Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CDM စစ်သားနှစ်ဦးကို မိသားစုနှင့် ဆုံဆည်းနိုင်ရေး KNU ထပ်မံကူညီပေး

စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသူများနှင့် မိသားစုဆုံဆည်းရေးကို KNU က ယခင်ကလည်း ကူညီဆောင်ရွက်ပေးခဲ့ဖူးသည်။

ဓာတ်ပုံ - Salween Press
ဓာတ်ပုံ - Salween Press

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ချိတ်ဆက် ကာ CDM လုပ်ဆောင်ခဲ့သည့် စစ်ကောင်စီတပ်သားနှစ်ဦးကို ၎င်းတို့၏ မိသားစုနှင့် ဆုံဆည်းနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း Salween Press က ဖော်ပြသည်။

KNUနှင့် ချိတ်ဆက်ကာ CDMလုပ်လာသည့် စစ်ကောင်စီတပ်သားများနှင့် ကျန်ခဲ့သည့် မိသားစုဝင်များ ပြန်လည်ပေါင်းစည်းရေး အစီအစဉ်အရ ယခုကဲ့သို့ စစ်သည်မိသားစုဝန်များကို KNU က ခေါ်ယူပေးခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - Salween Press
ဓာတ်ပုံ – Salween Press

ယခု ထပ်မံခေါ်ယူပေးခဲ့သူများမှာ ဩဂုတ်လဆန်းက CDM ပြုလုပ်လာသည့် ခမရ(၂)က တပ်သား ဟိန်းစိုးနှင့် ခလရ(၅၄)က တပ်ကြပ် သန်းနိုင်ဦးတို့၏ မိသားစုများဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသူများနှင့် မိသားစုဆုံဆည်းရေးကို KNU က ယခင်ကလည်း ကူညီဆောင်ရွက်ပေးခဲ့ဖူးသည်။

ဓာတ်ပုံ - Salween Press
ဓာတ်ပုံ – Salween Press

ဇူလိုင်လကုန်ပိုင်းက KNUထံ ခိုလှုံလာသည့် တပ်မ (၄၄) လက်အောက်ခံ ခမရ(၂၀၇)မှ ဒုတပ်ကြပ် ကျော်နိုင်စိုး၏ ကျန်ရှိ မိသားစုဝင်များကို KNUက ခေါ်ယူပေးခဲ့ရာ ဩဂုတ် ၁၃ရက်တွင် မိသားစုများ ဆုံဆည်းနိုင်ခဲ့ကြသည်။

ပြည်သူ့ဘက် ရပ်တည်လာသည့် စစ်ကောင်စီတပ် သားများကို KNUက လုံခြုံသည့်နေရာသို့ ပို့ပေးပြီး ပြည်သူ့ရင်ခွင်က စောင့်ရှောက်မှု ပေးလျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စခန်းအားသိမ်းပိုက်နိုင်ချိန်တွင် သေဆုံးစစ်ကောင်စီတပ်ရုပ်အလောင်းအများအပြားကို စခန်းအတွင်းမြှပ်နှံထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

သတင်း

ဩဂုတ် ၂၈ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ကို KRF၊ KNU/KNLA တပ်မဟာ(၁) တပ်ရင်း(၃)၊ PDF တပ်ရင်း(၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ထိုသို့လာရောက်ပူးပေါင်းသည့် ပြည်သူ့တပ်မတော်သားများအား ပထမအကြိမ် ကြိုဆိုဂုဏ်ပြုပွဲကို ဩဂုတ် ၂၈ရက်က ပြုလုပ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

ထို့ကြောင့် ပြည်သူများ အနေဖြင့် Cobra Column Facebook Page မှ ထုတ်ပြန်သည့် သတင်းအချက်အလက်များကိုသာ ကြည့်ရှုပေးရန်နှင့်Page Messengerသို့ တိုက်ရိုက် ဆက်သွယ်ပံ့ပိုးပေးရန်ကော်ဘရာ စစ်ကြောင်းက မေတ္တာရပ်ခံခဲ့သည်။