Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတွင်အိမ်များအား ဖြိုဖျက်ရန်လာသည့်အုပ်ကြီးနှင့်ပျူများကို ရပ်ကွက်လူထုက ပြန်ခုခံ၊ အုပ်ကြီးနှင့်ပျူများ ထွက်ပြေးရ

“အမျိုးမျိုးဒုက္ခပေးနေကြတာမပြီးတော့ဘူး။ပြည်သူအချင်းချင်းညီမှရမယ်ဆိုတာဒါကသက်သေပဲ” ဟုအခြားပြည်သူတစ်ဦးကလည်း မှတ်ချက်ပြုသည်။

ဖေဖော်ဝါရီလအတွင်းက ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်ကွက်သစ်မှ နေအိမ်များအား စစ်ကောင်စီက ဖြိုချဖျက်ဆီးနေစဥ်(ပုံဟောင်း) ။ဓါတ်ပုံ-CJ
ဖေဖော်ဝါရီလအတွင်းက ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်ကွက်သစ်မှ နေအိမ်များအား စစ်ကောင်စီက ဖြိုချဖျက်ဆီးနေစဥ်(ပုံဟောင်း) ။ဓါတ်ပုံ-CJ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက်သစ် (ဋ)ရပ်ကွက်ရှိ ပြည်သူပိုင်နေအိမ်များအား ဘက်ဟိုးဖြင့်ဖျက်ဆီးဖြိုချရန်လာသော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဆိုသူများကို ရက်ကွက်လူထုက ညီညီညွတ်ညွတ်ဖြင့် ပြန်လည်ခုခံခဲ့ကြကြောင်း ပြည်ကြီးတံခွန် သပိတ်အင်အားစု – မန္တလေးက ဖော်ပြသည်။

ပြည်ကြီးတံခွန်မြို့နယ် ၁၃၁ လမ်းတောင်ဘက်၊ ၄၉လမ်းနှင့် လမ်း ၅၀ ကြား၊ အုပ်ကွက်သစ် (ဋ)ရပ်ကွက်ရှိနေအိမ်များအား ကံကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်လွင်နှင့် ၎င်း၏လက်ထောက်ဖိုးတုတ်တို့ဦးဆောင်ကာ ပျူစောထီးအမည်ခံ ရပ်ကွက်လူမိုက် ၃၀ ခန့်က ယမန် နေ့(သြဂုတ် ၃၀)နေ့လယ် ၁၂ နာရီ ၁၅ ခန့်တွင် အတင်း အဓမ္မလာရောက်ဖျက်ဆီးဖြိုချခဲ့ကြောင်း ဖော်ပြသည်။

အိမ်များလာဖျက်​သော ဘက်ဟိုးကို ပြည်သူများက ဖျကိဆီးထား စဥ်။ဓါတ်ပုံ- ပြည်ကြီးတံခွန် သပိတ်အင်အားစု - မန္တလေး
အိမ်များလာဖျက်​သော ဘက်ဟိုးကို ပြည်သူများက ဖျကိဆီးထား စဥ်။ဓါတ်ပုံ- ပြည်ကြီးတံခွန် သပိတ်အင်အားစု – မန္တလေး

နေအိမ်များအား ဖျက်ဆီး​နေစဥ်တွင် ရပ်ကွက်လူမိုက် ဇိုးဆိုသူများအား ရပ်ကွက်နေပြည်သူများကိုရိုက်နှက်ရန်စေခိုင်းခဲ့ရာ မခံရပ်နိုင်သည့်ပြည်သူများက ပြန် လည်ခုခံခဲ့ခြင်းဖြစ်သည်။ရပ်ကွက်​နေပြည်သူများက ခုခံသဖြင့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအမည်ခံ လူမိုက်အဖွဲ့များ ရပ်ကွက်အတွင်းမှ ထွက်ပြေးသွားရသည်ဟု ဆိုသည်။

“အောင်ဆန်းဦးမှ ၎င်းပိုင်မြေဟုဆိုကာ ပျူစောထီးများနှင့် လူမိုက်များကိုငှားပြီး ဘတ်ဖိုးနဲ့ပြည်သူတွေအိမ်ကိုဖြတ်ယုံတင်မကဘဲ ပျူများနှင့် လူမိုက်ဇိုးအဖွဲ့ဘိုစနေတို့အဖွဲ့တွေကိုပါခေါ်ပြီး ဝိုင်းရိုက်လာသည့်အတွက် မခံနိုင်သည့်အဆုံး ပြည်များမှ ပြန်ခုခံရာ ပြည်သူကိုဘတ်ဟိုးနဲ့ရမ်းနေတဲ့ ဘတ်ဟိုးသမားနှစ်ဦးကိုဖမ်းမိပြီး ပျူနှင်လူ မိုက်သုံးဆယ်ခန့်မှာ ထွက်ပြေးသွားကြပါတယ်”ဟု ပြည်ကြီးတံခွန်သပိတ်အင်အားစုက ဖော်ပြသည်။

