Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ကပစ်တဲ့လက်နက်ကြီး ဘုန်းကြီးကျောင်းဝင်းထဲကျပြီး နှစ်ဦးဒဏ်ရာရ

အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်မှာတော့ စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူးအပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရပါတယ်။

စစ်တပ်ကပစ်တဲ့လက်နက်ကြီး ဘုန်းကြီးကျောင်းဝင်းထဲကျပြီး နှစ်ဦးဒဏ်ရာရ
စစ်တပ်ကပစ်တဲ့လက်နက်ကြီး ဘုန်းကြီးကျောင်းဝင်းထဲကျပြီး နှစ်ဦးဒဏ်ရာရ

ကျုံဒိုးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးတစ်ပါးအပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလေးရက်နေ့ နေ့လည်တစ်နာရီအချိန်ခန့်က ကေအဲန်ယူ-ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် တောင်ကြာအင်းနဲ့ မြောက်ကြာအင်းကျေးရွာမှာ စစ်ကောင်စီရဲ့ တပ်မ(၂၂)နဲ့ KNDO တပ်ရင်း(၆) ဂဠုန်စစ်ကြောင်းတို့အကြား ပစ်ခတ်မှုဖြစ်ပွါးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်မှာတော့ စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူးအပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရပါတယ်။

ပစ်ခတ်မှု​ဖြစ်ပွါးပြီးတဲ့ မွန်းလွဲနှစ်နာရီခွဲခန့်မှာ စစ်ကောင်စီရဲ့ တပ်မ(၂၂)တပ်က အင်အား(၅၀)ခန့်ဟာ မြောက်ကြာအင်းကျေးရွာမှာ ထပ်တိုးလာပြီး လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဘုန်ကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲကာ ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် ကော့ဖေါင်းကျေးရွာနေ အမျိုးသားတစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတော့ နီးစပ်ရာဆေးခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

ဒီလို စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ကြာအင်းကျေးရွာရဲ့ လူငယ်ခန်းမဆောင်နဲ့ နေအိမ်တစ်လုံးလည်း ထိမှန်ပျက်စီးသွားခဲ့ပြီး တောင်ကြာအင်ကျေးရွာက ရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒူးပလာယာခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ကြပ်တစ်ဦးအပါအဝင် သုံးဦးဟာ ဂိတ်ချထားတဲ့နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ စက်လက်တွေနဲ့ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့တယ်လို့ SOF က ဆိုပါတယ်။

သတင်း

“ညနေ(၄)နာရီ လောက်မှာ လက်နက်ကြီးသံ (၂) ချက်ကြားရတယ် ည (၉) နာရီကျော်လောက်မှာ(၂)ချက်ကြားရတယ်။ ရွာထဲမှာလည်း လက်နက်ကြီး ခဏခဏကျတော့ ရွာသားတော်တော်များများ လက်နက်ကြီးကြောက်လို့ ပြေးကုန်ပြီ” လို့ ရွာသားတစ်ဦးက ပြောပါတယ်။

သတင်း

ဒီလို စစ်ကောင်စီဘက်က ထောက်လှမ်းတာတွေပြုလုပ်ခဲ့တာကြောင့် Golden Eagles Drone တပ်ဖွဲ့က ကော်ဘရာစစ်ကြောင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိရာ ကင်းထောက်လာတဲ့ ရန်သူစစ်ကောင်စီ Drone ကို Golden Eagles ရဲတွေက ပစ်ချဖျက်စီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။