Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူမြို့နယ်တွင် ပျူစောထီးသင်တန်းပေးနေသည့်ရွာကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်

ထို့အပြင် ဆက်ကြေးမ​ပေး​ဆောင်​သည့်အိမ်ကို သစ္စာ​ဖောက်အဖြစ် သတ်မှတ်ကာ အာဏာရှင် တော်လှန်ရေးတွင်တက်ကြွလှုပ်ရှားသူအချို့၏ ​နေအိမ်​များကို ဝင်​ရောက်ဖျက်ဆီးကာ ပစ္စည်း​များယူ​​ဆောင်ကြောင်း သိရသည်။

ဓာတ်ပုံ - လင်းယုန်နီ ကန့်ဘလူတပ်ဖွဲ့မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်
ဓာတ်ပုံ - လင်းယုန်နီ ကန့်ဘလူတပ်ဖွဲ့မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

ပျူစောထီး ခုနှစ်ဦးသေဟုဆို

စစ်ကောင်စီက စခန်းအထိုင်ချ၍ ပျူစောထီးသင်တန်းပေးနေသည့် လယ်လှကျေးရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များပူးပေါင်းတိုက်ခိုက်ရာ ပျူ ခုနှစ်ဦးသေဆုံးကြောင်း လင်းယုန်နီကန့်ဘလူက ယနေ့(စက်တင်ဘာ ၆ရက်)ထုတ်ပြန်သည်။

ကန့်ဘလူမြို့နယ်​ တောင်ခြမ်းတွင်ရှိသော ပျူစောထီးသင်တန်းကို စက်တင်ဘာ ၃ ရက်​နှင့် စက်တင်ဘာ ၅ ရက်​တို့တွင် Kanbalu Under ground Warriors ၊ MPF U – 18 ၊ ကန့်ဘလူ စွန်ရဲ နှင့် လင်းယုန်နီ ကန့်ဘလူအဖွဲ့တို့မှ ပူး​ပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပူးပေါင်းအဖွဲ့များက ဒရုန်း ၊ (၆၀)မမ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် ပျူစောထီးခုနစ်​ဦးသေဆုံးသွားသည့်အပြင် တစ်ဦးမှာ မျက်လုံးကျွတ်သွား​၍ လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြသည်။

ထန်းကုန်းတိုက်နယ် လယ်လှရွာတွင် စစ်​ကောင်စီတပ်မှ တပ်အထိုင်ချထားကာ ပျူစောထီးသင်တန်း​ပေး​နေသည့်အပြင် ပျူစောထီးများမှ ​ကျေးရွာထဲရှိ ​နေအိမ်တအိမ်လျင် ​ကျပ် နှစ်သောင်း​ ဆက်​ကြေးကောက်ခံ​ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် ဆက်ကြေးမ​ပေး​ဆောင်​သည့်အိမ်ကို သစ္စာ​ဖောက်အဖြစ် သတ်မှတ်ကာ အာဏာရှင် တော်လှန်ရေးတွင်တက်ကြွလှုပ်ရှားသူအချို့၏ ​နေအိမ်​များကို ဝင်​ရောက်ဖျက်ဆီးကာ ပစ္စည်း​များယူ​​ဆောင်ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း နွားထိုးကြီး PDFက အသိပေးသည်။

သတင်း

ယမန်နေ့ကလည်း ရွှေကူ​မြို့နယ်တွင် စစ်ကောင်စီ၏ တပ်မ(၈၈)လက်အောက်ခံ ခလရ(၇၇) အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုများနိုင်ကြောင်း မြို့လှ K-PDFက ထုတ်ပြန်ထားသည်။

သတင်း

ပြည်သူများနဲ့အတူ မိုးတွင်းကာလ ဗွက်ထနေသည့် လမ်းများကို ပြုပြင်နေသည်ဟု ဓာတ်ပုံမှတ် တမ်းများနှင့်အတူ ထုတ်ပြန်ထားသည်။

သတင်း

ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် ကန်နက်ရွာရှိ နေအိမ် နှစ်လုံး၊ အိုးဘိုရွာရှိ နေအ်ိမ် ၁၄လုံး စုစုပေါင်း ၁၆လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။