Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူတွင် ပျူသုံးဦးကိုPDFများကပစ်ခတ်ရှင်းလင်း၊ လက်နက် တစ်လက်ပါ သိမ်းဆည်းရရှိ

မြင်းမူမြို့နယ်သည် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် တည်ရှိပြီး စစ်အာဏာရှင်ကို ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ကာ စစ်ကောင်စီတပ်နှင့်ပျူများ၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးသတ်ဖြတ်ခြင်းများ မကြာခဏ ခံနေရသည်။

(သိမ်းဆည်းရမိသောသေနတ်အား တွေ့ရစဥ်။ဓာတ်ပုံ-Nway Oo Takhon)
(သိမ်းဆည်းရမိသောသေနတ်အား တွေ့ရစဥ်။ဓာတ်ပုံ-Nway Oo Takhon)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ဒေသခံပြည်သူအား အကြမ်းဖက်နေသည့် ပျူစောထီးအဖွဲ့ဝင် သုံးဦး ပစ်ခတ်ခံရ၍ သေဆုံးသွားပြီး ၎င်းတို့၏ လက်နက်တစ်လက်ပါ သိမ်းဆည်းခံလိုက်ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (စက်တင်ဘာ၁ ရက်) ညပိုင်းက မြင်းမူနယ်တဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပေါင်းပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးနေသော ပျူစောထီးသုံးဦးအား မဟာမိတ်ညီနောင်များနှင့်ပူးပေါင်း၍ ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း၊ ၎င်းတို့ထံမှ လက်လုပ် သေနက်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း Nway Oo Takhon PDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Nway Oo Takhon PDFအဖွဲ့ တာဝန်ရှိသူက “မဟာမိတ်သုံးဖွဲ့နဲ ပျူ​လေးကောင်ကို ဝင်ဖမ်းတယ်။ သုံးကောင်မိပြီး တစ်ကောင်လွတ်သွားတယ်။ သေနတ်တစ်လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချိူ့ ရပါတယ်။ဒီပျူတွေက မြင်းမူဘက်မှာ လှုပ်ရှားပြီး ငါန်းဇွန်ဘက် က ပျူတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ပျူတွေဟာ စကစသတင်းပေးလုပ်တယ်။ အကြမ်းဖက်စကစတပ်တွေစစ်ကြောင်းထိုးတဲ့အခါလမ်းပြလိုက်တယ်။အလိုတူအလိုပါပြည်သူလူထုအိုးအိမ်ကိုဖျက်ဆီးနေကြသူတွေပါ။”ဟု ပြောကြားသည်။

မြင်းမူမြို့နယ်သည် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် တည်ရှိပြီး စစ်အာဏာရှင်ကို ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ကာ စစ်ကောင်စီတပ်နှင့်ပျူများ၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးသတ်ဖြတ်ခြင်းများ မကြာခဏ ခံနေရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဩဂုတ် ၂၇ရက်တွင် ခလရ (၅၅) စစ်ကြောင်းသည် ထယ်လှော်ရွာရှိ လူနေအိမ် (၁၄)လုံး၊ ကား(၁)စီး၊ဆိုင်ကယ်(၅)စီးတို့အားမီးရှို့ဖျက် ဆီးခဲ့ပြီး ထယ်လှော်ရွာအရှေ့တောင်ဘက် တင်းလဲကုန်းဘက် အတိုင်းထွက်လာစဉ် ဂန့်ဂေါခရိုင်အမှတ်(၁)တပ်ရင်းနှင့်ပကဖ ရဲဘော်တို့မှစောင့်ကြိုတိုက်ခိုက်ခဲ့သည်။

သတင်း

အထက်ပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သောင်းစိန် သည် PPDF မှ သေနတ်ဖြင့် သုံးချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတင်ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ယင်းနေရာ (အခြေစိုက်စခန်း)အား စွန့်ခွာခဲ့သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တစ်နှစ်အတွေ့အကြုံ ပြန်သုံးသပ်ပြီး လာမည့်နှစ်မဟာဗျူဟာကို ညှိနှိုင်းဆွေးနွေးရေးဆွဲနေသည်ဟု ဆိုသည်။