Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုတလင်နယ် မောင်းထောင်ရွာကို စစ်ကောင်စီတပ် မီးဝင်ရှိူ့ပြီး ဒေသခံပြည်သူသုံးဦးကို သတ်ဖြတ်

မနက်က မောင်းထောင် မီးရှို့အင်အား ၁၅ဦးလောက်ရှိတယ်။ စစ်ကူကတော့ စစ်ကား၃စီး အင်အားအပြည့်ဖြစ်ပါတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။

ဘုတလင်နယ်
ဘုတလင်နယ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ရှိ မောင်းထောင်ကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက် အကြမ်းဖက်မီးရှို့၍ နေအိမ်၂ဝခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ သုံးဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (စက်တင်ဘာလ ၅ ရက်) နံနက်ပိုင်းက ဘုတလင်မြို့နယ်၊ မောင်းထောင်ကျေးရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့ရာတွင် နေအိမ် ၂၀မီးလောင်ပြီး ပြည်သူသုံးဦးအသတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်ကလည်း ဘုတလင်မြို့နယ် အနောက်ဇီးတောရွာသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူနှစ်ဦး ထိမှန်၍ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

“ဘုတလင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ပျူများဟာ မင်းကင်းပန်းဆက်က ပျူများ ဖြစ်ပါတယ်။ ကလိမ်ကကျစ်အကျဆုံးဖြစ်ပါတယ်။

မနက်က မောင်းထောင် မီးရှို့အင်အား ၁၅ဦးလောက်ရှိတယ်။ စစ်ကူကတော့ စစ်ကား၃စီး အင်အားအပြည့်ဖြစ်ပါတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။

ဘုတလင်မြို့နယ်တွင် မင်းကင်းနယ်မှတစ်ဆင့် စစ်ကောင်စီတပ်နှင့်ပျူများ စစ်ကြောင်းထိုးဖျက် ဆီးမှုများ ပြုလုပ်လေ့ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲ ဖြစ်စဥ်များအရ ထီး​ပေါ်ဆိုအုပ်စု၊ ငွေ​တောင် ရွာသစ်​ကျေးရွာတွင် ယခုလ ၃ရက်မှ ၅ရက်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ(၅)ကြိမ် ဖြစ်ပွားခဲ့သည် ဟု ဆိုသည်။

သတင်း

ဩဂုတ်အတွင်း စစ်ကောင်စီတပ်က လေကြာင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့၍ အရပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ဒစ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

ပြည်သူလူထုတိုင်းကို ရန်သူဟု သဘောထားကာ မလုပ်သင့် မလုပ်ထိုက်သော အလုပ် များကို မလုပ်သင့်သော နည်းလမ်းများဖြင့် အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိကြောင်း AA၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သတင်း

"ကျနော်တို့သည် ပြည်သူအချို့ကိုငဲ့ညှာပြီး ရှောင်လိုက်ရတဲ့အတွက် လိုအပ်တဲ့ပစ်မှတ်ကို မပစ်နိုင်ခဲ့ဘူး"ဟု MYF က အသိပေးသည်။