Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းမြောက် သိန္နီမြို့အနီးတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ

“တိုက်ပွဲကပြင်းထန်တယ်။ ကားတွေ ပိတ်ဆို့သွားတယ်။ဒီရက်ထဲ တိုက်ပွဲတွေဆက်လာနိုင်တာမို့ သတိဝိရိယနဲ့ သွားလာကြဖို့ လိုတယ်”ဟု သိန္နီမြို့ခံတစ်ဦးက ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - AFP/GETTY IMAGES
မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - AFP/GETTY IMAGES

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့အနီး မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ် ယနေ့ နေ့လည်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။

သိန္နီမြို့မှ ကွတ်ခိုင်မြို့ဘက်သို့ သွားသည့် ပြည်ထောင်စုလမ်းမကြီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်နေခြင်း​​ ဖြစ်သည်။

“တိုက်ပွဲကပြင်းထန်တယ်။ ကားတွေ ပိတ်ဆို့သွားတယ်။ဒီရက်ထဲ တိုက်ပွဲတွေဆက်လာနိုင်တာမို့ သတိဝိရိယနဲ့ သွားလာကြဖို့ လိုတယ်”ဟု သိန္နီမြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲသည် ယနေ့(စက်တင်ဘာလ ၄ရက်) နေ့လယ် ၁နာရီခန့်တွင် စတင်ဖြစ်ပွားပြီး ညနေ ၃နာရီခန့်တွင် ရပ်တန့်နေသည်။

” သေနတ်သံတွေ ရပ်သွားလို့ ကားတွေ ​ဖြတ်နေကြတယ်။ အဆခြအနေကတော့ မှန်းဆဖို့ခက်ပါတယ်”ဟု ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့တွင် ပြီးခဲ့သည့်ဇွန်လအတွင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တိုက်ပွဲ​ဖြစ်ပွားစဥ် စစ်ကောင်စီဘက်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် စစ်ဘေးရှောင်စခန်းအတွင်းကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားသုံးဦး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် အရပ်သားပစ်မှတ်များကိုပါ ဦးတည်တိုက်ခိုက်လာနိုင်၍ သတိပြုနေထိုင်ကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတိပေးသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA)နှင့် ကိုးကန့်လွတ်မြောက်ရေးတပ်မတော်(MNDAA)တို့ ပါဝင်သည်။ KIA အခြေစိုက်သည့် ကချင်ပြည်နယ်နှင့် AA အခြေစိုက်သော ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီနှင့်တိုက်ပွဲများ ဖြစ်ပွားနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲမှာ ၄နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ အပြင်းအထန် ဒဏ်ရာရသူများပြားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ထံမှ MA-3 သေနတ် (၁)လတ် ၊ ခဲယမ်း နှင့်ကျည်ဆန်များကို သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြခဲ့သည်။

သတင်း

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ဦးခန့်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့သည်ဟု ဖော်ပြသည်။

သတင်း

ယမန်နေ့က နမ့်ဖက်ကာအနီးဖြစ်ခဲ့သည့် တိုက်ပွဲမှာ KIAနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများ ကြားခဲ့ရသည်ဟုဆိုသည်။

သတင်း

AAနှင့် စစ်ကောင်စီတပ်တို့သည် ရသေ့တောင်၊ မြောက်ဦး၊ မောင်တော၊ ပလက်၀ မြို့နယ်များ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူများလည်း စစ်ဘေးရှောင်နေကြရသည်။