Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးမှ မုံရွာသို့ ထွက်ခွာလာသည့် စစ်ကောင်စီ၏ အံစာတုံးယာဉ်သုံးစီး မိုင်းထိ

ထိုစစ်ဆင်ရေးအား မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)နှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း SpecialForces-11(PDF)က အသိပေးသည်။

(စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ယာဉ်တစ်စီးအား တွေ့ရစဉ်)
(စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ယာဉ်တစ်စီးအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် ချောင်းဦးမှ မုံရွာမြို့သို့ထွက်ခွာလာသော စစ်ကောင်စီအဖွဲ့များလိုက်ပါလာသည့် အံစာတုံးယာဉ်သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်မှုများ ရှိနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(စက်တင်ဘာ၂ ရက်) ညနေ ၆နာရီ ၁၅မိနစ် ဝန်းကျင်က မုံရွာ – မန္တလေးလမ်းမကြီး၏ ချောင်းဦး-မုံရွာ လမ်းပိုင်းတစ်နေရာတွင် ချောင်းဦးမြို့ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသော အံစာတုံးယာဉ်သုံးစီး မုံရွာမြို့ဘက်သို့ ထွက်လာခဲ့သည်။

ထိုအံစာတုံးကား သုံးစီးအနက် ဒုတိယမြောက်အစီးအား ပဒေသာမိုင်း(၃)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းစစ်ကောင်စီတပ်သား သုံးဦး နေရာတွင် ပွဲချင်းပြီးသေဆုံး၍ စစ်သားနှစ်ဦး ဒဏ်ရာအပြင်းအထန်ဖြင့် သေဆုံးနိုင်ခြေများကြောင်း Special Forces-11(PDF)က သတင်းထုတ်ပြန်သည်။

အခြားစစ်ကောင်စီတပ်သားများလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး မိုင်းထိထားသော ကားတစ်စီးသည် မုံရွာမြို့ဘက်သို့ ဆက်မထွက်နိုင်တော့ဘဲ နေရာတွင် ရပ်တန့်ထားခဲ့ကြောင်း၊ ၎င်းနောက်မှ လိုက်ပါလာသော ကားအတွင်းမှ စစ်သားများသည် ပတ်ဝန်းကျင်အား ရမ်းသမ်း ပစ်ခတ်သွားကြောင်း Special Forces-11(PDF)က အသိပေးသည်။

ထိုစစ်ဆင်ရေးအား မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)နှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း SpecialForces-11(PDF)က အသိပေးသည်။

ယမန်နေ့ညနေပိုင်းကလည်း မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်မှုများရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒီနေ့ နေ့လယ်ပိုင်းက တံခွန်တိုင်အဝိုင်း ၊ Garden City အိမ်ရာအနီးမှာ လူငယ် ၂ ဦးကို စစ်ကောင်စီတပ် ကဖမ်းဆီးဖို့လုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ယခုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့်အတူ True Fighter အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများလည်း စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်ဟု ဆိုသည်။

သတင်း

People's Defence Force - South Monywa အဖွဲ့သည် မုံရွာခရိုင်အခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အခြားဒေသတွင်းအဖွဲ့များနည်းတူ မုံရွာ-မန္တလေးလမ်းတွင် စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်နေသည်။