Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ ခေါင်းဆောင်များ လူစိတ်ကင်းမဲ့ပြီး သွေးရူးသွေးတန်းဖြစ်နေဟု AA ထုတ်ပြန်

ပြည်သူလူထုတိုင်းကို ရန်သူဟု သဘောထားကာ မလုပ်သင့် မလုပ်ထိုက်သော အလုပ် များကို မလုပ်သင့်သော နည်းလမ်းများဖြင့် အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိကြောင်း AA၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီ ခေါင်းဆောင်များ လူစိတ်ကင်းမဲ့ပြီး သွေးရူးသွေးတန်းဖြစ်နေဟု AA ထုတ်ပြန်
စစ်ကောင်စီ ခေါင်းဆောင်များ လူစိတ်ကင်းမဲ့ပြီး သွေးရူးသွေးတန်းဖြစ်နေဟု AA ထုတ်ပြန်

▪️စစ်ရာဇဝတ်မှုကို ဦးတည်စေသည့် အမိန့်ပေးခြင်းမျိုးနှင့် လုပ်ရပ်များ မြန်မာနိုင်ငံအနှံ့ ဆက်တိုက်လုပ်ဆောင်နေဟုဖော်ပြ

▪️စစ်​ကောင်စီတပ်ကမြောက်ဦးတွင်တိုက်ပွဲတုဖန်တီးပြီး မြောက်ဦးစျေးကို မီးရှို့ရန်ကြံနေဟု

စစ်ကောင်စီ ခေါင်းဆောင်များသည် လူစိတ်ကင်းမဲ့ပြီး သွေးရူးသွေးတန်းဖြစ်ကာ စစ်ရာဇဝတ်မှုကို ဦးတည်စေသည့် အမိန့်ပေးခြင်းမျိုးနှင့် လုပ်ရပ်များကို မြန်မာနိုင်ငံအနှံ့ ဆက်တိုက် လုပ်ဆောင်လျက်ရှိနေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ယနေ့ (စက်တင်ဘာ ၅ရက်)တွင် ထုတ်ပြန်ပြောကြားလိုက်သည်။

ထို့ပြင် ပြည်သူလူထုတိုင်းကို ရန်သူဟု သဘောထားကာ မလုပ်သင့် မလုပ်ထိုက်သော အလုပ် များကို မလုပ်သင့်သော နည်းလမ်းများဖြင့် အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိကြောင်း AA၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အတွင်း အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေသည့်လုပ်ရပ်နှင့်ပတ်သက် ၍ AAက ကြေညာချက်ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ ဩဂုတ် ၂၈ရက်က မြောက်ဦးမြို့ ပတ်ဝန်းကျင်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ ပြည်သူ ၃ဦးသေဆုံးကာ ၉ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် ကို AAက ဖော်ပြခဲ့ပြီး စက်တင်ဘာ ၄ရက်တွင်လည်း မြောက်ဦးမြို့ဝန်းကျင်သို့ တိုက်ပွဲမရှိဘဲ ပစ်ခတ်တိုက်ခိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။ ယခင် ၂၀၁၈ ဇန်နဝါရီ၊ ၂၀၁၉ မတ်လ ကလည်း ထိုသို့ လုပ်ရပ်များ လုပ်ဆောင်ခဲ့ဖူးသည်ဟု ဆိုသည်။

မြောက်ဦးမြို့အတွင်း ညအချိန် စစ်ကားများ လှည့်လည်သွားလာကာ မသမာသော လုပ်ရပ် များကို ပြုလုပ်ရန် စစ်ကောင်စီက ကြံစည်နေသည်ကို တွေ့ရပြီး မြောက်ဦးစျေး တစ်ခုလုံးကို မိုင်းရှင်းလင်းရေး လုပ်မည်ဟု အကြောင်းပြချက်ဖြင့် စျေးတစ်ခုလုံး ပိတ်ခိုင်းကာ ပြည်သူများ အလန့်တကြားနှင့် စိုးရိမ်မှုမြင့်အောင် ဆောင်ရွက်နေကြောင်း AA၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စက်တင်ဘာ ၄ရက်နေ့ ညမှစ၍ မြောက်ဦးစျေးအား မီးရှို့ရန် ကြံစည်သည့် လုပ်ရပ်များကို လုပ်ဆောင်ရန် စစ်ကောင်စီက ကြိုးစားနေကြောင်း AAက ထုတ်ပြန်သည်။ မြောက်ဦးမြို့အပါအဝင် မြောက်ဦးစျေးကို မှီခိုကာရောင်းဝယ်ဖောက်ကားနေကြသည့် ပြည်သူလူထုကို စားဝတ်နေရေး အခက်အခဲ အကျပ်အတည်း အငတ်ဘေးဆိုက်အောင် တမင်ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ကောင်စီက စျေးကို မီးရှို့ရန် ကြံစည်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

