Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြင်သစ်က ဟောပြောပွဲ တစ်ခုမှာပါဝင်မယ့် တော်လှန်ရေး လှုပ်ရှားသူပန်းချီဆရာမခြူး​ဝေ

အကြုံတွေကိုလည်း ဟောပြောသွားမယ်လို့ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ အခြေစိုက် ငြိမ်းချမ်းရေး သုတေသနဌာန (PRIO)ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

(ပန်းချီဆရာမ ခြူး​ဝေနှင့် ဆွစ်ဇာလန်နိုင်ငံတွင်သူမ​ရေးဆွဲဖန်တီးထားသော မြန်မာပြည်သူများ၏ခံစားချက်ကိုပဲ့တင်သံထပ်​စေသည့်ပန်းချီကားများ။ ဓါတ်ပုံ- ခြူး​ဝေFB)
(ပန်းချီဆရာမ ခြူး​ဝေနှင့် ဆွစ်ဇာလန်နိုင်ငံတွင်သူမ​ရေးဆွဲဖန်တီးထားသော မြန်မာပြည်သူများ၏ခံစားချက်ကိုပဲ့တင်သံထပ်​စေသည့်ပန်းချီကားများ။ ဓါတ်ပုံ- ခြူး​ဝေFB)

မြန်မာ့ နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့တဲ့ လူငယ် ပန်းချီ ဆရာမခြူး​ဝေဟာ ပြင်သစ်နိုင်ငံက အနုပညာ ဆွေးနွေးပွဲ တစ်ခုမှာ ပါဝင် ဟောပြောသွားမှာ ဖြစ်ပါတယ်။

ပန်းချီဆရာမခြူးဝေ(ခြူး​ဝေငြိမ်းလို့လည်း​ခေါ်ကြပါတယ်)ဟာ သူမဖန်တီးထားတဲ့ အနုပညာ လက်ရာတချို့အကြောင်း ရှင်းလင်း ပြသရင်း စစ်အာဏာရှင်တွေရဲ့ အဖိနှိပ်ခံ လူ့အသိုက်အဝန်း တစ်ခုမှာ ဖြတ်သန်းခဲ့ရတဲ့သူ့အတွေ့

အကြုံတွေကိုလည်း ဟောပြောသွားမယ်လို့ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ အခြေစိုက် ငြိမ်းချမ်းရေး သုတေသနဌာန (PRIO)ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

သူမဟာ မျက်မှောက်ခေတ် မြန်မာအမျိုးသမီးတွေရဲ့ ဘဝအခြေအနေ အရပ်ရပ်ကို ဖော်ကျူးတဲ့ အနုပညာ လက်ရာတွေ ဖန်တီးခဲ့သူ တစ်ဦးအဖြစ်ပန်းချီအသိုင်းအဝန်းမှာသတ်မှတ် ခံထားရပါတယ်။ သူဟာ ရိုးရာနဲ့ လက်ဖြစ် ပန်းချီ ပစ္စည်းတွေကို အဓိက အသုံးပြုပြီး ယုံကြည်မှု ပြည့်ဝတဲ့၊ ခိုင်မာ အားကောင်းတဲ့ အမျိုးသမီးတွေပုံ ပန်းချီ လက်ရာတွေ ရေးဆွဲခဲ့ပါတယ်။

သူ့ရဲ့ အနုပညာ ဗီဇနဲ့ စိတ်ကူးဉာဏ် ထက်သန်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ပန်းချီ အနုပညာ ရပ်ဝန်းမှာ ထင်ရှားတဲ့ တက်သစ်စ ပန်းချီဆရာမတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်တော့ ပန်းချီဆရာမခြူးဝေနွယ်ဟာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ပြီး Write for Rights ဆန္ဒပြ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။

(ပန်းချီဆရာမ ခြူး​ဝေနှင့် ဆွစ်ဇာလန်နိုင်ငံတွင်သူမ​ရေးဆွဲဖန်တီးထားသော မြန်မာပြည်သူများ၏ခံစားချက်ကိုပဲ့တင်သံထပ်​စေသည့်ပန်းချီကားများ။ ဓါတ်ပုံ- ခြူး​ဝေFB)
(ပန်းချီဆရာမ ခြူး​ဝေနှင့် ဆွစ်ဇာလန်နိုင်ငံတွင်သူမ​ရေးဆွဲဖန်တီးထားသော မြန်မာပြည်သူများ၏ခံစားချက်ကိုပဲ့တင်သံထပ်​စေသည့်ပန်းချီကားများ။ ဓါတ်ပုံ- ခြူး​ဝေFB)

