Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထောင်တွင်းဆန္ဒပြလို့ ရိုက်နှက်ပြီးတိုက်ပိတ်ခံထားရတဲ့ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကို ဝှီးချဲနဲ့ရုံးထုတ်ပြီး ထောင်ချ

ထောင်တွင်းဆန္ဒပြပွဲမှာ ထောင်အာဏာပိုင်တွေရဲ့ ခွေယိုင်လဲကျတဲ့အထိရိုက်နှက်ခံခဲ့ရပြီး မနေ့က အမိန့်ချတဲ့ ရုံးချိန်မှာ ဝှီးချဲနဲ့ ရုံးထုတ်ခဲ့ရတယ်လို့သိရပါတယ်။

မန္တလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြစစ်ကြောင်း ဖြိုခွဲခံရချိန် ဖမ်းဆီးခံလိုက်ရတဲ့ မန္တလေး ပညာရေး ဒီဂရီ ကောလိပ်ကျောင်းသားများသမဂ္ဂ( ဗကသများအဖွဲ့ချုပ်) က ကိုအောင်နိုင်သူ ကို စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်မှာ ထောင် ၃ နှစ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလအတွင်းက ဖမ်းခံရတာဖြစ်ပြီး မနေ့က အိုးဘိုထောင်တွင်း တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့အမိန့်ချခဲ့တာပါ။

ကိုအောင်နိုင်သူဟာ ဖမ်းခံရပြီးနောက် အိုးဘိုထောင်တွင်း ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်လို့ဆိုကာ ပြီးခဲ့တဲ့ သြဂုတ်လကစတင်ပြီး ဒီနေ့ထိတိုင် တိုက်ပိတ်ခံထားရတယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ထောင်တွင်းဆန္ဒပြပွဲမှာ ထောင်အာဏာပိုင်တွေရဲ့ ခွေယိုင်လဲကျတဲ့အထိရိုက်နှက်ခံခဲ့ရပြီး မနေ့က အမိန့်ချတဲ့ ရုံးချိန်မှာ ဝှီးချဲနဲ့ ရုံးထုတ်ခဲ့ရတယ်လို့သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒီနေ့ချလိုက်တဲ့ ထောင်ဒဏ် ၃ နှစ် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ ထောင်ဒဏ် နှစ် ၂၀ ထိချထားပြီဖြစ်ပါတယ်။

သတင်း

သြဂုတ်လ ၁၅ ရက်ကလည်း စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ်ချထားပါသေးတယ်။

နိုင်ငံတကာ

သူက လာဘ်ငွေ ယူပါတယ်၊ အဲဒီငွေတွေကို ရေတွက်နေပါတယ်လို့ မျက်မြင်တွေ့တဲ့သူ တစ်ယောက်မှ မရှိကြောင်း၊ ဒါပေမဲ့ ထင်ကြေးတွေကိုပဲ အခြေခံပြီး ဒီလို စီရင်ချက်ကို တရားရုံးက ချမှတ်ခဲ့ကြောင်း၊ ဒီကိစ္စအတွက် ဘုရားသခင်ရဲ့ အလိုတော်လို့သာ ခံယူလိုက်ကြောင်း ရော့စ်မားက ဆိုပါတယ်။

သတင်း

သြဂုတ်လအတွင်းမှာတင် အိုးဘိုထောင်မှာ အကျဉ်းချထားတဲ့ ကျောင်းဆရာ ၂ ဦးနဲ့ ဆရာမ ၁ ဦးကို ရက်ခြားကာ ဆူပူအောင်လှုံဆော်မှု ၊ အကြမ်းဖက်မှု ပုဒ်မတွေနဲ့ စစ်ကောင်စီက ထောင်ချခဲ့ပါတယ်။