Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်ပရောက်မြန်မာများ၏ ပြန်လွှဲငွေရောင်းပါက ၂၁ ရက်အတွင်းဘဏ်များသို့အပြီးရောင်းချရမည်ဟုစစ်ကောင်စီ၏ဗဟိုဘဏ်ကန့်သတ်

အဆိုပါကန့်သတ်ချက်သည် စက်တင်ဘာ ၁ ရက်မှစ၍ အကျိုးသက်ရောက်ရမည်ဟု စစ်ကောင်စီခန့် ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေကလက်မှတ်​ရေးထိုး ထုတ်ပြန်သည်။

ထိုင်းတွင်အလုပ်လုပ်​နေ​သော မြန်မာလုပ်သားများ။ ဓါတ်ပုံ-Bangkok Post
ထိုင်းတွင်အလုပ်လုပ်​နေ​သော မြန်မာလုပ်သားများ။ ဓါတ်ပုံ-Bangkok Post

ပြည်ပရောက်မြန်မာများ၏ ပြည်တွင်းသို့လွှဲပို့​သောနိုင်ငံခြားငွေများကို အ​ရောင်းအဝယ်ပြုလုပ်ပါက ၂၁ ရက်အတွင်း အပြီးသတ်ရောင်းချရမည်ဟု စစ်ကောင်စီ၏ဗဟိုဘဏ်က ဩဂုတ် ၃၀ ရက်ထုတ်ပြန်ကန့်သတ်လိုက်သည်။

အဆိုပါကန့်သတ်ချက်သည် စက်တင်ဘာ ၁ ရက်မှစ၍ အကျိုးသက်ရောက်ရမည်ဟု စစ်ကောင်စီခန့် ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေကလက်မှတ်​ရေးထိုး ထုတ်ပြန်သည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းများအပါအဝင် ​ဒေါ်လာဝင်​ငွေရှိ​သောလုပ်ငန်းမျိုးစုံကို စစ်​ကောင်စီက နည်းမျိုးစုံဖြင့်ကန့်သတ်၍ ​ဒေါ်လာရရန်လုပ်ကိုင်​နေရာ ယခုအခါ ပြည်ပ​ရောက်မြန်မာလုပ်သားများထံအလှည့်​ရောက်လာခြင်းဖြစ်သည်။

စစ်​ကောင်စီ​ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်
စစ်​ကောင်စီ​ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်

ပြည်ပရောက်မြန်မာများက ပြည်တွင်းသို့ ပြန်ပို့သည့်လုပ်ခ၊ လစာဝင်ငွေများကို ကိုယ်တိုင်သုံးစွဲခြင်း၊ အခြားသူများကို လွှဲပြောင်းခြင်း၊ဘဏ်သို့ရောင်းခြင်းတို့ကိုလွတ်လပ်စွာဆောင်ရွက်နိုင်သည်ဟုဆိုသည်။ သို့သော်လည်းအထက်ပါနိုင်ငံခြားငွေများကို တစ်ဆင့်ဝယ်ယူထားသည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီနှင့်အဖွဲ့အစည်းအနေဖြင့် ထပ်ဆင့်ရောင်းချခြင်းမပြုလုပ်ရ စစ်ကောင်စီဗဟိုဘဏ်ကတားမြစ်ထားသည်။

ရောင်းချလို့ပါကနိုင်ငံခြား​ငွေ​ရောင်းဝယ်ခွင့်ရှိ​သော(AD)လိုင်စင်ရ ဘဏ်များကိုသာ ရောင်းချရမည်ဟု စစ်ကောင်စီကကန့်သတ်ထားသည်။

အထက်ပါအတိုင်း​ရောင်းဝယ်မှုပြုလုပ်ပါက ၂၁ ရက်အတွင်းဆောင်ရွက်ရမည်ဟုလည်း စစ်ကောင်စီဗဟိုဘဏ်က ကန့်သတ်ထားသည်။

လက်ရှိတွင် ပြည်ပရောက်မြန်မာများက နိုင်ငံခြားငွေကိုပြည်တွင်းသို့ပြန်လည်ပို့ဆောင်ရာတွင် စစ်ကောင်စီသတ်မှတ်ထားသည့် တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဖြင့် တွက်ချက်ပြီး ပြည်တွင်းဘဏ်များက ကျပ်ငွေထုတ်ပေးနေခြင်းဖြစ်သည်။

ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ကျပ် ၃၇၀၀ အထိ ဩဂုတ် ၃၀ က ပေါက်ဈေးရှိနေသည်။

“၁၀၀ တန်တဲ့ ပစ္စည်းကို ၈၀နဲ့ရောင်းဆိုရင် ဘယ်သူကရောင်းမှာလဲ။ ဒီလိုဘဲ ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာကို ၃၅၀၀ကျော်နေချိန်မှာ သူတို့က ၂၁၀၀နဲ့ ဖြတ်နေတော့ ဘယ်သူမှ ပို့မှာမဟုတ်ဘူး၊ အရင်တုန်းကလို ဟွန်ဒီနဲ့ပဲပို့ကြလိမ့်မယ်။ ဒါကို အခုလို ထပ်ခေါင်းပုံဖြတ်တော့ မဖြစ်မနေလုပ်ရတဲ့သူဘဲ လုပ်လိမ့်မယ်၊ အများစုက လုပ်မှာ မဟုတ်ဘူး”ဟု ပြည်ပမှ ပြည်တွင်းသို့ငွေလွှဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲကြောင့် ဒေသတွင်းရှိ ပြည်သူများ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဘေးကင်းရာသို့ တိမ်းရှောင်နေကြရသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

သတင်း

နှမ်းခါးကျေးရွာရှိ စစ်ဘေးရှောင်စာသင်ကျောင်း၊ နေအိမ် (၈)လုံးနှင့် နာရေးကားအပါအဝင် မော်တော်ယာဥ် (၆)စီး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

သတင်း

အချို့သောအုပ်ချုပ်ရေးမှူးများသည် ပြည်သူကိုဒုက္ခမပေးဘဲ ကာကွယ်စောင့်ရှောက်ပါ့မည်ဟု ကတိသစ္စာခံသည်ကိုလည်းတွေ့ရှိရသည်ဟု ဆိုသည်။

သတင်း

ဆရာရန်စိုးပိုင်ဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတို့ပါ နှိပ်စက်မှုများကြုံတွေ့ခဲ့ရပြီး လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။