Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့ပေါ် ဗုံးပေါက်၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

ဗုံးပေါက်ကွဲသောနေရာသည် အကြမ်းဖက်စစ်ကောင်စီတပ်သားများ မကြာခဏကင်းပတ် ကင်းပုန်းလေ့ရှိသည့်နေရာဖြစ်ပြီး လူသူအသွားအလာနည်းကြောင်း သိရသည်။

ခင်ဦးမြို့
ခင်ဦးမြို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက် ၁၀နာရီ ၂၀မိနစ်ခန့်က ခင်ဦးမြို့ ဘူတာအရှေ့ဘက် ပန်းခြံနှင့် ပေလမ်းကူး ကန်တော်တံတား အရှေ့ဘက်ထိပ် (၁၀)ပေခန့်တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ဗုံးပေါက်ကွဲမှုကြောင့် အသက်(၂၅)နှစ်အရွယ် မမီးမီးဆိုသူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိကာ ခင်ဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ဗုံးပေါက်ကွဲသောနေရာသည် အကြမ်းဖက်စစ်ကောင်စီတပ်သားများ မကြာခဏကင်းပတ် ကင်းပုန်းလေ့ရှိသည့်နေရာဖြစ်ပြီး လူသူအသွားအလာနည်းကြောင်း သိရသည်။

ယမန်နေ့က ခင်ဦးနယ်တိုက်ပွဲ၌ အရာရှိသုံးဦးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ကျော် သေဆုံး၍ စစ်ကောင်စီတပ်က ပိုမိုအကြမ်းဖက်လာနိုင်သောကြောင့် နယ်သူနယ်သားများ သတိပြုနေထိုင်ကြရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ ယမန်နေ့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ မွန်းတည့် ၁၂ နာရီဝန်းကျင်က ရွှေကူတဲစုကျေးရွာအနီးတွင်တစ်ကြိမ်၊ ညနေ ၅ နာရီခန့်က ရေဦး မူးမြစ်ကူးနားတွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

သတင်း

အဆိုပါ ထိတွေ့တိုက်ပွဲတွင် သေဆုံးဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများအား ပျဥ်ထောင်ကျေးရွာသို့ သယ်ဆောင်သွားခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

ULA အနေဖြင့် အာရက္ခ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေး အပြည့်အ၀ရရှိစေရန် အတွက် ယခုထက်မက ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ကြေညာသည်။

သတင်း

ဖမ်းဆီးစစ်ဆေးနေသူများသည် စစ်ဆင်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ပြည်သူ များဖြစ်ပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်အားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။