Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒလမြို့နယ်မှ ရာအိမ်မှူးနှင့်အဖွဲ့ ပစ်ခတ်ခံရ၊ ရာအိမ်မှူးသေဆုံးဦး နှစ်ဦးဒဏ်ရာပြင်းထန်

“ပစ်ခတ်မှု့ဖြစ်စဉ်ကြောင့်အဓိကပစ်မှတ် ဖြစ်သူဒလန်စိုးမင်းဦး နေရာတွင် သေဆုံးခဲ့ပြီး ၎င်း၏အဖွဲ့ဝင် သုံးဦး (နှစ်ဦး စိုးရိမ်ရ)ဒါဏ်ရာများ ရရှိခဲ့ပါသည်”ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(ဒလမြို့နယ်ကိုGoogle Map တွင်​တွေရပုံ)
(ဒလမြို့နယ်ကိုGoogle Map တွင်​တွေရပုံ)

ရန်ကုန် ဒလမြို့နယ်ရှိ စစ်ကောင်စီခန့်ရာအိမ်မှူးစိုးမင်းဦးဆိုသူနှင့် အဖွဲ့ဝင်သုံးဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက ထုတ်ပြန်သည်။

ယမန်နေ့(သြဂုတ် ၃၀)ညနေ ၆ နာရီခွဲခန့်တွင် ရန်ကုန် တိုင်းပြည်သူ့တပ်မဟာနှင့် ဒလမြို့နယ်(ပကဖ)အဖွဲ့တို့ပူးပေါင်းပြီး သမ္မတကမ်းခြေရပ်ကွက် ရာအိမ်မှုး စိုးမင်းဦးနှင့်အဖွဲ့အား ဝင်ရောက်ရှင်းလင်းပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြသည်။

“ပစ်ခတ်မှု့ဖြစ်စဉ်ကြောင့်အဓိကပစ်မှတ် ဖြစ်သူဒလန်စိုးမင်းဦး နေရာတွင် သေဆုံးခဲ့ပြီး ၎င်း၏အဖွဲ့ဝင် သုံးဦး (နှစ်ဦး စိုးရိမ်ရ)ဒါဏ်ရာများ ရရှိခဲ့ပါသည်”ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

သေဆုံးသူ စိုးမင်းဦးသည် ၂၀၂၁ ခုနှစ်မတ်လ ၂၆ ရက်ညကဒလအရေးအခင်း ဖြစ်စဉ်တွင် အပစ်မဲ့အမျိုးသမီး နှစ်ဦးအား ဖမ်းစီးမှုမှစ၍ ယနေ့ထိ စစ်ကောင်စီနှင့်ပူး ပေါင်းကာ ရပ်ကွက်နေပြည်သူများအား အနိုင်ကျင့်ခြင်း၊ဖမ်းဆီးနှိပ်စက်ခြင်းများကို စဥ်ဆက်မပြတ် ကျူးလွန်နေသူဖြစ်၍ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိ ပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(သြဂုတ် ၃၀ ရက်)နေ့လည် ၁၂ နာရီခွဲခန့်က အင်းစိန်စျေးနှင့် လဟာပြင်စျေးကြား၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

သတင်း

ထို့အပြင် နံနက် ၁၀နာရီခန့်တွင် ရေစကြိုနယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းသို့ အနောက်ဘက်ကမ်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာတွင် ယနေ့ (သြဂုတ်၂၈ ရက်)ညနေ ၄နာရီခန့်က စစ်ကောင်စီ ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်း ဖြစ်သည်။

သတင်း

ကလေးမြို့ ဘိုကုံးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(သြဂုတ် ၂၅ရက်)ည ၈နာရီကျော် တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။