Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လုံခြုံရေးကင်မရာတပ်ဆင်ထားသော ပြည်သူများ အချက်နှစ်ချက်လုပ်ဆောင်ပေးရန် ရန်ကုန်သပိတ်အဖွဲ့များနှင့် မြေပြင်ကင်းထောက်အဖွဲ့များ မေတ္တာရပ်ခံ

မြေပြင်သပိတ်များနှင့် စစ်ဆင်ရေးများလုပ်ဆောင်ပြီးချိန်တွင် အကြမ်းဖက်စစ်‌ကောင်စီက လုံခြုံရေးကင်မရာမှတ်တမ်းများကို စစ်ဆေး၍အရေးယူဆောင်ရွက်မှုများပြုလုပ်လေ့ရှိသည်။

တော်လှန်ရေးရဲဘော်များ၏ လုံခြုံရေးကို ကာကွယ်ပေးသည့်အ‌နေဖြင့် လုံခြုံရေးကင်မရာတပ်ဆင်ထားသော ပြည်သူများအနေဖြင့် အချက်နှစ်ချက်လုပ်ဆောင်ပေးရန် ရေဘဝဲအပါအဝင်ရန်ကုန်သပိတ်အဖွဲ့အစည်းများနှင့် မြေပြင်ကင်းထောက်အဖွဲ့များက မေတ္တာရပ်ခံလိုက်သည်။

အာဏာသိမ်းမှူ၏ အကျိုးဆက်ကြောင့်ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများကို ကြိုတင်ကာကွယ်ရန်နှင့် ဖော်ထုတ်ရန် ရည်ရွယ်၍ လုံခြုံရေးကင်မရာများ တပ်ဆင်ထားသည်ကိုသိရှိသော်လည်း ပြည်သူများအနေဖြင့် အချက်နှစ်ချက် လုပ်ဆောင်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။၏

လုံခြုံရေးကင်မရာတပ်ဆင်ထားသော ပြည်သူများ အချက်နှစ်ချက်လုပ်ဆောင်ပေးရန် ရန်ကုန်သပိတ်အဖွဲ့များနှင့် မြေပြင်ကင်းထောက်အဖွဲ့များ မေတ္တာရပ်ခံ
လုံခြုံရေးကင်မရာတပ်ဆင်ထားသော ပြည်သူများ အချက်နှစ်ချက်လုပ်ဆောင်ပေးရန် ရန်ကုန်သပိတ်အဖွဲ့များနှင့် မြေပြင်ကင်းထောက်အဖွဲ့များ မေတ္တာရပ်ခံ

“CCTV လုံခြုံရေးကင်မရာများ၏ ရိုက်ကူးမှု ဦးတည်ရာလမ်းကြောင်းကို လမ်းအလယ်၊လမ်းခွဆုံနှင့် ပလက်ဖောင်းထက်သို့ ဦးတည်ထားခြင်းမှ ရှောင်ရှားခြင်း၊ မိမိပတ်ဝန်းကျင်အနီးတဝိုက်အတွင်း လူထုပြောက်ကျားသပိတ်တိုက်ပွဲ (သို့) မြို့ပြပြောက်ကျားတိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သတင်းကြားလျှင်ကြားခြင်း မိမိတို့၏ CCTV လုံခြုံရေးကင်မရာများ၏ ရိုက်ကူးမှုမှတ်တမ်းများကို ကြိုတင်ရှင်းလင်းဖျက်ဆီးထားခြင်းများ “စသည့် အချက်နှစ်ချက်ကို လိုက်နာပေးရန် ဩဂုတ် ၂၉ ရက်၌ အသိပေးစာထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် တော်လှန်ရေးအတွက် တတ်နိုင်သည့်ဘက်မှပါဝင်ခြင်းဖြစ်သလို ပြည်သူလူထု၏အားဖြင့် တော်လှန်ရေးရဲဘော်များ မတရားဖမ်းဆီး၊သတ်ဖြတ်ခံရခြင်းတို့မှကာကွယ်ပြီးသားဖြစ်မည်ဟု အပြည့်အဝယုံကြည်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြေပြင်သပိတ်များနှင့် စစ်ဆင်ရေးများလုပ်ဆောင်ပြီးချိန်တွင် အကြမ်းဖက်စစ်‌ကောင်စီက လုံခြုံရေးကင်မရာမှတ်တမ်းများကို စစ်ဆေး၍အရေးယူဆောင်ရွက်မှုများပြုလုပ်လေ့ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်သွားနိုင်၍ ရေဦး-ခင်ဦးလမ်းပိုင်း အသွားအလာရပ်နားထားသင့်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

သြဂုတ်လ ၂၅ ရက်နေ့ကလည်း ကမ္ဘာအေး ဘုရားလမ်း ၊ဂမုန်းပွင့်ကုန်တိုက်ရှေ့က လူကူးကုန်းတံတားပေါ်ကနေ အမျိုးသားတစ်ဦး အဆုံးစီရင်ဖို့ ခုန်ချခဲ့ပါသေးတယ်။

သတင်း

မင်းတပ်မြို့နယ်အတွင်း တိုက်လေယာဉ်များ အနီးကပ်ပျံသန်းနေလျက်ရှိ၍ ပြည်သူများနှင့် တပ်ရင်းတပ်ဖွဲ့များအားလုံး ဂရုစိုက်ကြရန် အသိပေးထားသည်။

ဗီဒီယို

အုပ်စုဖွဲ့ မုဒိမ်းကျင့်သူတွေကို ပြန်လွှတ်ပေးမယ့် လုပ်ရပ်ကို မကျေနပ်တဲ့အတွက် ဩဂုတ် ၂၇ ရက်က ဒေလီမြို့တော်မှာ လူတွေ ရာနဲ့ချီ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။ အိန္ဒိယက တခြားပြည်နယ် တချို့မှာလည်း အလားတူ စုဝေးပြီး ဆန္ဒပြတာတွေ ဖြစ်လာကြပါတယ်။