Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင် စစ်ကောင်စီခန့်အုပ်ကြီး ပစ်ခတ်ခံရပြီးနောက် အုပ်ကြီးဆွေမျိုးသားချင်းများကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

သြဂုတ် ၃၁ ရက် ညက မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအား အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့၍ သေဆုံးသွားခဲ့သည်။

မြင်းခြံတွင် စစ်ကောင်စီခန့်အုပ်ကြီး ပစ်ခတ်ခံရပြီးနောက် အုပ်ကြီးဆွေမျိုးသားချင်းများကို စစ်ကောင်စီတပ် ဖမ်းဆီးသွား
မြင်းခြံတွင် စစ်ကောင်စီခန့်အုပ်ကြီး ပစ်ခတ်ခံရပြီးနောက် အုပ်ကြီးဆွေမျိုးသားချင်းများကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ​၍ သေဆုံးပြီးနောက် စစ်ကောင်စီတပ်က အုပ်ချုပ်ရေးမှူး ဆွေမျိုးသားချင်းများပါမချန် ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သြဂုတ် ၃၁ ရက် ညက မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအား အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့၍ သေဆုံးသွားခဲ့သည်။

ထိုနောက် ယမန်နေ့( စက်တင်ဘာလ၁ရက်)တွင် ကျောက်ကုန်းရွာရှိ ပြည်သူ ငါးဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ပြီး ၎င်းတို့ ငါးဦးမှာ အုပ်ချုပ်ရေးမှူး၏ တူတော်စပ်သူများဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် သြဂုတ် ၃၁ရက်နှင့် စက်တင်ဘာ ၁ ရက်တွင် စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်အတွင်းရှိ ကျောက်ကုန်းရွာအပါအဝင် ပျား၊ စံပြ၊ မီးပေါက် စသည့်ကျေးရွာများမှ ဒေသခံပြည်သူ ၂၆ဦးထက်မနည်း ဖမ်းဆီးသွားခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

“ဖမ်းဆီးခံရတဲ့ထဲမှာ မီးပေါက်အုပ်စုက NLD ရပ်ကျေးဥက္ကဌဦးလှမြင့်ပါဝင်ပြီး ပျားရွာက အမျိုးသမီးနှစ်ဦးပါဝင်ခဲ့ပါတယ်။ အများစုက ပန်းရံလုပ်ကိုင်သူများဖြစ်တယ်လို့ သိရတယ် “ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

မြင်းခြံမြို့သည် မန္တလေးတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်မှု အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မိုဘိုင်းအင်တာနက်များပါ ဖြတ်တောက်ခြင်းခံထားရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထွက်ပြေးလာစဉ် ဒဏ်ရာရခဲ့သည့် အဆိုပါတပ်ကြပ်ကို ဆေးကုသမှု ပေးလျက်ရှိကြောင်း၊ ယင်းတပ်ကြပ်၌ လက်နက်ခဲယမ်းများ မပါလာခဲ့ကြောင်း ၎င်းက ဆိုသည်။

သတင်း

ညောင်ရွှေမြို့နယ်ရှိထီရိကျေးရွာစာသင်ကျောင်း အတွင်း အခိုင်အမာတပ်စွဲထားသော တပ်မ-၅၅ လက်အောက်ခံ ခမရ-၁၈ တပ်နှင့် PNO အဖွဲ့ကိုဖယ်ခုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်၊တပ် ရင်း(၂) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF -B3 က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ညနေ ၃ နာရီခန့်ကပင် မြိုင်မြို့အရှေ့ဘက်၊ ပုသိမ် - မုံရွာလမ်းဆုံမှတစ်ဆင့် ကန်နီကျေးရွာသို့ စစ်ကူသွားသော စစ်ကောင်စီတပ်နှင့် ရဲ ၂၅ဦးခန့်လိုက်ပါလာသည့် Hijet ယာဉ်အား မြိုင်(ပကဖ) အဖွဲ့ကလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။

သတင်း

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ပျူနှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများကြောင့် ​ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။