Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးအအဖွဲ့တွေရွာထဲလာရင် သတင်းပေးဖို့ ရွာသားတွေကိုစစ်တပ်က ခြိမ်းခြောက်

စက်တင်ဘာလ (၄)ရက်က စစ်ကောင်စီလက်အောက်ခံ(BGF – ၁၀၁၄)တပ်ရင်းက ကေအဲန်ယူ-ဖားအံမြို့နယ် တကောင်ဘိုးကျေးနယ်အုပ်စုအတွင်းရှိ တစ်လသူကြီးတွေကို မိတ္ထိလာ(ဘုရားကုန်း) BGF တပ်ခွဲ(၂)စခန်းကို ခေါ်ယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တော်လှန်ရေးအအဖွဲ့တွေရွာထဲလာရင် သတင်းပေးဖို့ ရွာသားတွေကိုစစ်တပ်က ခြိမ်းခြောက်
တော်လှန်ရေးအအဖွဲ့တွေရွာထဲလာရင် သတင်းပေးဖို့ ရွာသားတွေကိုစစ်တပ်က ခြိမ်းခြောက်

ဖားအံမြို့နယ်မှာ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့တွေက ဒေသခံရွာလူကြီးတွေကို ခေါ်ယူတွေ့ဆုံပြီး KNU/KNLA အပါအဝင် မိတ်ဖက်တော်လှန်ရေးအဖွဲ့ဝင်တွေ ရွာထဲဝင်ရောက်လာရင် သတင်းပေးပို့ဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

သတင်းမပေးရင် ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးမယ်လို့ခြိမ်းခြောက်တယ်လို့လည်းဆိုပါတယ်။

စက်တင်ဘာလ (၄)ရက်က စစ်ကောင်စီလက်အောက်ခံ(BGF – ၁၀၁၄)တပ်ရင်းက ကေအဲန်ယူ-ဖားအံမြို့နယ် တကောင်ဘိုးကျေးနယ်အုပ်စုအတွင်းရှိ တစ်လသူကြီးတွေကို မိတ္ထိလာ(ဘုရားကုန်း) BGF တပ်ခွဲ(၂)စခန်းကို ခေါ်ယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နယ်ခြားစောင့်တပ်က ရွာလူကြီးတွေကို ခေါ်ယူတွေ့ဆုံရာမှဋ KNU/ KNLA နဲ့ မိတ်ဖက်တော်လှန်ရေးအဖွဲ့ဝင်တွေ ကျေးရွာအတွင်း ဝင်ရောက်လာတာကို လက်မခံဖို့၊ ဝင်ရောက်လာခြင်းရှိပါက အချိန်နဲ့တပြေးညီ သတင်းပို့ဖို့နဲ့ သတင်းမပေးပါက ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျတ်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
Public Service Announcement

အဲ့ဒီနောက် စက်တင်ဘာလ(၄)ရက်နေ့ ညနေ(၄)နာရီ (၅၀)မိနစ်မှာ (BGF – ၁၀၁၄) တပ်ရင်းရဲ့ ညောင်ကုန်း BGF စစ်ဆေးရေးဂိတ်ကနေ ကျုံခနကျေးရွာထဲကို လက်နက်ကြီးလေးချက်ပစ်ခတ်ခဲ့ပြီး လူနေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကေအဲန်ယူကဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ(၂၇)ရက်နေ့ ညခုနှစ်နာရီကလည်း ညောင်ကုန်း BGF ဂိတ်က လက်နက်ကြီး (၆၀-မမ)နဲ့ ပစ်ခတ်ခဲ့မှုတွေရှိပြီး ကျုံခနနဲ့ ညောင်ကုန်းရွာကြား ကျရောက်ပေါက်ကွဲခဲ့ကာ အဲ့ဒီနေ့ည (၁၂)နာရီကျော်မှာလည်း ရမ်းသမ်းပစ်ခတ်ခြိမ်းခြောက်မှုတွေရှိခဲ့လို့ ကျုံခနရွာနဲ့ ညောင်ကုန်းရွာကြား(၁၀)လုံး၊ နောနော့ဝါးကျေးရွာထဲ တစ်လုံး ကျရောက်ခဲ့တာဖြစ်ပါတယ်။

အခုလို စစ်ကောင်စီလက်အောက်ခံ BGF ၁၀၁၄ တပ်ရင်းက အပြစ်မဲ့ပြည်သူတွေကို ခေါ်ယူခြိမ်းခြောက်တာ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲ ပစ်ခတ်ခြိမ်းခြောက်နေတာတွေကြောင့် ဒေသခံလူထုဟာ ထိတ်လန့်ကြောက်ရွံ့နေကြရတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၀၂)နဲ့ အမြှောက်တပ်ဖွဲ့တွေဟာ စက်တင်ဘာ(၅)ရက် ည(၈)နာရီခွဲက တစ်ကြိမ်၊ စက်တင်ဘာ(၆)ရက်နေ့ မနက်(၁၁)ခွဲကနေ (၁၂) နာရီအထိ လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း

အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်မှာတော့ စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူးအပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ကြပ်တစ်ဦးအပါအဝင် သုံးဦးဟာ ဂိတ်ချထားတဲ့နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ စက်လက်တွေနဲ့ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့တယ်လို့ SOF က ဆိုပါတယ်။

သတင်း

ပျူစောထီးပစ်ခတ်ခံရသည့် တက်တူရွာသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှု အားကောင်းရာ ရွာတစ်ရွာဖြစ်ပြီး မီးရှို့ဖျက်ဆီးမှုများလည်း ခံခဲ့ရဖူးသည်။