သူ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် အကြမ်းဖက် စစ်တပ်ရဲ့ ပစ်မှတ်ထားခြင်းကို ခံလာရတဲ့အခါ သူမဟာ ပြည်ပကို တိမ်းရှောင်ခဲ့ရပါတယ်။ သူဟာ ကိုယ်ပိုင် ပန်းချီလက်ရာတွေကို ယူကရိန်းနိုင်ငံဆီပေးပို့နိုင်ခဲ့ပြီးအဲဒီမှာအခြေချဖို့ရည်ရွယ်ခဲ့ပေမယ့် ရုရှားရဲ့ ကျူးကျော် စစ်ပွဲကြောင့် အစီအစဉ်တွေ ပြောင်းလဲခဲ့ရပါတယ်။ လောလောဆယ် ပန်းချီဆရာမခြူးဝေငြိမ်းဟာ ပြင်သစ်နိုင်ငံကို ရောက်ရှိနေပြီး မြန်မာစစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တတ်အားသ၍ ပါဝင်နေဆဲ ဖြစ်သလို အနုပညာ လက်ရာသစ်တွေလည်း ဆက်ပြီး ဖန်တီးနေပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မြေနီကုန်းခုံးကျော်တံတားနံရံပန်းချီကို ဖျက်ဆီးခဲ့တဲ့အတွက်ပိုမိုကြီးမားသော နံရံပန်းချီကို ဆွစ်ဇာလန်နိုင်ငံ၊ဇူးရစ်မြို့ကအိမ်နံရံတစ်ခုမှာ အခုနှစ်(၂၀၂၂)ဧပြီလမှာ မြန်မာအမျိုးသမီးပန်းချီဆရာမ ခြူး​က​ရေးဆွဲဖန်တီးခဲ့ပါတယ်။

စစ်အာဏာရှင်အလိုမရှိသင်္ကေတ ‘လက်သုံးချောင်းထောင်’ ထားတဲ့ အမျိုးသမီးပုံကို​နံရံပန်းချီကို ၅၂ x ၆၂ ပေ အကျယ်ရှိ နံရံအပြည့်ရေးဆွဲခဲ့တာပါ။

“မြန်မာပြည်အတွက် နံရံပန်းချီ။ သူတို့က နံရံပန်းချီတွေ ဖျက်ပစ်တယ်၊ ကိုယ်ကလဲ ပိုကြီးတဲ့တခု ထပ်ဆွဲလိုက်တယ်” လို့ ပန်းချီဆရာမက သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ဒါ့အပြင် ပန်းချီဆရာမ ခြူး​ဝေက အဖိုးတန်မျက်ရည်များအမည်နဲ့ မြန်မာပြည်သူ​တွေ ဆုံးရှုံးရတာ​တွေ ၊ ခံစားရတာ​တွေကို စကားလုံး​တွေနဲ့ပုံ​ဖော်ပြီး​တော့ အဲဒီနံရံပန်းချီကားအကြီးမှာဖန်တီး​ရေးဆွဲခဲ့တာပါ။

“ဘယ်သူကမှ ဆုံးရှူံးမှုကို မခံစားချင်ဘူး”

“ကိုယ်ချစ်တဲ့ လိုက်ကာအပြာလေးကို ဆုံးရှူံးခဲ့ရတယ်”

“ချစ်ရတဲ့ ကောင်လေးကို ဆုံတွေ့ခွင့် ဆုံးရှူံးခဲ့ရတယ်”

“ဘောလုံးပွဲကြည့်ရင် ငြင်းခုန်မဲ့အဖေ့ကို ဆုံးရှူံးခဲ့ရတယ်”

“သူ့ကို နားလည်ပေးတဲ့ အဖွားကို ဆုံးရှူံးခဲ့ရတယ်”

