Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမိတ် – မိုးကုတ်လမ်း မြေပြိုပြီး လမ်းပိတ်ဆို့မှုဖြစ်နေ၍ ခရီးသွားများသတိပြုကြရန် သတိပေး

“မနေ့က ညနေက လာတဲ့ကားတွေ၊ဆိုင်ကယ်တွေပြန်လှည့်သွားရတယ်။ မြေပြိုတာက သုံးလေး မိုင်လောက်အထိ ရှည်တယ်”ဟု အဆိုပါ ဒေသခံက ပြောသည်။

မြေပြိုနေမှု မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
မြေပြိုနေမှု မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

မိုးသည်းထန်းစွာရွာပြီးနောက် မိုးမိတ် – မိုးကုတ် လမ်းပိုင်းတွင် မြေပြိုနေပြီး နေရာအချို့တွင် လမ်းပိတ်ဆို့မှုဖြစ်နေ၍ ခရီးသွားများ သတိပြုကြရန် ဒေသခံများက သတိပေးသည်။

မိုးမိတ်နှင့် မိုးကုတ်မြို့ကြားရှိ လွယ်ဆာကျေးရွာအနီးတွင် ယမန်နေ့(စက်တင်ဘာ ၅ရက်)က မိုးသည်းထန်စွာရွာခဲ့ပြီး မြေပြိုနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က ညနေက လာတဲ့ကားတွေ၊ဆိုင်ကယ်တွေပြန်လှည့်သွားရတယ်။ မြေပြိုတာက သုံးလေး မိုင်လောက်အထိ ရှည်တယ်”ဟု အဆိုပါ ဒေသခံက ပြောသည်။

မြေပြိုနေမှု မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
မြေပြိုနေမှု မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – CJ

မိုးမိတ်နှင့် မိုးကုတ်မြို့တွင် ယမန်နေ့ နေ့လည်မှ ညနေအထိ မိုကောင်းခဲ့ခြင်းဖြစ်သည်။ လတ်တလောတွင် ဒေသအများစု မိုးကောင်းနေပြီး ရှမ်းပြည်နယ် တောင်ပိုင်း တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့နေရာအချို့တွင်လည်း ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။

လတ်တလောရာသီဥတုအခြေအနေအရ ရေကြီးမှုနှင့်မြေပြိုမှုဘေးကို သတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။

စက်တင်ဘာလ ၈ ရက်မှစတင်ကာ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု အ ဖြစ်ပေါ် လာနိုင်ပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း၊ဒေသအများစုမိုးများနိုင်၍ ရေဘေးသတိပြုကြရန် သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မုံရွာမြို့ရှိ မြန်မာ့သစ်လုပ်ငန်းကိုလည်း တိုင်းပြည်သယံဇာတများ စည်းကမ်းမဲ့ ထုတ်ယူရောင်းချနေ၍ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့က ဖောက်ခွဲသတိပေးမှုများ ပြုလုပ်ခဲ့ဖူးသည်။

သတင်း

မုံရွာ - မန္တလေးလမ်းသည် စစ်ကိုင်းတိုင်းအတွင်းနှင့် မကွေးတိုင်းသို့ ကူးသန်းဆက်သွယ်သွားလာရာ အဓိက အကျဆုံးလမ်းမကြီးတစ်ခုဖြစ်ကာ စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်းလည်း ဒေသတွင်း PDFအဖွဲ့များက လမ်းတစ်လျှောက် တော်လှန်တိုက်ခိုက်လျက်ရှိသည်။

သတင်း

"တိုက်ပွဲတွင်မသေပျောက်ဘဲ တောတွင်း၌ ငါးရက်လုံးလုံး ထမင်းမစားရဘဲ မိမိတပ်ဖွဲ့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်"ဟု PLA က ထုတ်ပြန် သည်။

သတင်း

အချို့သောအုပ်ချုပ်ရေးမှူးများသည် ပြည်သူကိုဒုက္ခမပေးဘဲ ကာကွယ်စောင့်ရှောက်ပါ့မည်ဟု ကတိသစ္စာခံသည်ကိုလည်းတွေ့ရှိရသည်ဟု ဆိုသည်။