Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေသည့် ရပ်ကျေးတာဝန်ရှိသူများကို အရေးယူတော့မည်ဟု တွံတေး UGအဖွဲ့ နောက်ဆုံးအကြိမ် သတိပေး

အချို့သောအုပ်ချုပ်ရေးမှူးများသည် ပြည်သူကိုဒုက္ခမပေးဘဲ ကာကွယ်စောင့်ရှောက်ပါ့မည်ဟု ကတိသစ္စာခံသည်ကိုလည်းတွေ့ရှိရသည်ဟု ဆိုသည်။

တွံတေးမြို့နယ်
တွံတေးမြို့နယ်

သတိပေးချက်များ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဂရုမစိုက်သလို စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေသည့် ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ၎င်းတို့၏ မိသားစုများအား ပြင်းထန်စွာအရေးယူတော့မည်ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့-တွံတေးက ယ နေ့(သြဂုတ် ၃၁) နောက်ဆုံးအကြိမ်သတိပေးလိုက်သည်။

မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား ပြည်သူနှင့်အတူတစ်သား တည်းရပ်တည်၍ ပြည်သူဘက်ရပ်တည်ကြရန် ကျွန်ုပ်တို့ မြို့ပြပြောက်ကျား တပ်ဖွဲ့မှ အခွင့်အရေးပေးသော်လည်း ၎င်းအုပ်ချုပ်ရေးမှူးများအနက်မှ အချို့သောအုပ်ချုပ်ရေးမှုးများသည် နှုတ်ထွက်ဟန်ပြကာ နောက်ကွယ်မှဆက်လက်လုပ်ကိုင်နေခြင်း၊‌ ကျွန်ုပ်တို့ပေးသည့် အခွင့်အရေးအားခေါင်းမာစွာငြင်းဆန်ခြင်း၊ စကားပရိယာယ်ဖြင့် လှည့်ပတ်ပြောဆိုခြင်းတို့အား ပြုလုပ်လျှက်ရှိသည်ကိုတွေ့ရှိနေရသည်ဟု ဖော်ပြသည်။

အချို့သောအုပ်ချုပ်ရေးမှူးများသည် ပြည်သူကိုဒုက္ခမပေးဘဲ ကာကွယ်စောင့်ရှောက်ပါ့မည်ဟု ကတိသစ္စာခံသည်ကိုလည်းတွေ့ရှိရသည်ဟု ဆိုသည်။

“အကြမ်းဖက်စစ်ကောင်စီအားပေး ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးများနှင့် ပတ်သက်၍ အကြိမ်ကြိမ်သတိပေးခဲ့ပြီး ဖြစ်သော်လည်း ဂရုမစိုက်စွာနေထိုင်၍ ပြည်သူကိုနည်းလမ်းမျိုးစုံဖြင့် ဂုတ်သွေးစုပ်အမြတ်ထုတ်၍ ဒုက္ခပေးနေသည့် အုပ်ချုပ်ရေးမှုးများအားပြင်းပြင်းထန်ထန်အရေးယူခြင်းအားပြုလုပ်သွားမည်ဖြစ်ပါသည်”ဟု အသိပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း ပြည်သူအားနည်းမျိုးစုံဖြင့် ဂုတ်သွေးစုပ်အမြတ်ထုတ်နေသော အုပ်ချုပ်ရေးမှူး ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့၏ အမည်၊ နေရပ်တို့အား ကျွန်ုပ်တို့ မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)၏ Facebook Page Massenger သို့လာရောက်တိုင်ကြားနိုင်သည်ဟု ဖော်ပြသည်။

အရေးယူရာတွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများသာမက ၎င်းတို့၏ မိသားစုများကိုပါပူးတွဲ၍ ပြင်း ပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း နောက်ဆုံး အကြိမ်အဖြစ် သတိပေးထားသည်။

သတိပေးချက်အားလိုက်နာခြင်းမရှိသော အုပ်ချုပ်ရေးမှူးအမည် စာရင်းများအား အပတ်စဉ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့-တွံတေးက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲကြောင့် ဒေသတွင်းရှိ ပြည်သူများ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဘေးကင်းရာသို့ တိမ်းရှောင်နေကြရသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

သတင်း

နှမ်းခါးကျေးရွာရှိ စစ်ဘေးရှောင်စာသင်ကျောင်း၊ နေအိမ် (၈)လုံးနှင့် နာရေးကားအပါအဝင် မော်တော်ယာဥ် (၆)စီး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

သတင်း

အဆိုပါကန့်သတ်ချက်သည် စက်တင်ဘာ ၁ ရက်မှစ၍ အကျိုးသက်ရောက်ရမည်ဟု စစ်ကောင်စီခန့် ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေကလက်မှတ်​ရေးထိုး ထုတ်ပြန်သည်။

သတင်း

"အခြားအဖွဲ့တွေရှိနိုင်သေးလားဆိုတာတော့ စုံစမ်းမှုတွေပြုလုပ်ဖြစ်မှမှတ်ချက်ပေးနိုင်ပါမယ်။ သတိထားပြီးမှ လက်ခံယုံကြည်ကြဖို့တော့တိုက်တွန်းပါတယ်။ "ဟု ၎င်းက ပြောသည်။