Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်အား ၇၀ကျော်ပါစစ်ကြောင်းကို မြို့လှ KPDF မိုင်းဆွဲ တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးပြီးဒဏ်ရာရ

အဆိုပါတိုက်ခိုက်မှုကြောင့် မိုင်းကွင်းအတွင်း ဝင်လာသည့် ၃ဦးနေရာတင်သေဆုံးပြီး ၅ဦးထက်မနည်းဒဏ်ရာရခဲ့ကြောင်း မြို့လှ KPDFက သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ပြီး​နောက်နယ်​မြေရှင်းလင်း​နေ​သော မြို့လှPDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-မြို့လှPDF
စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ပြီး​နောက်နယ်​မြေရှင်းလင်း​နေ​သော မြို့လှPDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-မြို့လှPDF

ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) မြို့လှတပ်ဖွဲ့ဝင်များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးပြီးဒဏ်ရာရသူများရှိကြောင်း မြို့လှ KPDFက သတင်းထုတ်ပြန်သည်။

ယနေ့စက်တင်ဘာ ၆ရက် နံနက်ကရွှေကူမြို့နယ် သာယာကုန်းရွာအနီးတိုက်ပွဲဖြစ်ရာ အင်အား ၇၃ ဦး ပါစစ်ကောင်စီတပ်ကို မြို့လှ KPDF တပ်ခွဲ (၁) ဗိုလ်မိုးကြိုး ဦးဆောင်သော တပ်စိတ်မှူး လင်းဝါ ပါဝင်သောအဖွဲ့မှ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ပြီး​နောက်​သွေးကွက်အချို့ကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-မြို့လှPDF
စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ပြီး​နောက်​သွေးကွက်အချို့ကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-မြို့လှPDF

အဆိုပါတိုက်ခိုက်မှုကြောင့် မိုင်းကွင်းအတွင်း ဝင်လာသည့် ၃ဦးနေရာတင်သေဆုံးပြီး ၅ဦးထက်မနည်းဒဏ်ရာရခဲ့ကြောင်း မြို့လှ KPDFက သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ပြီး​နောက်​သွေးကွက်အချို့ကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-မြို့လှPDF
စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ပြီး​နောက်​သွေးကွက်အချို့ကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-မြို့လှPDF

စစ်ကောင်စီဘက်မှ အထိနာကာ သာယာကုန်းရွာဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ဝင်ရောက်ခဲ့ရာ သက်ကြီးရွယ်အိုအမျိုးသားတစ်ဦးလက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

ထို့အပြင်စစ်ကောင်စီတပ်က ကျေးရွာရှိ ပြည်သူနေအိမ် ၁ လုံး မီးရှို့ခြင်း၊ နေအိမ် ၂ လုံး ရိုက်ဖျက်ခြင်း တို့လုပ်ဆောင်ခဲ့ကြောင်း၊တိုက်ခိုက်မှုအတွင်း မြို့လှ KPDFတပ်ဖွဲ့များအထိအခိုက်မရှိကြောင်း ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ကွတ်ခိုင်မှာက ည ၇နာရီခွဲလောက်ကစပြီး မြောက်ပိုင်းအဖွဲ့က လာတိုက်တာ။ သိန္နီမှာကျတော့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်နေတာ"ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

ထိုသို့ ပစ်ခတ်မှုကြောင့် သဲဖြူချောင်းလမ်းဆုံနှင့်နေရာအချို့သို့ လက်နက်ကြီးကျည်ကျရောက်ပြီး ကော်ဘရာစစ်သည် နှစ်ဦး မစိုးရိမ်ရသည့်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၀၂)နဲ့ အမြှောက်တပ်ဖွဲ့တွေဟာ စက်တင်ဘာ(၅)ရက် ည(၈)နာရီခွဲက တစ်ကြိမ်၊ စက်တင်ဘာ(၆)ရက်နေ့ မနက်(၁၁)ခွဲကနေ (၁၂) နာရီအထိ လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း နွားထိုးကြီး PDFက အသိပေးသည်။