Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမရပူရမြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ဖောက်ခွဲတိုက်ခိုက်

လက်ရှိတွင် ဒဏ်ရာရခဲ့သောရဲဘော်များ စိတ်ချလုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း TKF-AMA က အသိပေးထုတ်ပြန်ထားသည်။

(အမရပူရမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့စခန်းတစ်ခုအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(အမရပူရမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့စခန်းတစ်ခုအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

▪️မိုင်းမတော်တဆဖြစ်ပြီး UG ရဲဘော်နှစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက်မှ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Truth Keeping Force – Amarapura(TKF-AMA)က ယနေ့(စက်တင်ဘာ ၅) ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့ (စက်တင်ဘာ ၄ ရက်) နေ့လယ် ၃ နာရီဝန်းကျင်ခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုတွင် မိုင်းမတော်တဆဖြစ်ကာ TKF-AMA မှ တော်လှန်ရေးရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့ကြောင်း ဖော်ပြသည်။

“အရေးပေါ်အခြေနေတွင် အဖက်ဖက်မှ ကူညီပေးခဲ့သောမိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအား TKF-AMA မှ အထူးပင်ကျေးဇူးတင်ရှိပါ သည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယခုအချိန်တွင် စိတ်ချရသောအခြေနေသို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်နောင်တွင် ပိုမိုထိရောက်သောလုပ်ဆောင် ချက်များနှင့် ဆက်လက်တော်လှန်သွားမည်ဖြစ်ကြောင်း TKF-AMA က အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုတွင် ဆင်စွယ်ပွတ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးရုံးမှ မှန်တံခါးများကွဲသွားပြီး ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့ကာ လူထိခိုက်မှုရှိ၊မရှိ မသိရသေးပေ။

လက်ရှိတွင် ဒဏ်ရာရခဲ့သောရဲဘော်များ စိတ်ချလုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း TKF-AMA က အသိပေးထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့​ကြောင့် ရန်သူ့ထံမှလက်နက်ရယူနိုင်ခဲ့​သော တနင်္သာရီစစ်ဒေသခွဲတွင် တာဝန်ထမ်းဆောင်နေသည့် PDF တပ်ဖွဲ့ဝင်ကိုစက်တင်ဘာလ ၅ရက်တွင် ကျပ်ငါးသိန်းဂုဏ်ပြုပေးအပ်လိုက်ခြင်းဖြစ်သည်။

သတင်း

အဆိုပါ သုံးဦးအနက် စစ်ကောင်စီတ​ပ်သားတစ် ဦးသည် ရရှိသွားသော ဒဏ်ရာများဖြင့် မြစ်ဆုံကျေးရွာအဝင်တွင် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

သတင်း

ယနေ့နံနက် ၆ နာရီခွဲခန့်က ကျောက်ဆည်ခရိုင်ကာ ကွယ်ရေးတပ်ဖွဲ့(K.D.D.F)နှင့် Urben Gurrilla Force -Kume တို့ပူးပေါင်းပြီး သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

ယင်းရွာ (၉)ရွာအနက် အိမ်ခြေ ကျေးရွာ၌ နေအိမ်၁၀၀ ကျော်ကို မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးခဲ့ရသည်။