Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွေဦးမော်ကွန်းသစ်စီမံကိန်းမှ ကန်ဒေါ်လာ ၃၂,၀၀၀ တန်မြေကွက် (၄၀၀) တစ်ရက်တည်း ရောင်းကုန်

ထို့အပြင် ဝယ်ယူနိုင်မည့် ဒုတိယပုံစံတွင် ဆိုင်းငံ့ငွေ ၆၀ ရာခိုင်နှုန်းအား တော်လှန်ရေးအပြီး ပေးချေရန်ဟု အသီး သီးသတ်မှတ်ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

နွေဦးမော်ကွန်းသစ်စီမံကိန်းမှ ကန်ဒေါ်လာ ၃၂,၀၀၀ တန်မြေကွက် (၄၀၀) တစ်ရက်တည်း ရောင်းကုန်
နွေဦးမော်ကွန်းသစ်စီမံကိန်းမှ ကန်ဒေါ်လာ ၃၂,၀၀၀ တန်မြေကွက် (၄၀၀) တစ်ရက်တည်း ရောင်းကုန်

NUG အစိုးရကစီစဥ်သည့် နွေဦးမော်ကွန်းသစ်စီမံကိန်းမှ အမေရိကန်ဒေါ်လာ ၃၂,၀၀၀ တန်မြေကွက် (၄၀၀) တစ်ရက်တည်း ရောင်းကုန်သွားကြောင်း စီစဥ်ရောင်းချပေးခဲ့သည့် The End Of Dictatorship က ယနေ့ (စက် တင်ဘာ ၁)ညနေ ၄ နာရီခန့်တွင် အသိပေးထုတ်ပြန်သည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သံသုမလမ်းမကြီးပေါ်ရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းနေရာအား ပေ ၄၀ × ၆၀ အကွက်များသတ်မှတ်၍ ယနေ့ (စက်တင်ဘာ ၁ ရက်)တွင် စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ၁၅ နာရီအတွင်း မြေကွက်အားလုံး ရောင်းကုန်သွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

နွေဦးမော်ကွန်းသစ်စီမံကိန်းမှ ကန်ဒေါ်လာ ၃၂,၀၀၀ တန်မြေကွက် (၄၀၀) တစ်ရက်တည်း ရောင်းကုန်
နွေဦးမော်ကွန်းသစ်စီမံကိန်းမှ ကန်ဒေါ်လာ ၃၂,၀၀၀ တန်မြေကွက် (၄၀၀) တစ်ရက်တည်း ရောင်းကုန်

မြေကွက်တစ်ကွက်လျှင် ရောင်းစျေးအဖြစ် အမေရိကန်ဒေါ်လာ ၃၂,၀၀၀ သတ်မှတ်ထားပြီး လက်ငင်းဝယ်ယူသူအား ၄၀ ရာခိုင်နှုန်းလျှော့စျေးဖြင့် ဒေါ်လာ ၁၂,၈၀၀ သတ်မှတ်ကာ ယင်းကျသင့်ငွေအား အရစ်ကျသုံးလသတ်မှတ်ပေးထားသည်။

ထို့အပြင် ဝယ်ယူနိုင်မည့် ဒုတိယပုံစံတွင် ဆိုင်းငံ့ငွေ ၆၀ ရာခိုင်နှုန်းအား တော်လှန်ရေးအပြီး ပေးချေရန်ဟု အသီး သီးသတ်မှတ်ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

“ဝယ်ယူသည့် တော်လှန်ပြည်သူ အပေါင်းနဲ့ အရောင်းကိုယ်စားလှယ်များကို ကျေးဇူး အထူးပါ”ဟု The End Of Dictatorship က ကျေးဇူးစကားဆိုထားသည်။

အထက်ပါ နွေဦးမော်ကွန်းသစ်စီမံကိန်းတွင် ဆက်လက်ရောင်းချရန် ပေ ၆၀ × ၈၀ မြေကွက် တစ်ကွက်လျှင် အမေရိကန်ဒေါ်လာ ၆၄,၀၀၀ သတ်မှတ်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၀ကျော်သာ ယနေ့ဈေးဖွင့်ထားသည်။

သတင်း

“ဒေါ်လာက ဈေးဖွင့်တယ်ဆိုတာမရှိတော့မရှိတော့ဘူး။ ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြစ်နေပြီ”ဟု ငွေလဲလုပ်ငန်းရှင်တစ်ဦးကပြောသည်။

သတင်း

“စစ်တပ်နဲ့ နီးစပ်တဲ့ သူဌေးတွေကိုက စစ်ကောင်စီမှာ ဒေါ်လာကော၊ရွှေကော ထိန်းချုပ်နိုင်တဲ့ စွမ်းရည်မရှိတော့ဘူးဆိုတာသိလာတယ်။ မြန်မာ့စီးပွားရေးဘာဆက်ဖြစ်မယ်ဆိုတာ ကြိုသိလာတော့ ရွှေနဲ့ ဒေါ်လာကို ရသလောက် ဝယ်စုနေတာပါ” ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။

သတင်း

စက်သုံးဆီဈေးဖက်မှာလည်း ရုရှားက ဆီတွေ စက်တင်ဘာလဆန်းပိုင်းမှာ ပြည်တွင်းကိုရောက်မယ်လို့ စစ်ကောင်စီက ပြောဆို ချိန်မှာပဲ တစ်လီတာကို ကျပ်၃၀၀၀အထက်ကိုရောက်သွားပါတယ်။