Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြင်ဦးလွင်၊ နောင်ချို နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ် ၄၀​ဦး​ကျော်​သေဟုမန္တလေး PDF ​ပြော

မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်(MPDF)သည် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ တပ်ဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့်ဇူလိုင်လအတွင်း ​နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင်ဖြစ်ပွား​​​သောတိုက်ပွဲတွင် ​သေဆုံးခဲ့​သောစစ်သားယူနီ​ဖောင်းအချို့ အနီးတွင် MPDF တပ်ဖွဲ့ ဝင်များကို​တွေရစဥ်။ ဓါတ်ပုံ-MPDF
ပြီးခဲ့သည့်ဇူလိုင်လအတွင်း ​နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင်ဖြစ်ပွား​​​သောတိုက်ပွဲတွင် ​သေဆုံးခဲ့​သောစစ်သားယူနီ​ဖောင်းအချို့ အနီးတွင် MPDF တပ်ဖွဲ့ ဝင်များကို​တွေရစဥ်။ ဓါတ်ပုံ-MPDF

▪︎စစ်ကောင်စီတပ်ဖွဲ့ဝင်များ CDM ပြုလုပ်လိုပါက ကြိုဆိုသွားမည်ဟု ဖိတ်ခေါ်

မန္တလေးတိုင်း ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်များတွင် ဩဂုတ် ၂၄ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်မှ ၄၀ ​ကျော် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များသည် ဩဂုတ် ၂၄ရက်မှစ၍ လက်နက်ကြီးများဖြင့် စတင်တိုက်ခိုက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းအား မန္တလေး PDF တပ်ဖွဲ့ဝင်များက အဆင့်ဆင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမှု များလာသည့် စစ်ကောင်စီတပ်သည် ယင်းနေ့ညနေပိုင်း၌ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ် ဗုံးကြဲခဲ့ကြောင်း ဖော်ပြထားသည်။

မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MPDF
မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MPDF

အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၂၀ ခန့် ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားခဲ့ကြောင်း၊ မန္တလေး PDF ရဲဘော် ၂ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

ဩဂုတ် ၂၉ရက် ညနေပိုင်းတွင်လည်း မန္တလေး PDF တပ်ဖွဲ့ဝင်များ မိုင်းကွင်းဖော်၍ နေရာယူထားသည့် နေရာသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့ကြောင်း ထုတ်ပြန်သည်။

အလာတူး သြဂုတ် ၃၀ ရက်မနက်ကစစ်ကောင်စီတပ် စစ်ကြောင်းကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ဦးသေဆုံးခဲ့သည်ဟုသိရသည်။

တိုက်ခိုက်မှုများအတွင်း မန္တလေး PDF ဘက်မှ ဒဏ်ရာရသူအချို့ရှိခဲ့​သော်လည်း ကျဆုံးမှုမရှိဟု အသိ​ပေးသည်။

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်​သေဆုံး၊ဒဏ်ရာရရှိမှုအ​ခြေအ​နေနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

လက်ရှိတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ဖြင့် ပိတ်ဆို့ ကာထိုးစစ်ဆင်နေကြောင်းလည်းဖော်ပြထားသည်။

လက်ရှိတွင် ခုခံစစ်အား အောင်မြင်စွာ ဆင်နွှဲနေပြီး ယခုထက်ပို၍ စစ်ရေးအရှိန် မြှင့်တင်ရန် အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အထိနာမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကြောင်း မန္တလေး PDFက အသိ​ပေးသည်။

ထိုအပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ CDMပြုလုပ်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံ သို့ ပူးပေါင်းဝင်ရောက်လိုပါက နွေးထွေး စွာ ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။

မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်(MPDF)သည် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ တပ်ဖွဲ့ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိခိုက်သူများအား (၁၂)ဘီးကားဖြင့် မုံရွာမြို့သို့သယ်သွားကြောင်း၊ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

သတင်း

အဆိုပါ ထိတွေ့တိုက်ပွဲတွင် သေဆုံးဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများအား ပျဥ်ထောင်ကျေးရွာသို့ သယ်ဆောင်သွားခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

အထက်ပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပျဥ်းမခေါင်းကျေးရွာအတွင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူငါးဦးကို ဖမ်းဆီးခေါ် ဆောင်သွားပြီး ယနေ့ညနေပိုင်းအထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း အထက်ပါရဲဘော် က ရှင်းပြသည်။

သတင်း

တိုက်ပွဲဟာ သြဂုတ်လ ၂၄ ရက် နဲ့ သြဂုတ်လ ၃၀ ရက်အတွင်း သုံးကြိမ်ဖြစ်ပွားခဲ့တာလို့သိရပါတယ်။