AA အနေဖြင့် ပြည်သူလူထုနှင့်နီးသည့်နေရာများ၊ မြို့၊ ရွာ၊ သမိုင်းဝင် စျေတီပုထိုးများ၊ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များရှိရာ နေရာများ၌ တပ်စခန်းချခြင်း၊ လက်နက်ကြီး စခန်းများ ပြုလုပ်ကာ ပစ်ခတ်တိုက်ခိုက်နေခြင်း တိုက်ပွဲများ ဖော်ဆောင်နေခြင်း စသည့် လုပ်ရပ်များကို မည်သည့်အခါတွင်မျှ လုပ်ဆောင်ခဲ့ခြင်းမရှိသည့်နည်းတူ ရက္ခိုင်လူမျိုးအတွက်သာမက ကမ္ဘာ့လူသားများအတွက်ပါ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးစားနေသည့် မြောက်ဦးမြို့နှင့် မြို့ပတ်ဝန်းကျင်ရှိ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်နေရာများကို အထူးအလေးဂရုပြု ရှောင်ကြဉ်ကြောင်း အသိပေးထားသည်။

သို့ရာတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲအတုများဖန်တီးကာ မြို့အတွင်း လူနေအိမ်များ၊ သမိုင်းဝင် စေတီပုထိုးများ၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ရှိရာ နေရာများသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟုလည်း​ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အသိုင်းအဝိုင်း၊ စစ်ရာဇဝတ် စောင့်ကြည့် ရေးအဖွဲ့များ၊ တာဝန်သိ ပြည်သူများ အနေဖြင့် စစ်ကောင်စီ၏ ယခုရက်များ ရက္ခိုင်ပြည် မြို့နယ်အသီးသီး၏ မြို့ပေါ်၌ သွားလာလှုပ်ရှားနေမှုများနှင့် လုပ်ရပ်များကို အထူးသတိထားစောင့်ကြည့်ရန် ၊ ၎င်းတို့ ကြံစည်နေသည့် မြောက်ဦးစျေးအား မီးရှို့မည့် အကြံအစည်များ အထမမြောက်ရအောင် စောင့်ကြည့်မှတ်တမ်းတင် ထားကြရန် AAက တောင်းဆိုထားသည်။

အကယ်၍ စစ်ကောင်စီအနေဖြင့် မြောက်ဦးစျေးအား မီးရှို့ခဲ့ပါက ယခုကဲ့သို့သော စစ်ရာဇဝတ်မှု ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု သမိုင်းအမွေအနှစ်များကို ဖျက်ဆီးသည့် ပြစ်မှု ကျူးလွန်ခြင်းမျိုးကို တချိန်ချိန်၌ အပြစ်ပေးအရေးယူနိုင်ရန်အတွက် နိုးနိုးကြားကြား သတိဖြင့်နေထိုင်သွားလာကြရန် နိုင်ငံတကာနှင့် ပြည်သူလူထုများသို့ AA က တိုက်တွန်းထားသည်။

ရက္ခိုင်၊ ပလက်၀ဒေသ တိုက်ပွဲများတွင်သာမက မြန်မာပြည်အနှံ့ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ အထိနာ၊ အကျအဆုံးများ၍ စိတ်ဓာတ်ပျက်ပြားနေသည့် စစ်ကောင်စီသည် ၎င်းတို့ လုပ်နေကျ လုပ်ရပ်များဖြစ်သည့်ပြည်သူလူထုကိုပစ်မှတ်ထား တိုက်ခိုက်ခြင်း ၊ အပြစ်မဲ့ ပြည်သူများကို အကြောင်း အမျိုးမျိုးပြ ဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရပ်ရွာများကို မီးရှို့ ဖျက်ဆီးခြင်း စသည့် လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်လျက်ရှိပြီး ဤသို့သော စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်များကို မြန်မာပြည်၏ နေရာအနှံ့၌ အထင်အရှားတွေ့မြင်နေရကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာနှင့် အာဆီယံတို့ အကြား သံတမန် ဆက်ဆံရေး အပါအဝင် အဖက်ဖက်၌ ယိုယွင်းကျဆင်းလျက်ရှိပြီး ပျက်သုဉ်းတိုင်းပြည် အဖြစ်သို့ ဦးတည်နေကာ မြန်မာပြည်သူ လူထု တစ်ရပ်လုံးမှာလည်း အခက်အခဲ အကျပ်အတည်းမျိုးစုံ စိုက်ရောက်နေသည် အချိန်ဖြစ်သည်ဟု AAက ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မနက်က မောင်းထောင် မီးရှို့အင်အား ၁၅ဦးလောက်ရှိတယ်။ စစ်ကူကတော့ စစ်ကား၃စီး အင်အားအပြည့်ဖြစ်ပါတယ်။"ဟု နယ်ခံတစ်ဦးက ပြောသည်။

သတင်း

ဩဂုတ်အတွင်း စစ်ကောင်စီတပ်က လေကြာင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့၍ အရပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ဒစ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

"ကျနော်တို့သည် ပြည်သူအချို့ကိုငဲ့ညှာပြီး ရှောင်လိုက်ရတဲ့အတွက် လိုအပ်တဲ့ပစ်မှတ်ကို မပစ်နိုင်ခဲ့ဘူး"ဟု MYF က အသိပေးသည်။

သတင်း

ထို့အပြင် မြောင်နယ် ဘူးကိုင်းရွာကို စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ဝင်ရောက်လာကာ ဒေသခံပြည်သူနှစ်ဦးကို ဖမ်းဆီးထားပြီး တစ်ဦးမှာ အပြင်းအထန်ရိုက်နှက်ခံထားရကြောင်း CDSOM အဖွဲ့က ပြောသည်။