Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီဒေသပညာရေးကျောင်း(၁၂၀)ကျော်အတွက် “စစ်ရှောင်ပညာရေးအလှူပြည်သူတစ်ရပ်လုံးဝိုင်းဝန်ကူ” အစီအစဥ်စတင်

အလှူငွေများကို ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ(KBETU) Page messenger မှတစ်ဆင့် K-Pay၊Wave-Pay၊NUG-Pay ၊ ထိုင်းဘဏ်အကောင့် တောင်း၍ ထည့်ဝင်လှူဒါန်းနိင်ကြောင်းဖော်ပြသည်။

("စစ်ရှောင်ပညာရေးအလှူပြည်သူတစ်ရပ်လုံးဝိုင်းဝန်ကူ" အစီအစဥ်​မှ ​ကျောင်းသား​ကျောင်းသူများ)
("စစ်ရှောင်ပညာရေးအလှူပြည်သူတစ်ရပ်လုံးဝိုင်းဝန်ကူ" အစီအစဥ်​မှ ​ကျောင်းသား​ကျောင်းသူများ)

ကရင်နီ(ကယား)ဒေသ ပညာရေးကျောင်း (၁၂၀)ကျော်အတွက် “စစ်ရှောင်ပညာရေးအလှူ ပြည်သူတစ်ရပ်လုံးဝိုင်းဝန်ကူ”အစီအစဥ် ယနေ့(စက်တက်ဘာ ၃) စတင်ပြီဖြစ်ကြောင်း ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ(KBETU)က အသိပေးထုတ်ပြန် သည်။

အဆိုပါအစီအစဥ်ကို ယနေ့စက်တင်ဘာ ၃ ရက်မှ စက် တင်ဘာ ၁၆ ရက်အထိ (၁၉)ရက်တာ လှုပ်ရှားမှုမှ ကူညီပံ့ပိုးငွေကျန်းသိန်းသုံးရာ့ငါးဆယ်ကျော်(၃၅,၄၃၈,၀၀၀) ရရှိရန် မျှော်မှန်းထားသည်ဟုသိရသည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် CDM ဆရာ၊ ဆရာမများ၊ Volunteers ဆရာ၊ ဆရာမများ နှင့် စစ်ရှောင်ပြည်သူများ၏ ပူးပေါင်းမူအားဖြင့် ကလေး သူငယ်များ၏ ပညာသင်ကြားခွင့် မဆုံးရူံးရစေရန် ကြား ကာလ ပြည်သူ့အ​ခြေပြု ကိုယ်ထူကိုယ်ထကျောင်း (၁၂၃)ကျောင်း ကျော်ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ အကူအညီများလိုအပ်နေခြင်းကြောင်း ယခုအစီအစဥ်ကိုပြုလုပ်ခြင်းဖြစ်ကြောင်း အသိပေးသည်။

“တော်လှန်ရေးကြားကာလ ပြည်သူ့အ​ခြေပြုကျောင်းများ ကောင်မွန်စွာ လည်ပတ်နိင်ရေးအတွက် အခက်အခဲများစွာရှိနေပါသည်။ထိုလိုအပ်ချက်များကို ဖြည့်စည်းရန်အတွက် လိုအပ်သည် ပမာဏ ပြည့်မြောက်ရန် ပါဝင်လှူဒါန်းပေးကြဖို့ ဖိတ်ခေါ်အပ်ပါသည်”ဟု KBETU ကဖော်ပြသည်။

ရံပုံငွေမှရရှိငွေများကိုဒီမော့ဆိုမြို့နယ်အ​​ခြေခံပညာကျောင်းသားများသမဂ္ဂထံမှတစ်ဆင့် ဒီမော့ဆိုမြို့နယ်ရှိ ကြားကာလ ပြည်သူ့အ​ခြေပြု မြေပြင်ကျောင်းများသို့တိုက်ရိုက် စီးဆင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အလှူငွေများကို ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ(KBETU) Page messenger မှတစ်ဆင့် K-Pay၊Wave-Pay၊NUG-Pay ၊ ထိုင်းဘဏ်အကောင့် တောင်း၍ ထည့်ဝင်လှူဒါန်းနိင်ကြောင်းဖော်ပြသည်။

အထက်ပါ လှုပ်ရှားမှုအစီအစဥ်ကို ဒီးမော့ဆိုမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် ထားဝယ်၊ ဒဂုံတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ လူငယ်များသမဂ္ဂ (ဗဟို)၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၊ နေပြည်တော်သူနာပြုသင်

တန်းကျောင်း၊ ရမည်းသင်းနည်းပညာတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ပျဥ်းမနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ စသည့် ကျောင်းသားသမဂ္ဂများနှင့် Fundraising by YZT နှင့်ကယားပြည်နယ်လုံး ဆိုင်ရာ အခြေခံပညာဆရာများ သမဂ္ဂတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အလှူငွေများကို ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ(KBETU) Page messenger မှ တစ်ဆင့် K-Pay၊Wave-Pay၊NUG-Pay ၊ ထိုင်းဘဏ်အကောင့် တောင်း၍ ထည့်ဝင်လှူဒါန်းနိင်ကြောင်း ဖော်ပြသည်။

သတင်း

သြဂုတ်လအတွင်းမှာတင် အိုးဘိုထောင်မှာ အကျဉ်းချထားတဲ့ ကျောင်းဆရာ ၂ ဦးနဲ့ ဆရာမ ၁ ဦးကို ရက်ခြားကာ ဆူပူအောင်လှုံဆော်မှု ၊ အကြမ်းဖက်မှု ပုဒ်မတွေနဲ့ စစ်ကောင်စီက ထောင်ချခဲ့ပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် နှမ်းခါးရွာသို့ အကြိမ်ကြိမ် စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းကို ၃ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်။

သတင်း

ဩဂုတ် ၂၈ရက်ညနေပိုင်းက စစ်ကောင်စီတပ်စစ် ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။