Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နတ္တလင်းအရှေ့ဘက်တွင် စစ်ကောင်စီတက် စစ်ကြောင်းကို သာယာဝတီခရိုင် PDF မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား သုံးဦးသေ

အထက်ပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပျဥ်းမခေါင်းကျေးရွာအတွင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူငါးဦးကို ဖမ်းဆီးခေါ် ဆောင်သွားပြီး ယနေ့ညနေပိုင်းအထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း အထက်ပါရဲဘော် က ရှင်းပြသည်။

ပဲခူးတိုင်း နတ္တလင်းမြို့နယ်အရှေ့ဘက် ပျဥ်းမခေါင်းရွာဘက်ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ(၂) Phoniex DF က မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးသွားကြောင်း ယနေ့(သြဂုတ် ၃၁) ထုတ် ပြန်သည်။

ယမန်နေ့ (သြဂုတ် ၃၀ ရက်)နံနက် ၆ နာရီခွဲက နတ္တလင်းအရှေ့ဘက် ပျဥ်းမခေါင်းရွာဘက်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့ပြီး တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ(၂) မှ တော်လှန်ရေးရဲဘော်များ အထိ အခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“စကစ စစ်ကြောင်းက ဒီဘက်မှာ အင်အား (၆၀) လောက်ရှိတာပေါ့နော်။ အဲဒီ (၆၀)လောက်မှာ အင်အား (၃၀)လောက်က ဖြန့်ပြီးတက်လာတဲ့အချိန် ကျနော်တို့ဘက်က ရှေ့ပွိုင့်ကင်းနဲ့တွေ့ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ”ဟု သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပျဥ်းမခေါင်းကျေးရွာအတွင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူငါးဦးကို ဖမ်းဆီးခေါ် ဆောင်သွားပြီး ယနေ့ညနေပိုင်းအထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း အထက်ပါရဲဘော် က ရှင်းပြသည်။

သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၁)သည် စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား တိုက်ခိုက်ခဲ့ရာ သြဂုတ် ၅ ရက်တွင် စစ်ထွက်တစ်ဦးလည်းဖြစ် PDF စခန်းတည်နေရာအား စစ်ကောင်စီတပ်ထံ လမ်းပြလုပ်ခဲ့သူလည်းဖြစ်သူ ကျော်ဝင်းဆိုသူအား ရှင်းလင်းခဲ့ပြီး သြဂုတ် ၁၈ ရက်က ကရင်ဆင်ဆွဲရွာအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စခန်းအားသိမ်းပိုက်နိုင်ချိန်တွင် သေဆုံးစစ်ကောင်စီတပ်ရုပ်အလောင်းအများအပြားကို စခန်းအတွင်းမြှပ်နှံထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

သတင်း

ထိခိုက်သူများအား (၁၂)ဘီးကားဖြင့် မုံရွာမြို့သို့သယ်သွားကြောင်း၊ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

သတင်း

အဆိုပါ ထိတွေ့တိုက်ပွဲတွင် သေဆုံးဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများအား ပျဥ်ထောင်ကျေးရွာသို့ သယ်ဆောင်သွားခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

တိုက်ပွဲဟာ သြဂုတ်လ ၂၄ ရက် နဲ့ သြဂုတ်လ ၃၀ ရက်အတွင်း သုံးကြိမ်ဖြစ်ပွားခဲ့တာလို့သိရပါတယ်။