Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ၊ လက်နက်တစ်လက်နှင့် ကျည်၊ ခဲယမ်းများရဟု KNDF ထုတ်ပြန်

တိုက်ပွဲမှာ ၄နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ အပြင်းအထန် ဒဏ်ရာရသူများပြားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ထံမှ MA-3 သေနတ် (၁)လတ် ၊ ခဲယမ်း နှင့်ကျည်ဆန်များကို သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြခဲ့သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ - KNDF)

▪️ဖရူဆို၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုလည်း ကရင်နီပူးပေါင်းတပ်တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိဟုဆို

ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့နံနက်က ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်အနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်သူများရှိခဲ့ပြီး လက်နက်တစ်လက်နှင့် ခဲယမ်း၊ ကျည် များ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ – KNDF)

စက်တင်ဘာ ၄ ရက် နံနက် ၆နာရီခွဲတွင် ငွေတောင်ရွာသစ်ကျေးရွာအနီး၌ စစ်ကြောင်းထိုးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ကရင်နီတပ်မတော် (KA) နှင့် KNDF တပ်ရင်း(၁၀)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲမှာ ၄နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ အပြင်းအထန် ဒဏ်ရာရသူများပြားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ထံမှ MA-3 သေနတ် (၁)လတ် ၊ ခဲယမ်း နှင့်ကျည်ဆန်များကို သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြခဲ့သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ – KNDF)

ယင်းတိုက်ပွဲ၌ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိကြောင်း အသိပေးထားသည်။

ယနေ့နေ့လည်ပိုင်းကလည်း ဖရူဆိုမြို့နယ် ဒေါညေးခူရွာနှင့် ထီးပေါ့ဆို ရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့က ၂နာရီကျော်ကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ – KNDF)

တိုက်ပွဲများတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လက်နက်ကြီးများအား အလွန်အကျွံ အသုံးပြု ပစ်ခက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် ဒီးမော့ဆို – ဖရူဆို လမ်းမကြီး တစ်လျှောက် စစ်ကြောင်းထိုးတပ်စွဲခြင်းများ လုပ်ဆောင်လျှက်ရှိပြီး နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယင်းရွာ (၉)ရွာအနက် အိမ်ခြေ ကျေးရွာ၌ နေအိမ်၁၀၀ ကျော်ကို မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးခဲ့ရသည်။

သတင်း

တိုက်ပွဲဝင်သည့် ပြည်သူ့ကာကွယ်ရေးမဟာမိတ် အဖွဲ့ကို ဒေါင်းနီစစ်ကြောင်းဟုအမည်ပေးကာ တိုက်ခိုက်ခဲ့​​ခြင်းဟု တနင်္သာရီစစ်ဒေသခွဲ၊ကွပ်ကဲရေးအဖွဲ့ဝင်က ရှင်းပြသည်။

ဗီဒီယို

အာဖဂန်ဟာ စစ်ပွဲတွေရဲ့ဒဏ်ကို ဆယ်စုနှစ်တွေနဲ့ချီ သက်ရောက် ခံစားခဲ့ရတဲ့ နိုင်ငံ တစ်ခုဖြစ်ပြီး မပေါက်ကွဲသေးတဲ့ စစ်လက်နက် ပစ္စည်း အကြွင်းအကျန် အစအနတွေ အမြောက်အမြားက လူနေ ဧရိယာတွေနဲ့ မနီးမဝေးမှာ ကြွင်းကျန်နေဆဲပါ။

သတင်း

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ဦးခန့်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့သည်ဟု ဖော်ပြသည်။