Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် ထောင်ဒဏ် ၃နှစ်ချမှတ်သည့်အပေါ် စစ်အုပ်စုကို အီးယူ ကန့်ကွက်ရှုတ်ချ

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မတရား သဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည့်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - Josep Borrell Fontelles/Twitter
ဓာတ်ပုံ - Josep Borrell Fontelles/Twitter

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ထောင်ဒဏ် ၃နှစ် မတရားသဖြင့် ထပ်မံချမှတ်လိုက်သည့်အပေါ် ဥရောပသမဂ္ဂ(EU)က ကန့်ကွက်ရှုတ်ချလိုက်သည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက်ဘော်ရယ်လ် က တွစ်တာလူမှုကွန်ရက်မှတဆင့် ယမန်နေ့(စက်တင်ဘာ ၄ ရက်)တွင် ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်း ဆိုကြောင်းလည်း ဖော်ပြသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခဲ့တဲ့ အပေါ် အီးယူက ကန့်ကွက်ရှုတ်ချပါတယ်။ အခုဆိုရင် သူမ(ဒေါ်အောင်ဆန်းစုကြည်)ဟာ ကျန်ရှိနေတဲ့ တရားစွဲဆိုမှုများစွာနဲ့ ပုဒ်မ ၁၁ ခုအတွက် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရတာကို ရင် ဆိုင်နေရပါတယ်။ သူမနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်ကောင်စီကို အီးယူက တောင်းဆိုပါတယ်”ဟု ဂျိုးဆက်ဘော်ရယ်လ်က ဆိုသည်။

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မတရား သဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည့်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ဒီမိုကရေစီနည်းကျရွေးကောက်ခံခေါင်းဆောင်များအပေါ် စစ်အုပ်စု၏ ပိုမိုအကြမ်းဖက်၊ ဖိနှိပ်သည့်လုပ်ဆောင်ချက်များအတွက် အပြစ်ပေးအရေးယူနိုင်ရေး အတူတကွကြိုးပမ်းလုပ် ဆောင်ရမည်ဟု နိုင်ငံတကာအသိုင်းအဝန်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိတွေ့မှုတွင် စစ်ကောင်စီတပ်သား သုံးဦးနှင့် ပျူစောထီး နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် (ပကဖ)က အသိပေးသည်။

သတင်း

စက်တင်ဘာ ၂ ရက် ည ၁၁ နာရီ၁၅မိနစ်ခန့်က မြိုင်နယ် ကန်နီ(ပျူ)ရွာရှိ စစ်အုပ်စုတပ်စွဲရာနေရာသို့ ရော့ကတ်များ ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း MVRF က အသိပေးသည်။

သတင်း

"(ပေါက်ကွဲသံ)ကြားတယ်။ အသံအတော်ကျယ်တယ်"ဟု မြန်မာဘီယာစက်ရုံအနီးဝန်းကျင်၌ နေထိုင်သူတစ်ဦးက မှတ်ချက်ပေးသည်။

သတင်း

"ကျွန်ုပ်တို့ စုံစမ်းရရှိသည်မှာ လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးပြင်းထန် ဒဏ်ရာနှင့်အရေးပေါ် ဆေးရုံတင်ထားရသည်ဟုသိရပြီး ခွေးသေများပင်ရှိနိုင်ကြောင်းသိရှိခဲ့ရပါ သည်"ဟု MDY-PDF က ဖော်ပြသည်။