Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ်ရှိ စစ်ကောင်စီစခန်းနှစ်ခု တပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား သေဆုံးမှုများဟုဆို

စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံးများပြားနိုင်ပြီး ၁၀ဦးထက်မနည်း သေဆုံးသည်ဟု ကနဦး သိရှိရကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် BlackGodပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-BlackGodပြောက်ကျားတပ်ဖွဲ့)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် BlackGodပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-BlackGodပြောက်ကျားတပ်ဖွဲ့)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နေရာနှစ်ခုအား တပြိုင်နက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားသေဆုံးမှု များပြားနိုင်ကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သြဂုတ် ၃၀ ရက် ညနေ ၅ နာရီခန့်က မြိုင်မြို့နယ်အနောက်ပိုင်း ၊ ကျောက်ခွက်ရေနံမြေ Well 2 ရှိ စစ်ကောင်စီစခန်းနှင့် တောင်ရိုးလမ်းဆုံ စစ်ဆေးရေးဂိတ်စခန်းတို့ကို စစ်ကိုင်းတိုင်း ​ယင်းမာပင်နှင့် မကွေးတိုင်း မြိုင်နယ်ရှိ ဒေသတွင်း PDFများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့သည်။

အဆိုပါ စစ်ကောင်စီစခန်းနှစ်နေရာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ၄၅မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်ဟု BlackGod ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံးများပြားနိုင်ပြီး ၁၀ဦးထက်မနည်း သေဆုံးသည်ဟု ကနဦး သိရှိရကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါစစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း (၁၁)၊ တပ်ခွဲ -၃ BlackGodပြောက်ကျားတပ်ဖွဲ့ နှင့်အတူ ဂျိန်းစဘွန်းပြောက်ကျားတပ်ဖွဲ့၊ OneSecondပြောက်ကျားတပ်ဖွဲ့၊ Jokerပြောက်ကျားတပ်ဖွဲ့ အပါအဝင် အခြားသော ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ၁၀ဖွဲ့ကျော်ခန့်ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က အကြမ်းဖက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေ၍ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒီနေ့ မဟာအောင်မြေမြို့နယ်၊မဟာနွယ်စဉ်ရပ်ကွက်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့တွေ့ဆုံပွဲ နဲ့ မနီးမဝေးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။

သတင်း

စစ်ကောင်စီတပ်ကလည်း လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း Special-HPDFက ထုတ်ပြန်သည်။

သတင်း

လက်ရှိ အချိန် တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီတပ်က ကလေးမြို့နှင့် ဖလမ်းမြို့ဘက်မှ ကုန်းကြောင်း လေကြောင်းဖြင့် လူအင်အားလက်နက်အင်အားများ ဖြည့်တင်းလျက်ရှိသည်ဟုဆိုသည်။

သတင်း

ယခုရက်ပိုင်းမှာပဲ မြိုင်နယ်က ကျေးရွာအများစုဟာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ‌တိမ်းရှောင်နေကြရပါတယ်။