Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မလေးရှားကလွဲပြီး ကျန်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို စစ်ကောင်စီဗီဇာကင်းလွတ်ခွင့်ပေး

ကျန်တဲ့ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နဲ့ ဘရူနိုင်း နိုင်ငံတွေကို ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့်ပြုတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

မလေးရှားကလွဲပြီး ကျန်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို စစ်ကောင်စီဗီဇာကင်းလွတ်ခွင့်ပေး
မလေးရှားကလွဲပြီး ကျန်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို စစ်ကောင်စီဗီဇာကင်းလွတ်ခွင့်ပေး

NUG အစိုးရကို အားပေးထောက်ခံနေတဲ့ မလေးရှားနိုင်ငံကလွဲရင် ကျန်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုတယ်လို့ စစ်ကောင်စီက ဒီနေ့မှာ ကြေညာလိုက်ပါတယ်။

ကိုဗစ်အလွန် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်မှုကို ဖြေလျော့ရာမှာ စစ်ကောင်စီက မလေးရှားနိုင်ငံကိုချန်ထားခဲ့တာပါ။

ကျန်တဲ့ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နဲ့ ဘရူနိုင်း နိုင်ငံတွေကို ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့်ပြုတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

မလေးရှားအစိုးရဟာ အာဏာသိမ်း စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပြုဖို့ ဦးဆောင်ဆော်သြသူဖြစ်သလို လူထုကို ကိုယ်စားပြုတဲ့ NUG အစိုးရ ကိုထိတွေ့ဆက်ဆံဖို့ ၊ NUG ကို အသိအမှတ်ပြုဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းနေတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပျဥ်းမခေါင်းကျေးရွာအတွင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူငါးဦးကို ဖမ်းဆီးခေါ် ဆောင်သွားပြီး ယနေ့ညနေပိုင်းအထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း အထက်ပါရဲဘော် က ရှင်းပြသည်။

သတင်း

တိုက်ပွဲဟာ သြဂုတ်လ ၂၄ ရက် နဲ့ သြဂုတ်လ ၃၀ ရက်အတွင်း သုံးကြိမ်ဖြစ်ပွားခဲ့တာလို့သိရပါတယ်။

သတင်း

မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်(MPDF)သည် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ တပ်ဖွဲ့ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။