Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းစိန်အကျဉ်းထောင်မှ ထွက်လာသော တရားသူကြီးနှင့် ဥပဒေအရာရှိပါယာဉ် ပစ်ခတ်ခံရ၊ နှစ်ဦး ဒဏ်ရာရဟုဆို

ယနေ့(သြဂုတ် ၃၀ ရက်)နေ့လည် ၁၂ နာရီခွဲခန့်က အင်းစိန်စျေးနှင့် လဟာပြင်စျေးကြား၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

(အင်းစိန်အကျဉ်းထောင်ရှေ့အား တွေ့ရစဉ်၊ ဓာတ်ပုံ CJ)
(အင်းစိန်အကျဉ်းထောင်ရှေ့အား တွေ့ရစဉ်၊ ဓာတ်ပုံ CJ)

အင်းစိန်အကျဉ်းထောင်အထူးတရားရုံးမှ ထွက်လာသော တရားသူကြီးနှင့် ဥပဒေအရာရှိများပါရှိသည့် ယာဉ် သေနတ်ဖြင့်ပစ်ခံရပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(သြဂုတ် ၃၀ ရက်)နေ့လည် ၁၂ နာရီခွဲခန့်က အင်းစိန်စျေးနှင့် လဟာပြင်စျေးကြား၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“ပစ်တဲ့အချိန်တုန်းက ဘယ်သူ့ကားမှန်းမသိဘူး။ နောက်မှ သိရတာ အင်းစိန်ထောက်အထူးတရား ရုံးကတဲ့။မြို့နယ်ဥပဒေအရာရှိဆိုတဲ့သူ ထိသွား တယ်။ပြီးတော့ နောက် ကားပေါ်ကတစ်ယောက် လည်း ထိတယ်ကြားတယ်”ဟု အင်းစိန်စျေးအနီးနေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့က ဆောင်ရွက်ခဲ့သည်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။

သို့သော် ယခုဖြစ်စဥ်တွင် ပြည်သူတစ်ဦးကျည်ထိ မှန်ခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားရကြောင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဝါဒဖြန့်သတင်းများက ဖော်ပြလျက်ရှိသည်။

လက်ရှိတွင် စစ်အာဏာရှင် စစ်ဆန့်ကျင်သူများကို စစ်ကောင်စီအဖွဲ့က မတရားဖမ်းဆီးပြီး အင်းစ်န်အကျဉ်းထောင်အတွင်း၌ ရုံးထုတ်စစ်ဆေးနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့အပြင် နံနက် ၁၀နာရီခန့်တွင် ရေစကြိုနယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းသို့ အနောက်ဘက်ကမ်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် မြောက်ဦးမြို့အနီးရှိ ကင်းဆိပ်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားများသေဆုံးထိခိုက်ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

သတင်း

မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာတွင် ယနေ့ (သြဂုတ်၂၈ ရက်)ညနေ ၄နာရီခန့်က စစ်ကောင်စီ ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်း ဖြစ်သည်။

သတင်း

ကလေးမြို့ ဘိုကုံးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(သြဂုတ် ၂၅ရက်)ည ၈နာရီကျော် တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။