Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးဆေးတက္ကသိုလ်ရဲ့ ထူးချွန် ဆရာဝန်ကို အကြမ်းဖက်ပုဒ်မ နဲ့စစ်အုပ်စု ထောင် ၇ နှစ် ထပ်ချ

စစ်အုပ်စုဟာ CDMလှုပ်ရှားမှုအားကောင်းခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အငြိုးထားဖမ်းဆီးခဲ့ပြီး မတရားပုဒ်တွေနဲ့ တရားစွဲဆိုထောင်ချနေတာဖြစ်ပါတယ်။

မန္တလေးဆေးတက္ကသိုလ်ရဲ့ ထူးချွန် ဆရာဝန်ကို အကြမ်းဖက်ပုဒ်မ နဲ့စစ်အုပ်စု ထောင် ၇ နှစ် ထပ်ချ
မန္တလေးဆေးတက္ကသိုလ်ရဲ့ ထူးချွန် ဆရာဝန်ကို အကြမ်းဖက်ပုဒ်မ နဲ့စစ်အုပ်စု ထောင် ၇ နှစ် ထပ်ချ

မန္တလေး ဆေးတက္ကသိုလ်ရဲ့ ထူးချွန်ကျောင်းသားအဖြစ် အသိအမှတ်ပြု ခံထားရသူ ဒေါက်တာကျော်ကျော်သက်ကို ဖမ်းဆီးပြီး တစ်နှစ်ကျော်အကြာမှာ စစ်အုပ်စုက အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ် ၇ နှစ် မနေ့က ချလိုက်ပါတယ်။

ဒေါက်တာကျော်ကျော်သက်ကို ပြီးခဲ့တဲ့ နှစ် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးပြီးနောက် အမှုဆင်ရာမှာ NUG နဲ့ပတ်သက်တာ ၊ အွန်လိုင်းကနေ ဆေးပညာ သင်ကြားတာတွေကို အကြောင်းပြကာ ဆူပူအောင်လှုံဆော်မှုပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်ပုဒ်မ ၅၂(က)နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

နေအိမ်ကိုဝင်ရောက်ပြီး ဖမ်းဆီးချိန်ကလည်း စစ်ကောင်စီတပ်ဟာ သေနတ်ပစ်ဖောက်ပြီး ရိုက်နှက်ဖမ်းဆီးတာမျိုးလုပ်ခဲ့တာပါ။

“သူက ကျွန်တော့ရဲ့ စီနီယာဗျ ၊ ကျောင်းမှာ အထူးချွန်ဆုံးကျောင်းသားဆိုပြီး လေးစားအားကျရတဲ့သူပါ၊မနက်စောမှာ သူ့သတင်းတွေ့လိုက်ရတော့ အတော်လေးစိတ်မကောင်းဖြစ်မိတယ်ဗျာ”လို့ စစ်ကောင်စီက ဒေါက်တာကျော်ကျော်သက်ကိုထောင်ချလိုက်တဲ့သတင်းနဲ့ပတ်သက်ပြီး CDMပြုလုပ်ထားတဲ့ ဆရာဝန်တစ်ဦးကပြောပါတယ်။

စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်ကို ပြီးခဲ့တဲ့မေလအတွင်းက စစ်အုပ်စုက ချထားပြီးဖြစ်ပါတယ်။

ဒါကြောင့် ဒေါက်တာကျော်ကျော်သက်ကို စစ်အုပ်စုဟာ ထောင်ဒဏ် စုစုပေါင်း ၁၀ နှစ်ထိ ချထားတာဖြစ်ပါတယ်။

အသက် ၂၈နှစ်အရွယ်ရှိ ဒေါက်တာကျော်ကျော်သက်ဟာ မန္တလေးဆေးတက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ရရှိပြီး စစ်တပ်ကမဖမ်းစီးခင်အချိန်ထိ ပရဟိတဆေးခန်းများနဲ့ လူမှုရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။

စစ်အုပ်စုဟာ CDMလှုပ်ရှားမှုအားကောင်းခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အငြိုးထားဖမ်းဆီးခဲ့ပြီး မတရားပုဒ်တွေနဲ့ တရားစွဲဆိုထောင်ချနေတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"အမျိုးမျိုးဒုက္ခပေးနေကြတာမပြီးတော့ဘူး။ပြည်သူအချင်းချင်းညီမှရမယ်ဆိုတာဒါကသက်သေပဲ" ဟုအခြားပြည်သူတစ်ဦးကလည်း မှတ်ချက်ပြုသည်။

သတင်း

အသိပေးကြေညာချက်ကို မလိုက်နာဘဲ ဆက်လက်တောင်းခံနေပါက တာဝန်ယူတောင်းခံပေးနေသူ၏ အသက်ကို တာဝန်မယူကြောင်းအသိပေးကြေညာအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

ဆရာရန်စိုးပိုင်ဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတို့ပါ နှိပ်စက်မှုများကြုံတွေ့ခဲ့ရပြီး လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

သတင်း

ယင်းမိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ခြောက်ဦးနှင့်အထက်သေဆုံးခဲ့ပြီးတော်လှန်ရေးအင်အားစုများအထိခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။