Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သာယာဝတီတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ဒေသခံများ၏ပြောဆိုမှုအရ အုပ်ချုပ်ရေးမှူး ဦးအေးကျော်သည် PDF များအား မကြောက်ကြရန်နှင့် ပြန်ချကြရန် ရပ်ကျေးအစည်းအဝေးများတွင် ပြောဆိုလေ့ရှိသူဖြစ်ကြောင်း သိရသည်။

သာယာဝတီမြို့နယ်
သာယာဝတီမြို့နယ်

ပဲခူးတိုင်း သာယာဝတီမြို့နယ် ရေတွင်းကုန်းကျေးရွာမှ စစ်ကောင် စီခန့်အုပ်ချုပ်ရေးမှူး ဦးအေးကျော်ဆိုသူကို အမည်မသိလက်နက်ကိုင်တစ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးအေးကျော်ဆိုသူသည် ယနေ့နေ့လယ် ၁၂ နာရီခန့်က အနောက်ရေတွင်းကုန်းကျေးရွာမှအပြန် လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာသုံးချက်ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသွားသော ဦးအေးကျော်အား လူမှုကူညီရေးအသင်းယာဥ်ဖြင့် သာယာဝတီဆေးရုံသို့ ပို့ဆောင်ကုသရာ မသက်သာသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစဥ် ယနေ့ညနေပိုင်း၌ သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသော်လည်း သေဆုံးခြင်းရှိမရှိအား လူထုနွေဦးမှ သီးခြားအတည်ပြူနိုင်ခြင်း မရှိသေးပေ။

ဒေသခံများ၏ပြောဆိုမှုအရ အုပ်ချုပ်ရေးမှူး ဦးအေးကျော်သည် PDF များအား မကြောက်ကြရန်နှင့် ပြန်ချကြရန် ရပ်ကျေးအစည်းအဝေးများတွင် ပြောဆိုလေ့ရှိသူဖြစ်ကြောင်း သိရသည်။

သာယာဝတီမြို့နယ်အတွင်း စစ်ကောင်စီတပ်အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန်ဟုဆိုသူများအား တော် လှန်ရေးအဖွဲ့အစည်းများက သုတ်သင်လျှက်ရှိရာ သြဂုတ် ၅ ရက်ညပိုင်းကလည်း စည်ပင်ကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"မနက်ပိုင်း​က တောင်မြို့ကျေးရွာကို မီးရှို့တယ်။ နေ့လယ်ပိုင်းမှာ တောင်ကြားရွာကို ရှို့တယ်။ နှစ်ရွာကလည်း သိပ်မဝေးဘူး။ တစ်ရက်တည်းနှစ်ရွာဆက်တိုက် အရှို့ခံရတာပါ။"ဟု စစ်ကိုင်းနယ်ခံတစ်ဦးက ပြောသည်။

သတင်း

ကလေး - တမူး အာရှလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားနေသည့် ခရီးသည်တင်ကားများ၊ ကုန်တင်ကားကြီးများ စစ်ကောင်စီထုတ်ကုန်များ ကူးသန်းရောင်းဝယ်မှု ဆက်လက်ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိရခြင်းကြောင့်ဖြစ်သည်ဟု PDF(တမူး)က ဆိုသည်။

သတင်း

ဖမ်းဆီးစစ်ဆေးနေသူများသည် စစ်ဆင်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ပြည်သူ များဖြစ်ပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်အားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။

သတင်း

အဆိုပါတိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းနှင့်အတူ Federal Wings Drone တပ်ဖွဲ့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။