Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး မဟာအောင်မြေတွင်ပြုလုပ်သည့် စစ်အုပ်စုတွေ့ဆုံပွဲ ဗုံးထုတိုက်ခိုက်ခံရ

“ကျွန်ုပ်တို့ စုံစမ်းရရှိသည်မှာ လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးပြင်းထန် ဒဏ်ရာနှင့်အရေးပေါ် ဆေးရုံတင်ထားရသည်ဟုသိရပြီး ခွေးသေများပင်ရှိနိုင်ကြောင်းသိရှိခဲ့ရပါ သည်”ဟု MDY-PDF က ဖော်ပြသည်။

မန္တလေးတွင်ပြုလုပ်သည့် စစ်အုပ်စု၏ တွေ့ဆုံပွဲတစ်ခုအားတွေ့ရစဥ်(ပုံဟောင်း)
မန္တလေးတွင်ပြုလုပ်သည့် စစ်အုပ်စု၏ တွေ့ဆုံပွဲတစ်ခုအားတွေ့ရစဥ်(ပုံဟောင်း)

▪️လေးဦးထက်မနည်း ထိခိုက်၊ နှစ်ဦးဒဏ်ရာပြင်းထန်ဟုဆို

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ပြုလုက်သည့် စစ်အုပ်စုတွေ့ဆုံပွဲအား ဗုံးထုတိုက်ခိုက်ခဲ့ရာ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားပြီး နှစ်ဦးဒဏ်ရာပြင်းထန်ကြောင်း MDY-PDF က ယနေ့(စက်တင်ဘာ ၃) ထုတ်ပြန် သည်။

စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၄၀ × ၄၁ လမ်းနှင့် ၇၁ × ၇၂ ကြားရှိ ဗောဓိပင်ဘုရားဓမ္မာရုံအတွင်း စစ်အုပ်စုထောက်ခံသူများနှင့် စည်းရုံးဟောပြောမှုပြုလုပ်နေစဥ် MDY-PDF နှင့် People’s Dictatorship Revolutionary Force-PDRF တို့မှ ဗုံးပစ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက် အောက်ခံ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးမှူး ဦးဘိုဘိုဟန်နှင့် ရာအိမ်မှူး ဦးညွှန့် လွင် အပါအဝင် လေးဦးဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ရာ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ဆိုသည်။

“ကျွန်ုပ်တို့ စုံစမ်းရရှိသည်မှာ လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးပြင်းထန် ဒဏ်ရာနှင့်အရေးပေါ် ဆေးရုံတင်ထားရသည်ဟုသိရပြီး ခွေးသေများပင်ရှိနိုင်ကြောင်းသိရှိခဲ့ရပါ သည်”ဟု MDY-PDF က ဖော်ပြသည်။

MDY-PDF အနေဖြင့် စစ်ဆင်ရေးများအား အလျင်းသင့်သလို ပြုလုပ်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်နေသောနေရာများနှင့် ဝေးနိုင်သမျှ သတိထား၍နေထိုင်ကြပါရန် ထပ်မံသတိပေးတောင်းဆိုအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပျူစောထီးပစ်ခတ်ခံရသည့် တက်တူရွာသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုအားကောင်းရာ ရွာတစ်ရွာဖြစ်ပြီး မီးရှို့ဖျက်ဆီးခြင်းများ ခံခဲ့ရဖူးသည်။

သတင်း

People's Defence Force - South Monywa အဖွဲ့သည် မုံရွာခရိုင်အခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အခြားဒေသတွင်းအဖွဲ့များနည်းတူ မုံရွာ-မန္တလေးလမ်းတွင် စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်နေသည်။

သတင်း

မုံရွာ - မန္တလေးလမ်းသည် စစ်ကိုင်းတိုင်းအတွင်းနှင့် မကွေးတိုင်းသို့ ကူးသန်းဆက်သွယ်သွားလာရာ အဓိက အကျဆုံးလမ်းမကြီးတစ်ခုဖြစ်ကာ စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်းလည်း ဒေသတွင်း PDFအဖွဲ့များက လမ်းတစ်လျှောက် တော်လှန်တိုက်ခိုက်လျက်ရှိသည်။

သတင်း

အဲဒီစာထဲမှာ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်ကိုပြုစုပြီး စက်တင်ဘာလအတွင်း တင်ပြဖို့ပါရှိပါတယ်။