“လာပြီကွ။ပြည်သူတွေညီပြီဆို ဘယ်ပြေးမလဲမင်းတို့။ အားမတန်လို့ မာန်လျှော့နေတာကို ခေါင်းပေါ်တက်ဆံပင်ဖြူနုတ်ချင်အုံးလေ” ဟု ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

ထိုသို့ရုတ်ရုတ်သဲသဲ ဖြစ်နေချိန် ဘတ်ဟိုးသမားမှ ဘတ်ဟိုးစက်ဖြင့် ပြည်သူဘက်ကိုရမ်းကာ ရန်ပြုတိုက်ခိုက်ခြင်းကြောင့် ၎င်းအားပြည်သူများက ဖမ်းဆီးကာ ဘက်ဟိုးယာဥ်အား နေရာမှာပင်ဖျက်ဆီးခဲ့​ကြောင်းလည်းအသိ​ပေးထားသည်။

ဘက်ဟိုး​မောင်းသမား နှစ်ဦပြည်သူများက ဖမ်းဆီးထားစဥ်။ ဓါတ်ပုံ- ပြည်ကြီးတံခွန် သပိတ်အင်အားစု - မန္တလေး
ဘက်ဟိုး​မောင်းသမား နှစ်ဦပြည်သူများက ဖမ်းဆီးထားစဥ်။ ဓါတ်ပုံ- ပြည်ကြီးတံခွန် သပိတ်အင်အားစု – မန္တလေး

ဒေသခံအချို့၏ပြောဆိုမှုအရ ဖမ်းဆီးထားသော ဘက်ဟိုးသမားနှစ်ဦးကို စစ်ကောင်စီတပ်က ပြန်လည်ခေါ်ဆောင်သွားပြီး ယနေ့နံနက်ပိုင်းတွင် စစ်ကားခြောက်စီးခန့်ဖြင့် ရပ်ကွက်အတွင်းပတ်ပြီး ခြေရှုပ်နေကြောင်း သိရသည်။

“လာဖျက်တဲ့အထဲမှာ စကစခန့်တဲ့ အုပ်ကြီးမြင့်လွင်ပါပါတယ်ဗျ။ အခုဖမ်းမိထားတဲ့ နှစ်ယောက်ကိုလည်း ကံကြီးကုန်းအုပ်ကြီး မြင့်လွင်ကပဲ လာခေါ်သွားတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က မန္တလေးမြို့ရှိ ဂရမ်ပေါက်နေအိမ်များနှင့် ကျူးကျော်ဆိုသူများ၏နေအိမ်များကို အင်အားသုံးဖြိုချဖျက်ဆီးမှုများဆက်တိုက်လုပ်ခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်ကွက်သစ်ရှိ နေအိမ်အလုံး ၆၀ ခန့်ကို ဖျက်ဆီးဖယ်ရှားခဲ့သေးသည်။

“အမျိုးမျိုးဒုက္ခပေးနေကြတာမပြီးတော့ဘူး။ပြည်သူအချင်းချင်းညီမှရမယ်ဆိုတာဒါကသက်သေပဲ” ဟုအခြားပြည်သူတစ်ဦးကလည်း မှတ်ချက်ပြုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အုပ်စုဟာ CDMလှုပ်ရှားမှုအားကောင်းခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အငြိုးထားဖမ်းဆီးခဲ့ပြီး မတရားပုဒ်တွေနဲ့ တရားစွဲဆိုထောင်ချနေတာဖြစ်ပါတယ်။

သတင်း

မြို့ပြအထူးစစ်ဆင်ရေးအရ တိုက်ခိုက်မှုကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ဒေါင်းညီနောင် PDF၊Black Wolf People’s Defense Force (MDY)နှင့်People's Defense Force – Mandalay တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

အသိပေးကြေညာချက်ကို မလိုက်နာဘဲ ဆက်လက်တောင်းခံနေပါက တာဝန်ယူတောင်းခံပေးနေသူ၏ အသက်ကို တာဝန်မယူကြောင်းအသိပေးကြေညာအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

"မနက်ပိုင်း​က တောင်မြို့ကျေးရွာကို မီးရှို့တယ်။ နေ့လယ်ပိုင်းမှာ တောင်ကြားရွာကို ရှို့တယ်။ နှစ်ရွာကလည်း သိပ်မဝေးဘူး။ တစ်ရက်တည်းနှစ်ရွာဆက်တိုက် အရှို့ခံရတာပါ။"ဟု စစ်ကိုင်းနယ်ခံတစ်ဦးက ပြောသည်။