Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်အပြည့်အစုံဖြင့် CDM ဝင်ရောက်လာသော ရဲတပ်သားအား ကျပ်သိန်း(၇၀)ပေးအပ်ပြီး အခမ်းအနားဖြင့် ဂုဏ်ပြု

CDM များကိုဆက်လက်ကြိုဆိုသွားမည်ဖြစ်ပြီး လက်နက်အပြည့်အစုံပါရှိမှုပေါ်မူတည်၍ ထိုက် တန်စွာ ဂုဏ်ပြုပေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။

ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu)
ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu)

လက်နက်အပြည့်အစုံဖြင့် CDM ဝင်ရောက်လာသော ရဲတပ်သားအား ကျပ်သိန်း (၇၀)ပေးအပ်ပြီး အခမ်းအနားဖြင့် ဂုဏ်ပြုပေးခဲ့ကြောင်း The Youth Force (Saw & Kyaukhtu)က ယနေ့ (စက်တင်ဘာ ၁ ရက်) ထုတ်ပြန်သည်။

ဆောမြို့ ရဲစခန်းမှ ရဲတပ်သား ကိုဉာဏ်မင်းသည် ဗုံးသီး (၄) လုံး ၊ ကျည် (၃၀၀) တောင့် ၊ G3 တစ်လက် ၊ ကျည်ဘောက် (၂)ခုဖြင့် The Youth Force (Saw&Kyaukhtu) ထံသို့ ယမန်နေ့က ဝင်ရောက်ခိုလှုံလာခြင်း ဖြစ်သည်။

“အခု CDM ရဲတစ်ယောက်အပါအဝင် ကျွန်တော်တို့တပ်ဖွဲ့ထဲကို စုစုပေါင်း CDM လုပ်လာတဲ့ စစ်သားနဲ့ရဲ ၁၀ဦးကျော်ရှိပြီ”ဟု The Youth Force (Saw&Kyaukhtu) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

CDM များကိုဆက်လက်ကြိုဆိုသွားမည်ဖြစ်ပြီး လက်နက်အပြည့်အစုံပါရှိမှုပေါ်မူတည်၍ ထိုက် တန်စွာ ဂုဏ်ပြုပေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။

၎င်းသည် ရဲတပ်သားတာဝန်ကို ၂၀၁၇ ဇူလိုင် ၁၃ရက်တွင် စတင်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း အသိပေးသည်။

The Youth Force (Saw & Kyaukhtu) မှ ဂုဏ်ပြုငွေ ကျပ်သိန်း (၇၀) ဖြင့်ခမ်းနားစွာဂုဏ်ပြုပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသူများနှင့် မိသားစုဆုံဆည်းရေးကို KNU က ယခင်ကလည်း ကူညီဆောင်ရွက်ပေးခဲ့ဖူးသည်။

သတင်း

စစ်ကောင်စီတပ်သည် မင်းကင်းမြို့နယ်တွင် ပျူစောထီးရွာဖြစ်သည့် ပန်းဆက်ရွာ၌ အထိုင်ချကာ PDF လှုပ်ရှားနယ်မြေတဝိုက်သို့ ပျူစောထီးများနှင့် စစ်ကြောင်းထိုးနေသည်။

သတင်း

ပြည်သူ့ရင်ခွင် ခိုလှုံလာသည့်တပ်မ(၆၆) လက်အောက်ခံ ခမရ(၆)မှ တပ်သားစောဂျွန် ၏ ပြောကြားချက်ကို ကရင်နီပြည်သူ့ရင်ခွင်က ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲဲကြာချိန် မိနစ် ၂၀ ခန့်ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောက်ကျားဗျူဟာစနစ်ဖြင့် အသာစီးရယူတိုက်ခိုက်နိုင်ခဲ့သည်ဟုဆိုသည်။