Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တိမ်းရှောင်နေရသူ နှစ်ထောင်ကျော် စားဝတ်နေရးခက်ခဲ့နေ

“ညနေ(၄)နာရီ လောက်မှာ လက်နက်ကြီးသံ (၂) ချက်ကြားရတယ် ည (၉) နာရီကျော်လောက်မှာ(၂)ချက်ကြားရတယ်။ ရွာထဲမှာလည်း လက်နက်ကြီး ခဏခဏကျတော့ ရွာသားတော်တော်များများ လက်နက်ကြီးကြောက်လို့ ပြေးကုန်ပြီ” လို့ ရွာသားတစ်ဦးက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တိမ်းရှောင်နေရသူ နှစ်ထောင်ကျော် စားဝတ်နေရးခက်ခဲ့နေ
ကျိုက်ထိုမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တိမ်းရှောင်နေရသူ နှစ်ထောင်ကျော် စားဝတ်နေရးခက်ခဲ့နေ

ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေခဲ့ရပြီး လူဦးရေ(၂၀၀၀)ကျော်ဟာ စားဝတ်နေရေးခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ တပ်မ(၄၄)လက်အောက်ခံတပ်တွေဟာ ကေအဲန်ယူ-ဒူးသထူခရိုင် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကျေးနယ်အတွင်း နယ်မြေကျူးကျော်ပြီး လက်နက်ကြီးအထိုင်ချတပ်စွဲထားကာ ပြီးခဲ့တဲ့ စက်တင်ဘာ(၁)ရက်နေ့က မဲရုံးလေးကျေးရွာထဲကို လက်နက်ကြီးငါးချက် ပစ်ခတ်ခဲ့တာပါ။

“ညနေ(၄)နာရီ လောက်မှာ လက်နက်ကြီးသံ (၂) ချက်ကြားရတယ် ည (၉) နာရီကျော်လောက်မှာ(၂)ချက်ကြားရတယ်။ ရွာထဲမှာလည်း လက်နက်ကြီး ခဏခဏကျတော့ ရွာသားတော်တော်များများ လက်နက်ကြီးကြောက်လို့ ပြေးကုန်ပြီ” လို့ ရွာသားတစ်ဦးက ပြောပါတယ်။

ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ကကျေးရွာတွေထဲကို လက်နက်ကြီး မကြာခဏပစ်ခတ်မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးခက်ခဲနေတဲ့ ဒေသခံပြည်သူဦးရေ (၂၀၀၀၀) ကျော်ရှိတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

ဂိုတာဘာယာကို ပြည်သူတွေ ဆန္ဒပြကြတယ် ဆိုတာက အစိုးရရဲ့ ညံ့ဖျင်းမှု၊ အဂတိ ထူပြောမှုတွေအပေါ် မကျေနပ်လို့သာဖြစ်ပြီး ပုဂ္ဂိုလ်ရေး မုန်းတီးမှု အစွဲတွေ မပါဝင်ကြောင်း သူက ဆိုပါတယ်။

သတင်း

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

သတင်း

မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာတွင် ယနေ့ (သြဂုတ်၂၈ ရက်)ညနေ ၄နာရီခန့်က စစ်ကောင်စီ ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်း ဖြစ်သည်။

သတင်း

ကလေးမြို့ ဘိုကုံးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(သြဂုတ် ၂၅ရက်)ည ၈နာရီကျော် တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။