Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံးတွင်စစ်အုပ်စုနှင့်ပျူပေါင်း၍ ​နေအိမ်နှစ်အိမ်ကို အနုကြမ်းစီးရွှေ (၃၀)ကျပ်သားနှင့် သိန်း (၁၇၀)ကျော်လုယက်သွားဟုမြို့နယ် ပကဖ ​ပြော

“ပစ်ခံရတဲ့ပြည်သူက ဆေးကုနေတယ်ခင်ဗျ။ ရွှေငွေရှိထားတာ သတင်းရလို့ ခုလိုအနုကြမ်းစီးလုယက်တာ ဖြစ်မယ် ထင်တယ်ဗျ”ဟု ၎င်းရဲဘော်က ဆက်ပြောသည်။

(​လောင်းလုံမြို့နယ်နှင့် အနီးဝန်းကျင်ရှိမြိူ့များကိုGoogle Mapတွင်​တွေ့ရပုံ)
(​လောင်းလုံမြို့နယ်နှင့် အနီးဝန်းကျင်ရှိမြိူ့များကိုGoogle Mapတွင်​တွေ့ရပုံ)

တနသ်ာရီတိုင်း လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ ငွေကြေးချမ်းသာသည့် နေအိမ်နှစ်လုံးကို စစ်​ကောင်စီတပ်နှင့် ပျူများ​ပေါင်း၍ လက်နက်ပြခြိမ်းခြောက်၍ ရွှေငွေနှင့် တန်ဖိုးရှိပစ္စည်းများအနုကြမ်းစီးယူ​​ဆောင်သွားကြောင်းလောင်းလုံး(ပကဖ)ကယနေ့ (စက်တင်ဘာ ၁)ရက်တွင်ထုတ်ပြန်သည်။

သြဂုတ် ၃၁ ရက်ည ၁၀ နာရီကျော်ကစစ်အုပ်စုမှတပ်ရင်းမှူး (G1)၊ ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများအပါအဝင် ပျူစောထီးခေါင်းဆောင်ချစ်စမ်းမောင်ဆိုသူနှင့် အဖွဲ့သည် ဆိုင်ကယ်ခြောက်စီး၊ကားတစ်စီးဖြင့်လောင်းလုံးနယ်ညောင်ပြင်ကျေးရွာမှနေအိမ်တစ်အိမ်ကိုစီးနင်းလုယက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဝင်ရောက်စီးနင်းစဥ် ပြည်သူပိုင်ပစ္စည်းများဖြစ်သော ရွှေ (၃၀)ကျပ်သားနှင့် ကျပ်သိန်း (၁၇၀)ကျော်ကို အိမ်ရှင်များထံမှ ခြိမ်းခြောက်ယူ​ဆောင်ကာ အနုကြမ်းစီးသွားသည်ဟု​လောင်းလုံပကဖက ​ဖော်ပြထားသည်။

အလားတူ ယမနေ့ညပိုင်း၌ပင် သဘော့ဆိပ်ကျေးရွာအုပ်စု ပြင်ကြီးရွာ(ရှိုင်သာယာ)မှ ပျူစောထီးခေါင်းဆောင်ဟောင်း ဇော်မျိုးဦးဆိုသူ၏ဇနီး မမီးဝေအား သဘော့ဆိပ်ပျူခေါင်းဆောင် ဦးလေးလေး၏တပည့် ကပ္ပလီဝင်းဇော်ဦးဆိုသူက ဦးခေါင်းအား သေနတ်ဖြင့်တေ့ပြီး ရွှေငွေများထုတ်ပေးရန် ခြိမ်းခြောက်ခဲ့သည်။

ထို့အပြင် ပျူစောထီးဆိုသူများက မမီးဝေအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း လောင်းလုံး(ပကဖ)မှ တော်လှန်ရေးရဲ ဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

“ပစ်ခံရတဲ့ပြည်သူက ဆေးကုနေတယ်ခင်ဗျ။ ရွှေငွေရှိထားတာ သတင်းရလို့ ခုလိုအနုကြမ်းစီးလုယက်တာ ဖြစ်မယ် ထင်တယ်ဗျ”ဟု ၎င်းရဲဘော်က ဆက်ပြောသည်။

စစ်အုပ်စု၏ အထက်ပါလုပ်ရပ်များမှာ ပြည်သူများထံအ ကြမ်းဖက်ဓါးပြတိုက် လူသတ်မှုဖြင့်အကြောက်တရားအားရိုက်သွင်းကာ တစ်ဖက်တွင်လည်း PDF နှင့် ပြည်သူများသွေးကွဲအောင်ပြုလုပ်နေကြခြင်းဖြစ်သည်ဟု လောင်းလုံး(ပကဖ)က သုံးသပ်ထားသည်။

ထို့ကြောင့် လောင်းလုံးမြို့နယ်ရှိ မိဘပြည်သူများအတက်နိုင်ဆုံး လုံခြုံသည့်နေရာများတွင် နေပေးရန်နှင့် မိမိတို့၏ အဖိုးတန်ပစ္စည်းများကိုလုံခြုံစွာသိမ်းဆည်းထားရှိရန်အကြံပြုတိုက်တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"အမျိုးမျိုးဒုက္ခပေးနေကြတာမပြီးတော့ဘူး။ပြည်သူအချင်းချင်းညီမှရမယ်ဆိုတာဒါကသက်သေပဲ" ဟုအခြားပြည်သူတစ်ဦးကလည်း မှတ်ချက်ပြုသည်။

သတင်း

မြို့ပြအထူးစစ်ဆင်ရေးအရ တိုက်ခိုက်မှုကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ဒေါင်းညီနောင် PDF၊Black Wolf People’s Defense Force (MDY)နှင့်People's Defense Force – Mandalay တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

"မနက်ပိုင်း​က တောင်မြို့ကျေးရွာကို မီးရှို့တယ်။ နေ့လယ်ပိုင်းမှာ တောင်ကြားရွာကို ရှို့တယ်။ နှစ်ရွာကလည်း သိပ်မဝေးဘူး။ တစ်ရက်တည်းနှစ်ရွာဆက်တိုက် အရှို့ခံရတာပါ။"ဟု စစ်ကိုင်းနယ်ခံတစ်ဦးက ပြောသည်။

သတင်း

ထို့အပြင် နံနက် ၁၀နာရီခန့်တွင် ရေစကြိုနယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းသို့ အနောက်ဘက်ကမ်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။