသက် (၁၇)နှစ်ခန့်ရှိသည့် ရွာသားတစ်ဦး ပစ်သတ်ခံရကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် ယနေ့ ညနေပိုင်းတွင် စစ်ကိုင်းမြို့နယ် တောင်ကြားကျေးရွာကို ကြွယ်ပုံရွာမှ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့က ထပ်မံမီးရှို့ခဲ့ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီရဲ့ ခလရ(၃၉)တပ်ဟာ ကျေးရွာတွေထဲမှာ ပြည်သူတွေရဲ့ပစ္စည်းတွေကို ခိုးယူတာတွေအပြင် ပြည်သူတွေရဲ့ အိမ်မွေးတိရိစ္ဆာန်စတာတွေကို ဖမ်းယူစားသောက်တာတွေရှိကြောင်း ကေအဲန်ယူက ဆိုထားပါတယ်။

သတင်း

အဆိုပါ ကျေးရွာ (၈)ရွာမှ ပြည်သူလူထု နေအိမ်ပေါင်း ၃၇၂လုံးကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့သည်ဟု စာရင်းနှင့်တကွ ဖော်ပြထားသည်။

သတင်း

ထို့အပြင် နံနက် ၁၀နာရီခန့်တွင် ရေစကြိုနယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းသို့ အနောက်ဘက်ကမ်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ထို့နောက် မီးရှို့ဖျက်ဆီးမှုကြောင့် တောင်မြို့ကျေးရွာရှိ နေအိမ် ၃၇လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။