Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့ အမှတ်(၃)လမ်းမကြီးပေါ်ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာစက်ရုံကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

“(ပေါက်ကွဲသံ)ကြားတယ်။ အသံအတော်ကျယ်တယ်”ဟု မြန်မာဘီယာစက်ရုံအနီးဝန်းကျင်၌ နေထိုင်သူတစ်ဦးက မှတ်ချက်ပေးသည်။

(စစ်အုပ်စုပိုင် မြန်မာဘီယာစက်ရုံတစ်ရုံအား တွေ့ရစဥ် ၊ဓာတ်ပုံ - CJ)
(စစ်အုပ်စုပိုင် မြန်မာဘီယာစက်ရုံတစ်ရုံအား တွေ့ရစဥ် ၊ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ အမှတ် (၃)လမ်းမကြီးပေါ်ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာစက်ရုံကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG Association(YUA)က ထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၃ ရက်) ည ၉ နာရီ ၃၉ ခန့်တွင် ရန်ကုန်မြို့ အမှတ် (၃)အဝေးပြေးလမ်းမကြီးပေါ်ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာစက်ရုံအား YUA အဖွဲ့ဝင် Generation Z Defense Force & Supply Army(GZDF)အဖွဲ့က အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“စစ်တုရင်ထိုးသလိုပေါ့ သူရွေ့အလှည့်မို့ ခဏစောင့်နေတာ အခုက ကိုယ်အလှည့်”ဟု Yangon UG Association (YUA)က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုအား စစ်အုပ်စုအနေဖြင့် မြို့ပြတွင် လုံးဝအုပ်ချုပ်ခွင့်မရစေရဟူသောရည်ရွယ်ချက်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တိုက်ခိုက်မှုအတွင်း ထိခိုက်မှုတစ်စုံတစ်ရာရှိမရှိကို မသိရသေးသော်လည်း ရဲဘော်များဘေးကင်းစွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း အသိပေးသည်။

“(ပေါက်ကွဲသံ)ကြားတယ်။ အသံအတော်ကျယ်တယ်”ဟု မြန်မာဘီယာစက်ရုံအနီးဝန်းကျင်၌ နေထိုင်သူတစ်ဦးက မှတ်ချက်ပေးသည်။

ထို့အပြင် အများပြည်သူအနေဖြင့် စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များ၊ လုပ်ငန်းဌာနများ၊ အထိုင်ချကင်းနှင့် လှည့်ကင်းများနှင့် ဝေးဝေးမှရှောင်ရှားကြရန် မေတ္တာရပ်ခံအသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စက်တင်ဘာ ၂ ရက် ည ၁၁ နာရီ၁၅မိနစ်ခန့်က မြိုင်နယ် ကန်နီ(ပျူ)ရွာရှိ စစ်အုပ်စုတပ်စွဲရာနေရာသို့ ရော့ကတ်များ ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း MVRF က အသိပေးသည်။

သတင်း

"ကျွန်ုပ်တို့ စုံစမ်းရရှိသည်မှာ လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးပြင်းထန် ဒဏ်ရာနှင့်အရေးပေါ် ဆေးရုံတင်ထားရသည်ဟုသိရပြီး ခွေးသေများပင်ရှိနိုင်ကြောင်းသိရှိခဲ့ရပါ သည်"ဟု MDY-PDF က ဖော်ပြသည်။

သတင်း

သြဂုတ် ၃၁ ရက်က ပြည်ကြီးတံခွန်မြို့နယ် ၆၃ အေလမ်း၊ ၁၃၃ × ၁၃၄ လမ်းရှိ မန်းနီး ငါးဂိမ်းဆိုင်အား ဗုံးတစ်လုံးဖြင့် ဖောက်ခွဲ့တိုက်ခိုက်ခဲ့ကြောင်းဖော်ပြထားသည်။

သတင်း

ပျူစောထီးပစ်ခတ်ခံရသည့် တက်တူရွာသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုအားကောင်းရာ ရွာတစ်ရွာဖြစ်ပြီး မီးရှို့ဖျက်ဆီးခြင်းများ ခံခဲ့ရဖူးသည်။