Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးကုတ်အနောက်ပိုင်းတိုက်ပွဲ ဒုရင်းမှူးတစ်ဦး၊ သုံးပွင့် ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ် ခုနစ်ဦးသေဟုဆို

စစ်ကောင်စီတပ်၏ သေဆုံးမှုအခြေအနေနှင့်ပတ် သက်၍ Red Wolves Of Mogok တာဝန်ရှိသူက “ထုတ်ပြန်ချက်ထဲမှာပါသလို သူတို့ရဲ့ကားထဲကို ဗုံးတလုံး ပစ်ထည့်နိုင်တာရယ် မိုင်း သုံး‌လုံး ဖောက်ခွဲနိုင်ခဲ့တာရယ်ကြောင့်လို့ပဲ သုံးသပ်ပါမယ်ဗျ။”ဟု ပြောကြားသည်။

(ဖြစ်စဥ်နေရာပြမြေပုံအား Google Mapက တစ်ဆင့် တွေ့ရစဥ်)
(ဖြစ်စဥ်နေရာပြမြေပုံအား Google Mapက တစ်ဆင့် တွေ့ရစဥ်)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အနောက်ပိုင်း၊ ဂွေးပင် နှင့် လောင်းစင်ရွာကြားတိုက်ပွဲတွင် ဒုရင်းမှူး တစ်ဦး၊ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်မှ ခုနစ် ဦးသေဆုံးကြောင်း Red Wolves Of Mogok အဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ အရာရှိနှစ်ဦးအား မီးသင်္ဂြိုလ်ခဲ့ပြီးတပ်သား ၅ ဦး မြေမြှုပ်ခဲ့သည်ဟု သတင်းအတည်ပြုနိုင်ကြောင်း၊ မိုးကုတ်ဆေးရုံသို့ (၁၄)ဦးပို့ဆောင်ခဲ့ပြီး (၇)မိုင်ဆေးရုံကိုလည်း လူနာတင်ကား ခြောက်စီးဖြင့် သုံးခေါက်ပို့ဆောင်ခဲ့သည်ဟု သတင်းထပ်မံရရှိကြောင်း Red Wolves Of Mogok အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယမန်နေ့ (သြဂုတ်၂၉ရက်) နံနက် ၈ နာရီခန့်က မိုးကုတ်အခြေပြုတပ်ရင်းများဖြစ်သည့် (၁၂၂၁)၊ (၁၂၂၂)၊ (၁၂၂၃)နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့သည် မိုးကုတ်အနောက်ပိုင်း နယ်မြေတွင်း နေရာအသီးသီးတွင် အသင့်အနေအထားရှိစဉ် စစ်ကောင်စီ အပြန်စစ်ကြောင်းနှင့်ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဂွေးပင်နှင့် လောင်းစင်ရွာကြားတွင် တပ်ရင်း ၁၂၂၂ က ရဲဘော် ၁၅ ဦးခန့်သည် မိုင်းဆွဲရန်စောင့်ဆိုင်းနေစဥ် စစ်ကောင်စီ အရာရှိများပါဝင်သော အင်အား (၂၀)ခန့်ပါ starx ကားအနီရောင်ထဲသို့ ဗုံးတစ်လုံးကို အနီးကပ်ပစ်သွင်းနိုင်ခဲ့သည်။

ဒုရင်းမှူး တစ်ဦး၊ သုံးပွင့်ဗိုလ်တစ်ဦး နေရာတွင် ကျဆုံးကြောင်းနှင့် တပ်ရင်းမှူး ထိခိုက်ဒဏ်ရာရရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ အတည်မပြုနိုင် သေးသော အထိအခိုက်များရှိကြောင်းလည်း ရှိနေကြောင်း Red Wolves Of Mogok ကအသိပေးသည်။

စစ်ကောင်စီတပ်၏ သေဆုံးမှုအခြေအနေနှင့်ပတ် သက်၍ Red Wolves Of Mogok တာဝန်ရှိသူက “ထုတ်ပြန်ချက်ထဲမှာပါသလို သူတို့ရဲ့ကားထဲကို ဗုံးတလုံး ပစ်ထည့်နိုင်တာရယ် မိုင်း သုံး‌လုံး ဖောက်ခွဲနိုင်ခဲ့တာရယ်ကြောင့်လို့ပဲ သုံးသပ်ပါမယ်ဗျ။”ဟု ပြောကြားသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်၏ အင်အား ၆၀ ခန့်ပါ ခြေလျင်စစ်ကြောင်းနှင့် အနီးကပ် အပြန်အလှန်ပစ်ခတ်မှု (၁)နာရီကြာဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် မိုင်း (၃)လုံး ဖောက်ခွဲနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အချက် ၂၀ မှ၃၀ကြားပြန်လည် ပစ်ခတ်ခဲ့သည်။

ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်သည် ညနေ၆နာရီချိန်ထိ လက်နက်ကြီးများဖြင့် အနီးအနားတောင်များသို့ ဆက်လက်ပစ်ခတ်ခဲ့ကြောင်း Red Wolves Of Mogok ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ယင်းမာပင်မြို့နယ် ရင်ပေါင် တိုင်ရွာသို့ လေကြောင်းအသုံးပြု၍လာသော စစ်ကောင်စီအင်အား ၂၀၀ခန့်နှင့် သြဂုတ် ၁၁ရက် ညနေခင်းပိုင်းမှစ၍ သြဂုတ် ၂၇ ရက်အထိ ထိတွေ့တိုက်ပွဲများနေ့စဉ် ဖြစ်ပေါ်ခဲ့သည်။

သတင်း

ဩဂုတ် ၂၈ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ကို KRF၊ KNU/KNLA တပ်မဟာ(၁) တပ်ရင်း(၃)၊ PDF တပ်ရင်း(၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

သေဆုံးခဲ့သူများမှာ သစ်ဆိမ်ကုန်းရွာနေ မောင်ပြည့်စုံ ၊ ကိုမိုးအောင် ၊ကိုဇင်မျိုးထွန်းနှင့် ကိုဇင်မျိုးထွန်း၏ ဇနီးကိုယ်ဝန်ကိုးလလွယ်ထားသည့် မဖြူဇာဝင်းတို့ဖြစ်ပြီး မောင်ပြည့်စုံ၏ဖခင် ကိုနေလင်းဦးမှာ ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

အဆိုပါ စစ်ကောင်စီတပ်အား (၃)ရက်ကြာ ကင်းပုန်းဝပ်ကာ စောင့်‌ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုလဲတပ်ရင်း - ၁ (Royal Eagle PDF)က ဆိုသည်။