Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်း ဖြတ်သန်းမည့်ယာဥ်များ လိုက်နာရမည့်အချက်များအား ဒေသတွင်း PDFများ ထပ်မံ သတိပေး

မုံရွာ – မန္တလေးလမ်းသည် စစ်ကိုင်းတိုင်းအတွင်းနှင့် မကွေးတိုင်းသို့ ကူးသန်းဆက်သွယ်သွားလာရာ အဓိက အကျဆုံးလမ်းမကြီးတစ်ခုဖြစ်ကာ စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်းလည်း ဒေသတွင်း PDFအဖွဲ့များက လမ်းတစ်လျှောက် တော်လှန်တိုက်ခိုက်လျက်ရှိသည်။

(မုံရွာ-မန္တလေးလမ်း၊ လမ်းပိုင်းခေတ္တာပိတ်ထားစဥ်က စောင့်ဆိုင်းနေသော မော်တော်ယာဥ်များား တွေ့ရစဉ်၊ ဓာတ်ပုံ-Cj)
(မုံရွာ-မန္တလေးလမ်း၊ လမ်းပိုင်းခေတ္တာပိတ်ထားစဥ်က စောင့်ဆိုင်းနေသော မော်တော်ယာဥ်များား တွေ့ရစဉ်၊ ဓာတ်ပုံ-Cj)

စစ်ကောင်စီအား ခုခံတော်လှန်တိုက်ခိုက်နေသည့်ကာလ မပြီးမဆုံးမချင်း စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် ဖြတ်သန်းသွားလာကြမည့် မော်တော်ယာဥ်များ လိုက်နာရမည့် အချက်များအား အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုက ယမန်နေ့(စက်တင်ဘာ ၂ရက်) တွင် ထပ်မံသတိပေးကြေညာသည်။

မုံရွာ – မန္တလေးလမ်းပိုင်းကို အသုံးပြုနေကြသော မိဘပြည်သူများအနေဖြင့် ယနေ့မှစ၍ တော်လှန် ရေးကြီး ပြီးဆုံးအောင်မြင်သည်အထိမည်သည့် မော်တော်ယာဉ်မဆို ကားမှန်များချပြီး သင့်တင့်သောအရှိန်ဖြင့်သာ မောင်းနှင်ကြရန်၊ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း အရေးပေါ်အကြောင်းပြချက်တစ်ခုခုဖြင့် ဖြတ်သန်းသွားလာမည်ဆိုပါက မုံရွာ – မန္တ​လေးလမ်းပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်အသိပေးပြီးမှ ဖြတ်သန်းသွားလာကြရန် သတိပေးသည်။

အဆိုပါ အသိပေးတားမြစ်ချက်များကို မလိုက်နာပါက စစ်ကောင်စီ၏ အရပ်ဝတ်ကားများ၊ စစ်ကောင်စီ အသုံးပြုနေသော လူနာတင်ယာဉ် များ၊ စစ်ကောင်စီအသုံးပြုနေသော သာသနာရေးကားများဟုသာ ယူဆပြီး ထိုကားများနှင့် ထိုကားများကိုအသုံးပြုသူများ ထိခိုက်နစ်နာမှုများရှိလာပါက တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ကြောင်း အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုက အသိပေးသည်။

မုံရွာ – မန္တလေးလမ်းသည် စစ်ကိုင်းတိုင်းအတွင်းနှင့် မကွေးတိုင်းသို့ ကူးသန်းဆက်သွယ်သွားလာရာ အဓိက အကျဆုံးလမ်းမကြီးတစ်ခုဖြစ်ကာ စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်းလည်း ဒေသတွင်း PDFအဖွဲ့များက လမ်းတစ်လျှောက် တော်လှန်တိုက်ခိုက်လျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ညောင်ရွှေမြို့နယ်ရှိထီရိကျေးရွာစာသင်ကျောင်း အတွင်း အခိုင်အမာတပ်စွဲထားသော တပ်မ-၅၅ လက်အောက်ခံ ခမရ-၁၈ တပ်နှင့် PNO အဖွဲ့ကိုဖယ်ခုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်၊တပ် ရင်း(၂) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF -B3 က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဩဂုတ် ၂၇ရက်တွင် ခလရ (၅၅) စစ်ကြောင်းသည် ထယ်လှော်ရွာရှိ လူနေအိမ် (၁၄)လုံး၊ ကား(၁)စီး၊ဆိုင်ကယ်(၅)စီးတို့အားမီးရှို့ဖျက် ဆီးခဲ့ပြီး ထယ်လှော်ရွာအရှေ့တောင်ဘက် တင်းလဲကုန်းဘက် အတိုင်းထွက်လာစဉ် ဂန့်ဂေါခရိုင်အမှတ်(၁)တပ်ရင်းနှင့်ပကဖ ရဲဘော်တို့မှစောင့်ကြိုတိုက်ခိုက်ခဲ့သည်။

သတင်း

မြင်းမူမြို့နယ်သည် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် တည်ရှိပြီး စစ်အာဏာရှင်ကို ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ကာ စစ်ကောင်စီတပ်နှင့်ပျူများ၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးသတ်ဖြတ်ခြင်းများ မကြာခဏ ခံနေရသည်။

သတင်း

အဲဒီစာထဲမှာ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်ကိုပြုစုပြီး စက်တင်ဘာလအတွင်း တင်ပြဖို့ပါရှိပါတယ်။