Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးကုတ်တိုက်ပွဲတွင် အခြားရဲဘော်များကို ဆုတ်ခွာခိုင်းပြီး တစ်ဦးတည်းခံပစ်ရင်း ရှေ့တန်း၌ကျန်နေခဲ့သည့် ဒုရင်းမှူးကိုမှိုင်း ငါးရက်အကြာတွင် တပ်ရင်းသို့ ပြန်ရောက်လာ

“တိုက်ပွဲတွင်မသေပျောက်ဘဲ တောတွင်း၌ ငါးရက်လုံးလုံး ထမင်းမစားရဘဲ မိမိတပ်ဖွဲ့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်”ဟု PLA က ထုတ်ပြန် သည်။

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီနှင့်တိုက်ပွဲအတွင်း အခြားရဲဘော်များကို ဆုတ်ခွာခိုင်းပြီး တစ်ဦးတည်းခံပစ်ရင်း ရှေ့တန်း၌ ကျန်နေခဲ့သည့် ဒုရင်းမှူးတစ်ဦးသည် ငါးရက်အကြာတွင် တပ်ရင်းသို့ ပြန်ရောက်လာခဲ့သည်ဟု ပြည်သူ့လွတ်လပ်ရေးတပ်မတော် (PLA)က သတင်းထုတ်ပြန်သည်။

သြဂုတ် ၂၈ရက် နံနက်က တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ မိုးကုတ် PDFနှင့် PLA ပူးပေါင်းမဟာမိတ်အဖွဲ့တို့ မိုးကုတ်မြို့နယ်၊လောင်စဥ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တိုက် ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

စစ်ကောင်စီဘက်က ၁၅ဦးထက်မနည်းသေဆုံးခဲ့သည့် ယင်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အမှတ် (၂)စစ်ဒေသမှူး ဒုတပ်မှူး ရဲဘော် ကိုမှိုင်းသည် ကျန်မဟာမိတ်ရဲဘော်အားလုံးကို ဆုတ်ခွာစေခဲ့ပြီး တစ်ဦးတည်းကျန်ရစ်ခဲ့စဥ် မိခင်တပ်ရင်းနှင့် အဆက်အသွယ်ပြတ်တောက် သွားခဲ့ကြောင်း၊ ယနေ့( စက်တင်ဘာ ၂ရက်)တွင် တပ်ရင်းသို့ပြန်ရောက်လာခဲ့သည်ဟု PLA က ထုတ်ပြန်သည်။

မိုးကုတ်တိုက်ပွဲတွင် အခြားရဲဘော်များကို ဆုတ်ခွာခိုင်းပြီး တစ်ဦးတည်းခံပစ်ရင်း ရှေ့တန်း၌ကျန်နေခဲ့သည့် ဒုရင်းမှူးကိုမှိုင်း ငါးရက်အကြာတွင် တပ်ရင်းသို့ ပြန်ရောက်လာ
မိုးကုတ်တိုက်ပွဲတွင် အခြားရဲဘော်များကို ဆုတ်ခွာခိုင်းပြီး တစ်ဦးတည်းခံပစ်ရင်း ရှေ့တန်း၌ကျန်နေခဲ့သည့် ဒုရင်းမှူးကိုမှိုင်း ငါးရက်အကြာတွင် တပ်ရင်းသို့ ပြန်ရောက်လာ

“တိုက်ပွဲတွင်မသေပျောက်ဘဲ တောတွင်း၌ ငါးရက်လုံးလုံး ထမင်းမစားရဘဲ မိမိတပ်ဖွဲ့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်”ဟု PLA က ထုတ်ပြန် သည်။

ဒုတပ်မှူး ရဲဘော် ကိုမှိုင်း၏ ရဲစွမ်းသတ္တိရှိမှု၊တပ်ဖွဲ့တခုလုံးကို စနစ်တကျ ဦးဆောင်ကွပ်ကဲနိုင်မှု၊တပ်ဖွဲ့တစ်ခုလုံး လုံခြုံရေးအတွက် မိမိတစ်ဦးတည်း စွန့်လွှတ် အနစ်နာခံမှုတို့ကို PLA တပ်မတော် တစ်ခုလုံးမှ တပ်မှူး၊တပ်သား အားလုံးက လေးစားဂုဏ်ယူရပါသည်ဟုလည်း ဖော်ပြထားသည်။

သြဂုတ် ၂၈ရက်က တိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီသည် တိုက်ပွဲအတွင် သေဆုံးသူနှင့်ဒဏ်ရာရသူများကို မိုးကုတ်ဆေးရုံသို့ ကားသုံးစီးဖြင့် ပို့ဆောင်ခဲ့သည်ကို တွေ့ရသည်ဟု မြို့ခံများက ပြောသည်။

လောင်စဥ်ရွာအနီးတွင် သြဂုတ် ၂၉ရက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန် ကြီးဌာန၏ မိုးကုတ်အခြေပြု ပြည်သူ့ကာကွယ် ရေး တပ်ရင်းများဖြစ်သည့် (၁၂၂၁)၊ (၁၂၂၂)၊ (၁၂၂၃)နှင့် PLA ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူဒအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယင်းဖြစ်စဥ်နေရာတွင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ဗိုလ်လရောင်မှာ ထိုနေရာ၌ပင် ကျည်ဆံထိမှန်ပြီး ကျဆုံးခဲ့ရကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)က အသိပေးသည်။

သတင်း

သြဂုတ်လ နောက်ဆုံးအပတ်အတွင်း စစ်ကောင်စီ တပ်သားလေးဦး KNDF ထံ CDM ပြုလုပ်ကာ လာရောက်ပူးပေါင်းခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

လက်ရှိ အချိန် တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီတပ်က ကလေးမြို့နှင့် ဖလမ်းမြို့ဘက်မှ ကုန်းကြောင်း လေကြောင်းဖြင့် လူအင်အားလက်နက်အင်အားများ ဖြည့်တင်းလျက်ရှိသည်ဟုဆိုသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ ယမန်နေ့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ မွန်းတည့် ၁၂ နာရီဝန်းကျင်က ရွှေကူတဲစုကျေးရွာအနီးတွင်တစ်ကြိမ်၊ ညနေ ၅ နာရီခန့်က ရေဦး မူးမြစ်ကူးနားတွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။