Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခုခံစစ် တစ်နှစ်အတွင်း ထိခိုက်နစ်နာခဲ့ရမှုများ သင်ခန်းစာယူပြီး လူထုလိုလားသည့် ပန်းတိုင် အမြန်ရရေး အားတင်းကြိုးစားရမည်ဟု ယာယီသမ္မတပြော

မနက်ဖြန် ကျရောက်မည့် ပြည်သူ့ခုခံတော်လှန်စစ်ကြေညာသည့် တစ်နှစ်ပြည့်၌လည်း နိုင်ငံတော်ယာယီသမ္မတက နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ခုခံစစ် တစ်နှစ်အတွင်း ထိခိုက်နစ်နာခဲ့ရမှုများ သင်ခန်းစာယူပြီး လူထုလိုလားသည့် ပန်းတိုင် အမြန်ရရေး အားတင်းကြိုးစားရမည်ဟု ယာယီသမ္မတပြော
ခုခံစစ် တစ်နှစ်အတွင်း ထိခိုက်နစ်နာခဲ့ရမှုများ သင်ခန်းစာယူပြီး လူထုလိုလားသည့် ပန်းတိုင် အမြန်ရရေး အားတင်းကြိုးစားရမည်ဟု ယာယီသမ္မတပြော

▪️တော်လှန်ရေးကြာနေသည့်အပေါ် မချင့်မရဲဖြစ်ရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကြေညာခဲ့သည့် ပြည်သူ့ခုခံတော်လှန်စစ်သည် မနက်ဖြန် စက်တင်ဘာ ၇ရက်တွင် (၁)နှစ်ပြည့်မည်ဖြစ်ရာ တစ်နှစ်အတွင်း အောင်မြင်မှုများ စိန်ခေါ်မှုများ ထိခိုက်နစ်နာမှုများ ရှိခဲ့ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

“ မိမိတို့အနေနဲ့ အဆိုပါ ထိခိုက်နစ်နာခဲ့မှုများကို သင်ခန်းစာအဖြစ်ယူပြီး စိန်ခေါ်မှုများကို ကျော်လွှားကာ ပြည်သူလူထုများ လိုလားမျှော်မှန်း နေတဲ့ ပန်းတိုင်ကို အမြန်ဆုံးရရှိအောင် ဆက်လက်အားတင်းပြီး ကြိုးစားရမှာ ဖြစ်ပါတယ်’ ဟု ယာယီသမ္မတက ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ (၆၆)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။

မနက်ဖြန် ကျရောက်မည့် ပြည်သူ့ခုခံတော်လှန်စစ်ကြေညာသည့် တစ်နှစ်ပြည့်၌လည်း နိုင်ငံတော်ယာယီသမ္မတက နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် အပြစ်မဲ့ ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်ပြီး တိုင်းပြည်မှ ထွက်ပြေးသွားအောင် နှင်ထုတ်နေသည်ကို တွေ့ရကြောင်း ယာယီသမ္မတက ပြောသည်။

“ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရက နိုင်ငံပြင်ပကို အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာသွားတဲ့ တို့နိုင်ငံသားများကို ကူညီစောက်ရှောက်နိုင်ဖို့ လုပ်ဆောင်ပေး နေတဲ့ အစိုးရဖြစ်ပါတယ်။ ကာကွယ်ပေးဖို့လည်း တာဝန်ရှိ ပါတယ်”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘ပြည်သူ့ဘဏ္ဍာ တွေကို ကိုယ့်အတ္တအတွက် စိတ်ကြိုက်ချယ်လှယ် ခွင့်ရနေတဲ့ စစ်ကောင်စီဟာ အင်အားစုံသုံးပြီးတာတောင် ပြည်သူတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေကို (၁)နှစ်ကျော် ကာလအတွင်း ဖြိုချလို့ မရသေးဘူး။ ဒါကိုကြည့်ရင် ကျွန်တော်တို့ဟာအောင်ပွဲဆီကို လျှောက်လှမ်းနေတယ်ဆိုတာ ငြင်းလို့မရဘူး။ ဒါပေမယ့် ကျွန် တော်တို့ ဒါ့ထက်မြန်မြန် လျှောက်လှမ်းဖို့ လိုတယ်။ တော်လှန်ရေးကြာလေ ပြည်သူနာလေ တိုင်းပြည်နာလေမို့ ဒီလောက်ထိ ရှည်ကြာလာတာကိုတောင် ကျွန်တော်တို့ အနေနဲ့ မချင့်မရဲဖြစ်ရ ပါတယ်။”ဟု ပြောကြားသည်။

တော်လှန်ရေး၌ ပြည်ပအကူအညီ မရသေးသည့် အခြေအနေတွင် ကြိုးစားရှာဖွေပေးနေသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊နည်းလမ်း မျိုးစုံနှင့် တော်လှန်ရေး ရံပုံငွေများ ထည့်ဝင်ပေးနေသည့် ပြည်တွင်းပြည်ပက ပြည်သူများကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

“ဒီတစ်ပတ်အတွင်းမှာ ကျွန်တော်တို့ မဟာမိတ်တချို့နဲ့ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ကြတဲ့အခါမှာလည်း တော်လှန်ရေးအပေါ် ထားရှိတဲ့ သဘောထား တွေက တော့အားလုံးတူညီနေကြတာ တွေ့ရပါတယ်။ ဘုံသဘောတူညီချက်တွေလည်း ရှိကြတာမို့ ခရီး ဆက် ကြရပါမယ်။”ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“မိမိတို့အစိုးရအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်မှုများမှာ ယုံကြည်မှုပိုမိုတိုးတက်လာအောင်၊ ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုတိုးတက်လာအောင် အစွမ်းကုန်ကြိုးပမ်းကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆိုသည်။

သတင်း

ကရင်နီပြည်နယ်၌ ရဟတ်ယာဥ်ဖြင့် လူထုကိုပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်သည်မှာ ယခုအကြိမ် အပါအဝင် လေးကြိမ်ဖြစ်ပြီး အရပ်သား လေးဦးသေဆုံးခဲ့သည်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌ ဦးအောင်ကြည်ညွန့်ကလည်း ယခုနွေဦးတော်လှန်ရေးတွင် ခေတ်အဆက်ဆက်တိုင်းပြည်ကို ဖျက်ဆီးခဲ့သောစစ်အာဏာရှင်များနှင့် အပေါင်းအပါများကို အမြစ်ဖြတ်ရမည့် နောက်ဆုံးတိုက်ပွဲအဖြစ် ကြိုးပမ်းသွားရမည်ဟု တိုက်တွန်းသည်။

သတင်း

ထိုသို့အပ်နှင်းခံလိုက်ရသည့် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး အနေဖြင့် အဆိုပါ စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းခွင့်အာဏာကို အရာရှိတစ်ဦးဦးသို့ အမိန့်စာနှင့်လွှဲအပ်နိုင်ကြောင်းလည်းဖော်ပြထားသည်။