Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူမြို့နယ် သာယာကုန်းရွာတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေ၊ ငါးဦးထက်မနည်းဒဏ်ရာရဟု မြို့လှ KPDF ပြော

ယမန်နေ့ကလည်း ရွှေကူ​မြို့နယ်တွင် စစ်ကောင်စီ၏ တပ်မ(၈၈)လက်အောက်ခံ ခလရ(၇၇) အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုများနိုင်ကြောင်း မြို့လှ K-PDFက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့် နေအိမ်များအား ပြည်သူ့ကာ ကွယ်ရေး ရဲဘော်များက ကြည့်ရှု့နေစဥ်၊ ဓာတ်ပုံ - K -PDF
အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့် နေအိမ်များအား ပြည်သူ့ကာ ကွယ်ရေး ရဲဘော်များက ကြည့်ရှု့နေစဥ်၊ ဓာတ်ပုံ - K -PDF

ရွှေကူမြို့နယ် သာယာကုန်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ငါးဦးထက်မနည်းဒဏ်ရာရကြောင်း မြို့လှ KPDF က ထုတ်ပြန် သည်။

ယနေ့(စက်တင်ဘာ ၆ရက်) နံနက် ၈ နာရီ ၁၅မိနစ်ခန့်တွင် အင်အား ၇၀ကျော်ပါ စစ်ကောင်စီ၏ ခလရ(၇၇)စစ်ကြောင်းမှူးမုတ်ဆိတ် ဦးဆောင်သောအဖွဲ့မှာ မြိုင်ယာကျွန်းမှ သာယာကုန်းကျေးရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာစဥ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မြို့လှ KPDF တပ်ခွဲ (၁)မှ ဗိုလ်မိုးကြိုး ဦးဆောင်သော တပ်စိတ်မှူးလင်းဝါ ပါဝင်သောအဖွဲ့မှ မြိုင်ယာကျွန်းနှင့် သာယာကုန်းရွာကြားတွင် မိုင်းအကြီး၊ အငယ် နှင့် လေယာဥ်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီဘက်မှ မိုင်းကွင်းအတွင်း ဝင်ရောက်လာရာ သုံးဦးနေရာပင် သေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီဘက်မှ အထိနာကာ သာယာကုန်းရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ဝင်ရောက်ခဲ့ရာ အသက်(၆၀)ခန့် ကျေးရွာနေဒေသခံ အမျိုးသားတစ်ဦး ပေါင်၌ လက်နက်ကြီးကျည်အစ ထိမှန်ခဲ့ပြီး ကျေးရွာရှိ မီးရှို့ ဖျက်ဆီးခံရသည့် နေအိမ်တစ်လုံး အပါအဝင် နေအိမ် သုံးလုံး ပျက်စီးသည်။

တိုက်ပွဲကို အထိခိုက်မရှိဘဲ အချိတ်အဆက်မိမိဖြင့် အောင်မြင်စွာ အသာစီးရယူ တိုက်ခိုက်နိုင်ခဲ့ကြောင်း မြို့လှ KPDF က ပြောသည်။

ယမန်နေ့ကလည်း ရွှေကူ​မြို့နယ်တွင် စစ်ကောင်စီ၏ တပ်မ(၈၈)လက်အောက်ခံ ခလရ(၇၇) အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုများနိုင်ကြောင်း မြို့လှ K-PDFက ထုတ်ပြန်ထားသည်။

အဆိုပါစစ်ကောင်စီအဖွဲ့မှာ ဗန်းမော်မြို့သို့ လက်နက်ရိက္ခာပို့ဆောင်ခဲ့သည့် သင်္ဘောများကို မြစ်ကြောင်း တစ်လျှောက်လုံခြုံရေးရယူခဲ့သည့်အဖွဲ့ ဖြစ်ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါတိုက်ခိုက်မှုကြောင့် မိုင်းကွင်းအတွင်း ဝင်လာသည့် ၃ဦးနေရာတင်သေဆုံးပြီး ၅ဦးထက်မနည်းဒဏ်ရာရခဲ့ကြောင်း မြို့လှ KPDFက သတင်းထုတ်ပြန်သည်။

သတင်း

ထိုသို့ ပစ်ခတ်မှုကြောင့် သဲဖြူချောင်းလမ်းဆုံနှင့်နေရာအချို့သို့ လက်နက်ကြီးကျည်ကျရောက်ပြီး ကော်ဘရာစစ်သည် နှစ်ဦး မစိုးရိမ်ရသည့်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း နွားထိုးကြီး PDFက အသိပေးသည်။

သတင်း

ထို့အပြင် ဆက်ကြေးမ​ပေး​ဆောင်​သည့်အိမ်ကို သစ္စာ​ဖောက်အဖြစ် သတ်မှတ်ကာ အာဏာရှင် တော်လှန်ရေးတွင်တက်ကြွလှုပ်ရှားသူအချို့၏ ​နေအိမ်​များကို ဝင်​ရောက်ဖျက်ဆီးကာ ပစ္စည်း​များယူ​​ဆောင်ကြောင်း သိရသည်။