“လူလိုသူလို နေထိုင်ခွင့်တွေ ဆုံးရှူံးခဲ့ရတယ်”

“ကိုယ့်ရဲ့ နိုင်ငံကို ဆုံးရှူံးခဲ့ရတယ်”

“လျှပ်စစ်မီးတွေ၊ အင်တာနက်တွေ ပုံမှန် သုံးခွင့် ဆုံးရှူံးနေရတယ်”

“လုံခြုံမှု ဆိုတာကို ဆုံးရှူံးခဲ့ရတယ်”

“ခုန်နေတဲ့ နှလုံးသားတွေ ဆုံးရှူံးခဲ့ရတယ်”

“လွတ်လပ်စွာ ဆန္ဒပြမှုတွေ ဆုံးရှူံးခဲ့ရတယ်”

“ကိုယ်၊လက် အင်္ဂါတွေ ဆုံးရှူံးခဲ့ရတယ်”

“ဂီတာတီးတာ ကြိုက်တဲ့သူ့လက် အရိုက်ခံခဲ့ရတာတွေကြောင့် လက်အကြောနဲ့ လှုပ်ရှားနိုင်မှု​တွေ ဆုံးရှုံးရတယ်”

ဆုံးရှူံးမှုတွေက ပြောရရင်တော့ အများကြီးပဲ။ မြန်မာနိုင်ငံသား အားလုံးကို ဘောပင်တစ်ချောင်းပေးပြီး ‘ရော့၊ ရေး၊ မင်းဆုံရှူံးခဲ့တာတွေ’လို့ ပြောရင် ကျွန်တော်တို့ ခင်ဗျားတို့ မသိသေးတဲ့ ဆုံးရှူံးမှုတွေပါ မြင်ရလိမ့်မယ်”လို့ လည်းသူမက ​ရေးသားထားပါတယ်။

“ခု – ဒီမြန်မာပြည်အတွက် နံရံဟာ အဖိုးတန်မျက်ရည်​တွေနဲ့ အတူ ရေးဆွဲပုံဖော်ခဲ့ပြီး နံရံလေးက စကားတွေပြောနေတယ်။” လို့ ပန်းချီရာမ​က မြန်မာပြည်သူ​တွေရဲ့ခံစားချက်​တွေကို ဆွစ်ဇာလန်နိုင်ငံမှာ ပန်းချီပညာနဲ့​ပြောပြခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လုပ်ငန်းရှင်များသည် စစ်ကောင်စီနှင့်ပူးပေါင်း၍ အခွန်ပေးလုပ်ဆောင်နေသည်ကိုသိရှိပြီးဖြစ်ကြောင်း၊မိမိတို့တင်မြှောက်ထားခြင်းမရှိသော အကြမ်းဖက် စစ်ကောင်စီကို အခွန်ပေးထောက်ပံ့နေခြင်းအား မိမိတို့လွတ်မြောက်မှုမရခင် လျစ်လျူရှုထားခြင်းဖြစ်သည်ဟု သပိတ်ကျင်း PDFက ပြောသည်။

သတင်း

"အခြားအဖွဲ့တွေရှိနိုင်သေးလားဆိုတာတော့ စုံစမ်းမှုတွေပြုလုပ်ဖြစ်မှမှတ်ချက်ပေးနိုင်ပါမယ်။ သတိထားပြီးမှ လက်ခံယုံကြည်ကြဖို့တော့တိုက်တွန်းပါတယ်။ "ဟု ၎င်းက ပြောသည်။

သတင်း

“မိမိတို့အစိုးရအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်မှုများမှာ ယုံကြည်မှုပိုမိုတိုးတက်လာအောင်၊ ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုတိုးတက်လာအောင် အစွမ်းကုန်ကြိုးပမ်းကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာ

ဒီကိစ္စကို ဖုံးဖိထားလို့ မရဘဲ သတင်းထွက်လာတဲ့နောက် ပြင်သစ် လေကြောင်း လုံခြုံရေးဌာန တာဝန်ရှိသူတွေနဲ့ လေကြောင်းလိုင်းတို့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး လေယာဉ်မှူး နှစ်ယောက်ကို ပျံသန်းခွင့် ဆိုင်းငံ့ထားလိုက်တာပါ။