Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့နယ် သုံးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိ

တိုက်ပွဲ ဖြစ်စဥ်များအရ ထီး​ပေါ်ဆိုအုပ်စု၊ ငွေ​တောင် ရွာသစ်​ကျေးရွာတွင် ယခုလ ၃ရက်မှ ၅ရက်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ(၅)ကြိမ် ဖြစ်ပွားခဲ့သည် ဟု ဆိုသည်။

(သုံးရက်တာ တိုက်ပွဲဖြစ်စဥ်မှ ဓာတ်ပုံမှတ်တမ်းများဖြစ်သည်။ဓာတ်ပုံ DMO Local PDF)
(သုံးရက်တာ တိုက်ပွဲဖြစ်စဥ်မှ ဓာတ်ပုံမှတ်တမ်းများဖြစ်သည်။ဓာတ်ပုံ DMO Local PDF)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်တွင် သုံးရက်ကြာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး စစ်ကား တစ်စီး ​မြောင်းထဲထိုးကျပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO Local PDF)က ယနေ့ (စက်တင်ဘာ ၆ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်များအရ ထီး​ပေါ်ဆိုအုပ်စု၊ ငွေ​တောင် ရွာသစ်​ကျေးရွာတွင် ယခုလ ၃ရက်မှ ၅ရက်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ(၅)ကြိမ် ဖြစ်ပွားခဲ့သည် ဟု ဆိုသည်။

စက်တင်ဘာ ၃ရက်​က ငွေ​တောင်ရွာသစ်​ကျေးရွာတွင် စစ်​ကောင်စီတပ်ဖွဲ့ယာဥ်တန်းကို ပူး​ပေါင်းတပ်ဖွဲ့မှ နံနက် ၄နာရီအချိန်တွင် သွား​ရောက်တိုက် ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ​စစ်​ကောင်စီတပ်ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဖော်ပြသည်။

(သုံးရက်တာ တိုက်ပွဲဖြစ်စဥ်မှ ဓာတ်ပုံမှတ်တမ်းများဖြစ်သည်။ဓာတ်ပုံ DMO Local PDF)
(သုံးရက်တာ တိုက်ပွဲဖြစ်စဥ်မှ ဓာတ်ပုံမှတ်တမ်းများဖြစ်သည်။ဓာတ်ပုံ DMO Local PDF)

ထို့နောက် စက်တင်ဘာ ၄ရက်တွင် ​​ငွေ​တောင်ရွာသစ်​ကျေးရွာမှ ဒီးမော့ဆိုမြို့ဘက်သို့ဦးတည်လာ​သော စစ်​ကောင်စီယာဥ်တန်းကို ပူးပေါင်းတပ်ဖွဲ့မှ နံနက်ပိုင်းအချိန်တွင် ထပ်မံသွား​ရောက်တိုက်ခိုက်ခဲ့ကာ ည​နေ ၅ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးထိမှန်မှုကြောင့် စစ်​ကောင်စီတပ် ကားတစ်စီး ​မြောင်းထဲထိုးကျပျက်စီးခဲ့သည်။

“(၆၀) မမ သုံးပြီး ပစ်တာ။အဲဒီအချိန် စခ တွေ ခွေးပြေးဝက်ပြေးထွက်ပြေးနေခဲ့ရတာ။လက်ရှိတော့ ဖရူဆို-ဒီးမော့ဆို လမ်းပိုင်းမှာ စခ ဘက်က ကင်းပုန်းတွေ အများကြီးချထားတယ်”ဟု DMO Local PDF မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့ကလည်း ​​ငွေ​တောင်ရွာသစ်​ကျေးရွာရှိ ပြည်သူ​နေအိမ်တွင် တပ်စွဲထား​သော အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ကို ​နေ့လည် ၁၂နာရီခန့်တွင် RPG (၂)လုံးအနီးကပ် စတင်ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်​​ကောင်စီတပ်ဖက်မှ ​ထိခိုက်​သေဆုံးမှုရှိခဲ့ကြောင်း အသိပေးသည်။

အဆိုပါတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ် ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ဗျူ ဟာ(၃)၊ မဟာမိတ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နဲ့ အလယ်ပိုင်းတိုင်း (၁၁၀၆) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း DMO Local PDF တပ်ဖွဲ့ဖက်မှ ရဲ​ဘော်တစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။

(သုံးရက်တာ တိုက်ပွဲဖြစ်စဥ်မှ ဓာတ်ပုံမှတ်တမ်းများဖြစ်သည်။ဓာတ်ပုံ DMO Local PDF)
(သုံးရက်တာ တိုက်ပွဲဖြစ်စဥ်မှ ဓာတ်ပုံမှတ်တမ်းများဖြစ်သည်။ဓာတ်ပုံ DMO Local PDF)

လက်ရှိတွင် စစ်​ကောင်စီတပ်သည် ဖရူဆို-ဒီး​မော့ဆို လမ်းမကြီးတစ်​လျှောက်နှင့် ၎င်းတပ်ခွဲထား​သော ​ကျေးရွာအတွင်း နင်းမိုင်းအများအပြား​ထောင်ထားခဲ့ကြောင်း သိရသည်။

​ငွေ​တောင်အ​ခြေစိုက် ခလရ(၁၀၂)တပ်ရင်းမှ ​ကောင်စီတပ်ဖွဲ့သည် ​ည ၉နာရီခန့်တွင် လက်နက်ကြီး(၄) လုံးထက်မနည်း ​ဒီး​မော့ဆိုမြို့နယ် အ​နောက်ဖက်ခြမ်းတွင် ​နေ့စဥ်ပစ်ခတ်မှုရှိခဲ့​သော​ကြောင့် ဒေသခံပြည်သူလူထုအ​နေဖြင့် လုံခြုံ​ရေးကို အထူးဂရုစိုက်ရန် DMO Local PDF က တိုက်တွန်းသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်သူများနဲ့အတူ မိုးတွင်းကာလ ဗွက်ထနေသည့် လမ်းများကို ပြုပြင်နေသည်ဟု ဓာတ်ပုံမှတ် တမ်းများနှင့်အတူ ထုတ်ပြန်ထားသည်။

သတင်း

ဦးတင်ကိုကိုဟာ အာဏာသိမ်းတဲ့ ရက်ကတည်းက ဖမ်းဆီးခံထားရသူဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းလည်းကလည်း ထောင်ဒဏ် ၂ နှစ်ချခံထားရသူဖြစ်ပါတယ်။

သတင်း

မနက်က မောင်းထောင် မီးရှို့အင်အား ၁၅ဦးလောက်ရှိတယ်။ စစ်ကူကတော့ စစ်ကား၃စီး အင်အားအပြည့်ဖြစ်ပါတယ်။"ဟု နယ်ခံတစ်ဦးက ပြောသည်။

သတင်း

ဩဂုတ်အတွင်း စစ်ကောင်စီတပ်က လေကြာင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့၍ အရပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ဒစ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။