Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုင်းသင်တန်းဆင်း ရဲဘော်သုံးဦးက အပြန်လမ်းတွင် စစ်ကောင်စီတပ်ယာဥ်တွေ့ ၍ လမ်းကြုံ မိုင်းဆွဲတိုက်ခိုက်

မိုင်းဖောက်ခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ယာဥ်သည် မိုးကာအုပ်ထား၍ ထိခိုက်သူအရေအတွက်ကို အတိအကျမသိရသော်လည်း နှစ်ဦးသေဆုံးသည်ကို အတည်ပြုနိုင်ကြောင်း ဆိုသည်။

(မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ပစ္စည်းများအား ပြသထားစဥ်၊ ဓာတ်ပုံ - People's Defence Force Kalay-Mine Team)
(မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ပစ္စည်းများအား ပြသထားစဥ်၊ ဓာတ်ပုံ - People's Defence Force Kalay-Mine Team)

မိုင်းသင်တန်းဆင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်သုံးဦးက ၎င်းတို့ပြန်မည့်လမ်းတွင် တွေ့ရသည့် စစ်အုပ်စုယာဥ်ကို လမ်းကြုံမိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း ကလေး PDF (People’s Defence Force Kalay)တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ယာဥ်အား မိုင်းခွဲတိုက်ခိုက်မှုကို ကလေးမြို့နယ် အင်ဒိုင်းကုန်းကျေးရွာအနီးတွင် ယမန်နေ့(စက်တင်ဘာ ၃ရက်) ​ပြုလုပ်ခဲ့​​​ခြင်း ဖြစ်သည်။

” တကယ်တော့ သူတို့က(ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦး) မိုင်းသင်တန်းဆင်းပြီး ပြန်တာ။ ပြန်တဲ့လမ်းမှာ စခတွေက ​ရှိနေတော့ ပြန်မရအုံးမယ့်အတူ ငါတို့မှာလည်း မိုင်းပါတယ်ဆိုပြီး စစ်ခွေးကားလာနိုင်ခြေရှိတဲ့ နေရာမှာ မိုင်းထောင်တာ။ ချက်ကောင်းထိတယ်။ အရမ်းတော်တယ်။ ရယ်လည်းရယ်ရတယ်”ဟု အဆိုပါတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်သုံးဦးသည် People’s Defence Force Kalay -Mine Team တွင် မိုင်းထုတ်လုပ်ဖောက်ခွဲရေး မွမ်းမံသင်တန်းတက်ခဲ့သူများဖြစ်သည်။

” မိုင်းသင်တန်းက ဒီနေ့မှဆင်းတယ်။ ဒီနေ့ဂျိမ်းလိုက်တယ် “ဟု People’s Defence Force Kalay -Mine Team က စက်တင်ဘာလ ၃ရက်တွင် ထုတ်ပြန်သည်။

မိုင်းဖောက်ခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ယာဥ်သည် မိုးကာအုပ်ထား၍ ထိခိုက်သူအရေအတွက်ကို အတိအကျမသိရသော်လည်း နှစ်ဦးသေဆုံးသည်ကို အတည်ပြုနိုင်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်တတိယလပတ်အတွင်းကလည်း ကလေး PDF မှ မိုင်းကျွမ်းကျင်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ရန်လာရောက်စဥ် မိုင်းခြောက်လုံး ဖောက်ခွဲတိုက်ခိုက်ခံလိုက်ရသည်။ ယင်းဖြစ်စဥ်တွင် နေအိမ်လုံးဝပျက်စီသွားသော်လည်း စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု ကလေး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"တိုက်ပွဲကပြင်းထန်တယ်။ ကားတွေ ပိတ်ဆို့သွားတယ်။ဒီရက်ထဲ တိုက်ပွဲတွေဆက်လာနိုင်တာမို့ သတိဝိရိယနဲ့ သွားလာကြဖို့ လိုတယ်"ဟု သိန္နီမြို့ခံတစ်ဦးက ပြောသည်။

သတင်း

AAနှင့် စစ်ကောင်စီတပ်တို့သည် ရသေ့တောင်၊ မြောက်ဦး၊ မောင်တော၊ ပလက်၀ မြို့နယ်များ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူများလည်း စစ်ဘေးရှောင်နေကြရသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းကို ဆက် လက်စောင့်ကြည့်နေဆဲ ဖြစ်ပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း PDF Taung Dwin Region မင်းကင်းတပ်ဖွဲ့က ဖော်ပြသည်။

သတင်း

ဒီနေ့ နေ့လယ်ပိုင်းက တံခွန်တိုင်အဝိုင်း ၊ Garden City အိမ်ရာအနီးမှာ လူငယ် ၂ ဦးကို စစ်ကောင်စီတပ် ကဖမ်းဆီးဖို့လုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။