Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်္ဂဘိုရွာ သင်္ချိုင်းကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNU/PDF ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၁၇ဦးသေဟု KRF အသိပေး

ဩဂုတ် ၂၈ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ကို KRF၊ KNU/KNLA တပ်မဟာ(၁) တပ်ရင်း(၃)၊ PDF တပ်ရင်း(၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြေသယ်ယာဉ်ဖြင့် လျှို့ဝှက်သယ်ဆောင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ
မြေသယ်ယာဉ်ဖြင့် လျှို့ဝှက်သယ်ဆောင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ လက်ပံပင်သင်္ချိုင်းကုန်း၌ နယ်မြေကျူးကျော်ပြီးလက်နက်ကြီး ထိုင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ထုတ်ပြန်သည်။

ဩဂုတ် ၂၈ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ကို KRF၊ KNU/KNLA တပ်မဟာ(၁) တပ်ရင်း(၃)၊ PDF တပ်ရင်း(၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အနီးကပ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၇ဦး သေဆုံးသွားကြောင်း KRFက ထုတ်ပြန်သည်။ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

KRF အနေဖြင့် စစ်အာဏာရှင်ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး စစ်ကောင်စီ လက်ပါးစေများ၊သတင်းပေး ဒလန်များ၊ စစ်ကောင်စီထောက်တိုင်များကိုဆက်လက် တိုက်ခိုက်သွားမည်ဟုလည်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ချင်းပြည်နယ် ဟားခါး - ထန်တလန်ကြားတွင်လည်း ဇူလိုင်လကုန်ပိုင်းမှ ယခု ဩဂုတ်လကုန်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားထားသည်။

သတင်း

စစ်ကောင်စီတပ်သည် သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်များက ကနီမြို့နယ်ရှိ သရက်ပင်ရွာ၊ ဝါးတန်းအရှေ့ရွာ ၊ဝါးတန်းအနောက်ရွာ ၊အုန်းပင်ဆိပ်ရွာများအား ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်အား မိုင်းဖြင့်တိုက်ခိုက်ရာတွင် နာမည်ကြီးသည့် CDF မင်းတပ်က ၎င်းတို့​ ထပ်မံလုပ်မည့် တိုက်ခိုက်ရေးမစ်ရှင်များအတွက် " နာနတ်သီးနဲ့ ပွဲကြမ်းကြမယ် "ကမ်းပိန်းကို ပြုလုပ်နေ​ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်၏ သေဆုံးမှုအခြေအနေနှင့်ပတ် သက်၍ Red Wolves Of Mogok တာဝန်ရှိသူက "ထုတ်ပြန်ချက်ထဲမှာပါသလို သူတို့ရဲ့ကားထဲကို ဗုံးတလုံး ပစ်ထည့်နိုင်တာရယ် မိုင်း သုံး‌လုံး ဖောက်ခွဲနိုင်ခဲ့တာရယ်ကြောင့်လို့ပဲ သုံးသပ်ပါမယ်ဗျ။"ဟု ပြောကြားသည်။