Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ် ကန်နီရွာရှိ စစ်အုပ်စုစခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

စက်တင်ဘာ ၂ ရက် ည ၁၁ နာရီ၁၅မိနစ်ခန့်က မြိုင်နယ် ကန်နီ(ပျူ)ရွာရှိ စစ်အုပ်စုတပ်စွဲရာနေရာသို့ ရော့ကတ်များ ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း MVRF က အသိပေးသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး တပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ-MVRF)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး တပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ-MVRF)

မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲရာစခန်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး (MVRF)က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂ ရက် ည ၁၁ နာရီ၁၅မိနစ်ခန့်က မြိုင်နယ် ကန်နီ(ပျူ)ရွာရှိ စစ်အုပ်စုတပ်စွဲရာနေရာသို့ ရော့ကတ်များ ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း MVRF က အသိပေးသည်။

ပျူများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော Myaing Villages Revolution Front – ( MVRF )၊ SDB၊ ဗိုလ်ဂတုံးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် မြိုင်မြို့နယ်၊ ကန်နီရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများကို မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ PDFအဖွဲ့များပေါင်းကာ တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"(ပေါက်ကွဲသံ)ကြားတယ်။ အသံအတော်ကျယ်တယ်"ဟု မြန်မာဘီယာစက်ရုံအနီးဝန်းကျင်၌ နေထိုင်သူတစ်ဦးက မှတ်ချက်ပေးသည်။

သတင်း

"ကျွန်ုပ်တို့ စုံစမ်းရရှိသည်မှာ လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးပြင်းထန် ဒဏ်ရာနှင့်အရေးပေါ် ဆေးရုံတင်ထားရသည်ဟုသိရပြီး ခွေးသေများပင်ရှိနိုင်ကြောင်းသိရှိခဲ့ရပါ သည်"ဟု MDY-PDF က ဖော်ပြသည်။

သတင်း

ပျူစောထီးပစ်ခတ်ခံရသည့် တက်တူရွာသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုအားကောင်းရာ ရွာတစ်ရွာဖြစ်ပြီး မီးရှို့ဖျက်ဆီးခြင်းများ ခံခဲ့ရဖူးသည်။

သတင်း

မြိုင်မြို့နယ်တွင် ယခင်ကလည်း ဒေသခံများက ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲဲ့များအား လက်ဝတ်ရတနာများ လာရောက်လှူဒါန်းခဲ့ဖူးသည်။