Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြို့သာစက်မှုဇုန်အနီး စစ်ကောင်စီယာဥ် မိုင်းဆွဲတို​က်ခိုက်ခံရ

ယနေ့ (စက်တင်ဘာ၅ရက်) နံနက်ပိုင်းက မြို့သာစက်မှုဇုန်အနီးတွင် စစ်ကေယင်စီတပ် ယာဉ်တစ်စီး မိုင်းဆွဲခံခဲ့ရကာ ထိုကားမှာ နောက်ပြန်လဲခဲ့ပြီး အထိခိုက်များနိုင်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

(မြို့သာစက်မှုဇုန်အဝင်အား တွေ့ရစဥ်။ဓာတ်ပုံ-Cj)

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်အနီးတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (စက်တင်ဘာ၅ရက်) နံနက်ပိုင်းက မြို့သာစက်မှုဇုန်အနီးတွင် စစ်ကေယင်စီတပ် ယာဉ်တစ်စီး မိုင်းဆွဲခံခဲ့ရကာ ထိုကားမှာ နောက်ပြန်လဲခဲ့ပြီး အထိခိုက်များနိုင်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းမည်သည့်အဖွဲ့ကမျှ လက်တလောထုတ်ပြန်ထားခြင်းမရှိသေးပေ။

မွန်းလွဲ ၁နာရီခန့်တွင် စစ်ကောင်စီတပ်သည် ငါန်းဇွန်မြို့နယ်ရှိ ထန်းတပင်ရွာကို အင်အား ၄၀ကျော်ဖြင့် ဝင်ရောက်လာခဲ့ကြောင်း၊ နေအိမ်အချို့မှ ငွေနှင့် ဖုန်းများသိမ်းယူကာ ရွာသားလေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

မြို့သာစက်မှုဇုန်အနီးတွင် ယခင်ကလည်း စစ်ကောင် စီယာဥ်အချို့ မိုင်းဆွဲတိုက်ခိုက်ခံရဖူးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့အပြင် မြောင်နယ် ဘူးကိုင်းရွာကို စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ဝင်ရောက်လာကာ ဒေသခံပြည်သူနှစ်ဦးကို ဖမ်းဆီးထားပြီး တစ်ဦးမှာ အပြင်းအထန်ရိုက်နှက်ခံထားရကြောင်း CDSOM အဖွဲ့က ပြောသည်။

သတင်း

အဆိုပါဈေးနှုန်းသည် စစ်ကောင်စီအလိုကျဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက သတ်မှတ်ထားသည့် အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၀ စွန်းစွန်း (၂,၀၀၈,၀၀၀)ထက်ကျပ် ၁၀သိန်းခန့်ပိုများ​နေခြင်းဖြစ်သည်။

သတင်း

လက်ရှိတွင် ဒဏ်ရာရခဲ့သောရဲဘော်များ စိတ်ချလုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း TKF-AMA က အသိပေးထုတ်ပြန်ထားသည်။

သတင်း

ထို့​ကြောင့် ရန်သူ့ထံမှလက်နက်ရယူနိုင်ခဲ့​သော တနင်္သာရီစစ်ဒေသခွဲတွင် တာဝန်ထမ်းဆောင်နေသည့် PDF တပ်ဖွဲ့ဝင်ကိုစက်တင်ဘာလ ၅ရက်တွင် ကျပ်ငါးသိန်းဂုဏ်ပြုပေးအပ်လိုက်ခြင်းဖြစ်သည်။