Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါင်းတည်မြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

အထက်ပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သောင်းစိန် သည် PPDF မှ သေနတ်ဖြင့် သုံးချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတင်ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဆိုသည်။

ပေါင်းတည်မြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ
ပေါင်းတည်မြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ဇီးပင်လှကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သောင်းစိန် (ခ)စိန်ခေါ်သံဆိုသူအား ပစ်ခတ်ရှင်းလင်းလိုက် ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၃)၊ တပ်စု (၇) ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က ထုတ်ပြန် သည်။

ယမန်နေ့ (စက်တင်ဘာ ၁ ရက်) ညနေ ၅ နာရီ ၅၀ ခန့်က ပေါင်းတည်နယ်၊ နွားခြံကုန်းအုပ်စု၊ ဇီးပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး သောင်းစိန် ဆိုသူအား ပေါင်းတည် PPDF မှ သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

အထက်ပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သောင်းစိန် သည် PPDF မှ သေနတ်ဖြင့် သုံးချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတင်ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဆိုသည်။

​​သောင်းစိန်သည် လောင်းကစားဝိုင်းများပြုလုပ် ခြင်း၊ ပြည်သူများကို PDF များနှင့် မပတ်သက်ရန် ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်းတို့အပြင် စစ်ကောင်စီ၏အမာခံဒေါက်တိုင်ဖြစ်သဖြင့် Paungde People Defense Force-PPDF တပ်ရင်း (၃၆၀၁) တပ်ခွဲ(၃) တပ်စု(၇) မှ ပစ်ခတ် သုတ်သင်ရှင်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ပျူနှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများကြောင့် ​ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်၏ ဖောလုတပ်စခန်းကို စက်တင်ဘာ ၂ရက် နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟုဆိုသည်။

သတင်း

ဩဂုတ် ၂၇ရက်တွင် ခလရ (၅၅) စစ်ကြောင်းသည် ထယ်လှော်ရွာရှိ လူနေအိမ် (၁၄)လုံး၊ ကား(၁)စီး၊ဆိုင်ကယ်(၅)စီးတို့အားမီးရှို့ဖျက် ဆီးခဲ့ပြီး ထယ်လှော်ရွာအရှေ့တောင်ဘက် တင်းလဲကုန်းဘက် အတိုင်းထွက်လာစဉ် ဂန့်ဂေါခရိုင်အမှတ်(၁)တပ်ရင်းနှင့်ပကဖ ရဲဘော်တို့မှစောင့်ကြိုတိုက်ခိုက်ခဲ့သည်။

သတင်း

မြင်းမူမြို့နယ်သည် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် တည်ရှိပြီး စစ်အာဏာရှင်ကို ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ကာ စစ်ကောင်စီတပ်နှင့်ပျူများ၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးသတ်ဖြတ်ခြင်းများ မကြာခဏ ခံနေရသည်။