Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကူမဲမြို့မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို KDDF ပစ်ခတ်ရှင်းလင်း

ယနေ့နံနက် ၆ နာရီခွဲခန့်က ကျောက်ဆည်ခရိုင်ကာ ကွယ်ရေးတပ်ဖွဲ့(K.D.D.F)နှင့် Urben Gurrilla Force -Kume တို့ပူးပေါင်းပြီး သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(ကူမဲမြို့နယ် ၊လိုင်းကုန်း ကျေးရွာမှစစ်​ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်မခံရမီ​တွေ့စဥ်။ဓါတ်ပုံ-KDDF)
(ကူမဲမြို့နယ် ၊လိုင်းကုန်း ကျေးရွာမှစစ်​ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်မခံရမီ​တွေ့စဥ်။ဓါတ်ပုံ-KDDF)

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲမြို့မှ စစ်ကောင်စီခန့် တလိုင်းကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး သန့်ဇင်အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က ယနေ့ (စက်တင်ဘာ ၅ )တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီခွဲခန့်က ကျောက်ဆည်ခရိုင်ကာ ကွယ်ရေးတပ်ဖွဲ့(K.D.D.F)နှင့် Urben Gurrilla Force -Kume တို့ပူးပေါင်းပြီး သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အုပ်ချုပ်ရေးမှူးသန့်ဇင်သည် ယခင် Sintgaing LPDF မှ သုတ်သင်ရှင်းလင်းဖူးသော်လည်း အသက်မသေဘဲ စစ်ကောင်စီ မှပေးအပ်သောတာဝန်များအား ဆက်လက်ဆောင်ရွက်နေခြင်း၊ ယခင် ကူမဲစခန်းမှူးအောင်ဇော်လင်းသိန်းနှင့်အတူ လောင်းကစားဝိုင်းများထောင်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကျည်ကာဝတ်ပြီးခါးကြား၌ သေနတ်ထိုးကာ အလှူ မဂ်လာဆောင်များပါမကျန် ခြိမ်းခြောက်ငွေတောင်းခြင်းများပြုလုပ်ခြင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်အတူလိုက်၍ သတင်းပေးခြင်း၊ ပြည်သူလူထုအား ခြိမ်းခြောက်အကြပ်ကိုင်ငွေညှစ်ခြင်းများကို ယခင်က ထက် ပိုမိုပြုလုပ်လာကြောင်း လူထူမှအကြိမ်ကြိမ်တိုင် ကြားလာသဖြင့် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးကိုပစ်ခတ်ရှင်းလင်းမှုနှင့်ပတ်သပ်၍ KDDF အားထပ်မံမေးမြန်းရန်ကြိုးစား​နေ​သော်လည်း အဆက်အသွယ်မရ​သေးပါ။

ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့သည် ပြီးခဲ့သည့်သြဂုတ်လ ၁ရက်နေ့က မဟာမိတ်ညီနောင်များနှင့်အတူ ရန်ကုန်၊မန္တလေး(အမြန်လမ်း) မိုင်တိုင် ၃၄၂ ၊၆ ဖာလုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော ကားအား ပဒေသာမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင် ဒဏ်ရာရခဲ့သောရဲဘော်များ စိတ်ချလုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း TKF-AMA က အသိပေးထုတ်ပြန်ထားသည်။

သတင်း

ထို့​ကြောင့် ရန်သူ့ထံမှလက်နက်ရယူနိုင်ခဲ့​သော တနင်္သာရီစစ်ဒေသခွဲတွင် တာဝန်ထမ်းဆောင်နေသည့် PDF တပ်ဖွဲ့ဝင်ကိုစက်တင်ဘာလ ၅ရက်တွင် ကျပ်ငါးသိန်းဂုဏ်ပြုပေးအပ်လိုက်ခြင်းဖြစ်သည်။

သတင်း

အဆိုပါ သုံးဦးအနက် စစ်ကောင်စီတ​ပ်သားတစ် ဦးသည် ရရှိသွားသော ဒဏ်ရာများဖြင့် မြစ်ဆုံကျေးရွာအဝင်တွင် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

သတင်း

ယင်းရွာ (၉)ရွာအနက် အိမ်ခြေ ကျေးရွာ၌ နေအိမ်၁၀၀ ကျော်ကို မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးခဲ့ရသည်။